နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၄/၉/၂၀၂၂)

စက်တင်ဘာ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရှိသမျှ ဆုဖလား အားလုံး သိမ်းမယ် ဆိုတဲ ဇာဗီ

အခုနှစ် လာလီဂါ မှာ ခြေစွမ်းပြနေပြီး ရှုံးပွဲ မရှိသေးတဲ့ ဘာစီလိုနာက ဒီနေ့မှာ ဆီဗီလာနဲ့ ကစားပြီး ၃ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲ မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဇာဗီက သူတို့ အသင်းက တရာသီ အတွင်း ရှိသမျှ ဆုဖလား အားလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ဖွင့်ဟခဲ့ပြီး ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့လည်း အားထုတ်မှုတွေကို ပိုမို ပြုလုပ်ရမယ်လို့ အသင်းသားတွေကို သတိပေးခဲ့ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး မာဆယ်လို ကတော့ ဂရိ ကလပ် အိုလံပီယာကော့စ်ကို ၁ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။
ဂရိကလပ် အိုလံပီယာကော့စ်ကို တစ်နှစ် စာချုပ်နဲ့ ပြောင်းရွှေခဲ့တဲ့ မာဆယ်လို

ဇာဗီက “ ကျွန်တော်တို့ ဆီဗီလာနဲ့ ခက်ခဲတဲ့ ပွဲတပွဲကို ကစားရမှာပါ၊ သူတို့ကွင်းမှာ အနိုင်ယူဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျနော်တို့သိပါတယ်၊ လိုပက်တက်ဂီ ကလည်း သူ့အသင်းကို ကောင်းကောင်း စီမံထားပြီး သူတို့ရဲ့ ရာသီအစ ရလဒ်တွေက ထိုက်တန်တဲ့ ပုံစံ မဟုတ်ဘူး ဆိုတာ ကိုလည်း နားလည်ထားပါတယ်၊ သူတို့တွေ ဒီထက် ပိုပြီးတော့ အမှတ်တွေ ရခဲ့သင့်တာပါ”

“ အသင်း အပြောင်းအရွှေ့ အတွက်လည်း ကျနော် သက်တောင့်သက်သာ ခံစားရပါတယ်၊ ကောင်းကောင်း စီမံနိုင်ပြီး ကိစ္စကြီးတွေကို လုပ်နိုင်ခဲ့တာပါ၊ ကျွန်တော်တို့က အခုဆိုရင် ပြိုင်ဆိုင်မှု ကောင်းကောင်း လုပ်နိုင်တဲ့ အသင်း ဖြစ်နေပါပြီ၊ ဒါကိုလည်း သက်သေပြနေပါတယ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီရာသီမှာ ဖလား အားလုံးကို ဆွတ်ခူးနိုင်ဖို့ပါ” လို့ ပြောဆိုခဲ့ပါတယ်။ ဘာဆာ ကတော့ ၄ ပွဲ ကစား အပြီးမှာ ၁၀ မှတ် ရရှိထားပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။


အိုလံပီယာကော့စ်ကို ပြောင်းရွှေ့သွားတဲ့ မာဆယ်လို

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ထဝင် ကစားသမားကြီး မာဆယ်လို ကတော့ ဂရိ ကလပ် အိုလံပီယာကော့စ်ကို ၁ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ အသက် ၃၄ နှစ် အရွယ် ဘယ်နောက်ခံလူဟာ ရီးရဲလ်နဲ့ စာချုပ် သက်တမ်း ပြည့်ခဲ့ပြီးနောက် အလွတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ဥရောပမှာ သူ့ရဲ့ ကစားသမားဘ၀ကို ဆက်လက် ကျင်လည်နေဦးမှာလည်း ဖြစ်ပါတယ်။

ဘာနေဗျူးမှာ အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့ပြီး အဓိကကစားသမား အဖြစ်နဲ့လည်း နှစ်ပေါင်းများစွာ ကစားပေးခဲ့တဲ့ မာဆယ်လိုကို ဘရာဇီးလ် ကလပ်တွေက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား ကတော့ ဥရောပမှာပဲ ဆက်ကစားချင်တာကြောင့် ငြင်းဆန်ခဲ့ပြီး ကမ်းလှမ်းမယ့် အသင်း မရှိပါက ကစားသမား ဘ၀ကနေ အနားယူဖို့ အထိပါ စီစဉ်ထားခဲ့ပေမယ့် စျေးကွက် နောက်ဆုံးနေ့မှာ အသင်းသစ် ရှာတွေ့ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် လက်စတာနဲ့လည်း သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ အိုလံပီယာကော့စ်နဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာဆယ်လိုကို ဥရောပမှာ ဆက်လက် မြင်တွေ့ရမှာ ဖြစ်လို့လည်း သူ့ကို သဘောကျတဲ့ ပရိသတ်တွေက ကျေနပ်နေကြပြီး ဂရိ မှာလည်း အောင်မြင်မှုတွေ ရရှိစေဖို့အတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြပြီး အမြဲတမ်း အားပေးနေမယ် လို့လည်း ပြောဆိုခဲ့ကြပါတယ်။


ဘာစီလိုနာ ပရိသတ်တွေ အတွက် အော်ဘာမီယန်ရဲ့ နှုတ်ဆက်စာ

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး ပီရဲယ် အန်းမရစ်ခ် အော်ဘာမီယန်က အသင်းဟောင်း ဘာဆာ ပရိသတ်တွေကို နှုတ်ဆက် စကား ဆိုလိုက်ပါတယ်။ ဂါဘွန်း တိုက်စစ်မှူးဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ၈ လကြာ ကစားခဲ့တဲ့ နူးကမ့်ကို စွန့်ခွာခဲ့ပြီး လန်ဒန်ကို ပြန်လည် ရောက်ရှိသွားခဲ့ကာ ကစားသမား ဘ၀ သစ် တခုကို စတင်ရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
ချဲလ်ဆီး
1X2 ဖူလ်ဟမ် @ 4.90
ဂိုးပေါ် 2.75 @ 1.95
ပထမပိုင်း ဂိုးပေါ် 1.00 @ 1.76
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာအတွက် ၂၄ ပွဲမှာ ၁၃ ဂိုး အထိ အော်ဘာမီယန်က သွင်းယူကာ ခြေစွမ်းပြခဲ့ပေမယ့် ဒီရာသီမှာ လီဝမ်ဒေါစကီး ရောက်ရှိလာတာကြောင့် ဒုတိယဦးစားပေး တိုက်စစ်မှူး အဖြစ်သာ ကစားရဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ နှစ်အတန်ကြာ ကစားဖူးတဲ့ အော်ဘာမီယန်းက အာဆင်နယ်ရဲ့ လန်ဒန်ဒါဘီ ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အသင်းဟောင်းနဲ့ ပြန်ဆုံတွေ့မယ့် ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းလာမှာ သေချာပါတယ်။

“ ခင်ဗျား တို့နဲ့အတူ ၆ လလောက် ကြာခဲ့ပါတယ်၊ ဒါပေမယ့် ၆ နှစ်လောက်လို့ ကျွန်တော် ခံစားရပြီး ကျွန်တော် ရရှိခဲ့တာတွေက မယုံနိုင်စရာပါပဲ၊ အထူးသဖြင့် ဒီရက်တွေမှာ အားလုံး အတွက် ကျွန်တော် အကောင်းဆုံး ဆုတောင်းပေးပြီး မကြာခင်မှာ ပြန်တွေ့ရမယ် လို့လည်း မျှော်လင့်ပါတယ်၊ အော်ဘာ မိသားစုက ကျေးဇူးတင်ပါတယ်” လို့ အော်ဘာမီယန်က သူ့ရဲ့ လူမှုကွန်ရက် ကနေ ရေးသား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်