နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ မနက်ခင်းအထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗယ်လ်ဗာဒီ ၁၀ ဂိုးမသွင်းရင် နည်းပြဘ၀ ကနေ အနားယူသင့်ပြီလို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ

လိုက်ဇစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ ဂိုးရဖို့ အတွက် အခက်တွေ့နေချိန်မှာ အသင်းကို ကယ်တင်ပေးခဲ့သူက ကွင်းလယ်လူ ဗယ်လ်ဗာဒီ ဖြစ်ပါတယ်။ မာယော့ကာနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာလည်း အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ကွင်းလယ် ကနေ တောက်လျှောက် ဆွဲပြေးပြီး သွင်းယူပေးခဲ့တဲ့ ဗယ်လ်ဗာဒီက လိုက်ဇစ်ဘက် ကိုလည်း အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အန်ဆယ်လော့တီက “ ပွဲကောင်း တစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး၊ ကျနော်တို့ ဂျာမန် အသင်းတွေနဲ့ ဆိုရင် မကစားချင်ဘူး၊ သူတို့က အရမ်း တောင့်တင်း သန်မာပြီးတော့ ကစားပုံ ကောင်းလွန်းတယ်၊ ဒါကြောင့်လည်း ကျနော်တို့ ပွဲကို ကောင်းကောင်း မကစားနိုင်ခဲ့ဘူး၊ သူတို့ကို ကျနော်က ဒီလို အဆင့်မှာ ကစားပုံ ကောင်းရမယ် လို့တော့ မပြောထားပါဘူး၊ ညဏ်ရည်၊ ညဏ်သွေး ကစားဖို့ပဲ ပြောထားတာပါ”

“ ပြီးခဲ့တဲ့ ရာသီက ဗယ်လ်ဗာဒီက သွင်းဂိုး တစ်ဂိုးပဲ ရခဲ့ပါတယ်၊ ကျနော့် အထင် စူပါဖလားပွဲမှာ ထင်တယ်၊ တကယ်လို့ ဒီလို ကစားသမားမျိုး ဆီကနေ ဒီရာသီမှာ အနည်းဆုံး ၁၀ ဂိုး မရရင် နည်းပြ ဘ၀ကနေ အနားယူသင့်တယ်လို့ ကျနော် ထင်တယ်၊ ဘာလို့လဲ ဆိုတော့ သူ့ခြေစွမ်းက တော်တော်လေး ကောင်းမွန်နေလို့ပါ၊ ဒီညမှာလည်း သူ့ဘယ်ခြေနဲ့ သွင်းဂိုး တစ်ဂိုးယူပေးခဲ့ပါတယ်၊ သူ ဒီလိုသွင်းတာမျိုး ကျနော် မမြင်ဖူးဘူး၊ သူ့ရဲ့ ယုံကြည်မှုနဲ့ အရည်အသွေးကို မြင်ခဲ့ရတာပါ၊ ဒီထက်မက သူ လုပ်နိုင်ပါသေးတယ်” လို့ ပြောဆိုခဲ့ပါတယ်။


လူစားမဝင်ခဲ့ရလို့ ဒေါသထွက်ခဲ့ပေမယ့် သူ့အရည်အသွေးကို သက်သေပြခဲ့တဲ့ အဆန်စီယို

မာယော့ကာနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ သူ့ကို လူစားဝင်ခိုင်းဖို့ ပြင်ဆင်ခိုင်းပြီးမှ အရန်ခုံပေါ် ပြန်ထိုင်ခိုင်းခဲ့လို့ ဒေါသထွက်ခဲ့တဲ့ အဆန်စီယိုဟာ လိုက်ဇစ်နဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
လိုက်ပ်ဇစ်နဲ့ ပွဲမှာ ရီးရဲယ်မက်ဒရစ် အတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ အဆန်စီယို

မာယော့ကာနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ သူ့ကို လူစားဝင်ခိုင်းဖို့ ပြင်ဆင်ခိုင်းပြီးမှ အရန်ခုံပေါ် ပြန်ထိုင်ခိုင်းခဲ့လို့ ဒေါသထွက်ခဲ့တဲ့ အဆန်စီယိုဟာ လိုက်ဇစ်နဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲ မှာလည်း အဆန်စီယိုက လူစားဝင်လာခဲ့ပြီးနောက် သွင်းဂိုး ၁ ဂိုးနဲ့ အတူ အသင်းကို အနိုင် သေချာစေခဲ့ပြီး အားလုံးဆီက ယုံကြည်မှုကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

ဘာနေဗျူးကနေ ထွက်ခွာဖို့ အထိ သတင်းတွေ ထွက်နေခဲ့တဲ့ အဆန်စီယိုဟာ ပုံမှန် ကစားခွင့် ပျောက်ဆုံးနေပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတာပါ။ အန်ဆယ်လော့တီက ညာခြမ်းမှာ ခြေစွမ်းပြနေတဲ့ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို တို့ကိုသာ ဦးစားပေး အသုံးပြုနေပြီး စပိန် လက်ရွေးစင် ကတော့ အရန် ကစားသမား အဖြစ်နဲ့ အချိန်ကုန်နေရသလို အနာဂတ်ပါ မသေချာဖြစ်နေခဲ့ရတာပါ။

ဒါပေမယ့် လိုက်ဇစ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့မှုက ပုံမှန်နေရာ ပြန်ရဖို့ အတွက် မျှော်လင့်ချက် ဖြစ်လာခဲ့ပါတယ်။ အန်ဆယ်လော့တီက အလှည့်ကျ လူထုတ်ပုံစနစ်ကို ကျင့်သုံးနေပေမယ့်လည်း အဆန်စီယို ကတော့ အရန် ကစားသမား အဖြစ်နဲ့ပဲ အမြဲတမ်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်နဲ့ ပွဲမှာတော့ သူ့ဆီက အပေါင်း လက္ခဏာဆန်တဲ့ ပုံစံတွေကို မြင်တွေ့ခဲ့ရသလို သွင်းဂိုး အတွက် ကျေနပ်ပျော်ရွှင်နေတာ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

စီးရီးအေ
ဘိုလော့နာ
အမ်ပိုလီ
1X2 ဘိုလော့နာ @ 2.20
ဘိုလော့နာ အာရှ ဟန်းဒီးကပ် -0.50 @ 2.20
ဂိုးပေါ် 2.50 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်နဲ့ ပွဲက ခြေစွမ်း အဆိုးရွားဆုံး ဘာဆာ ကစားသမားတွေ ထဲမှာ လီဝမ်ဒေါစကီးလည်း ပါဝင်ခဲ့

ဘေယန်မြူးနစ်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာ အတွက် ဆိုးရွားတဲ့ ပုံစံ ပြသခဲ့သူတွေထဲ ရောဘတ် လီဝမ်ဒေါစကီးလည်း ပါဝင်ခဲ့ပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ ပွဲချိန်အတွင်း အပိုင် အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီး အသင်း အတွက် ဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။ အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့ ပွဲမှာ လီဝမ်ဒေါစကီး တယောက် ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရတာလည်း ဖြစ်ပါတယ်။

နောက်ထပ်ကစားသမားတွေ အဖြစ် နောက်ခံလူ အာရူဟို၊ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုနဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီတို့ သတ်မှတ်ခံခဲ့ရပါတယ်။ အဲ့ဒီ ပွဲမှာ ဘာစီလိုနာက တောင်ပံတွေကို အားပြု ကစားခဲ့ချင်ပေမယ့် တကယ်တမ်း မှာတော့ ကွင်းလယ်ပိုင်း ကနေပဲ ထိုးဖောက်နေခဲ့ရကာ ဘေယန်ရဲ့ ခံစစ်ပိုင်းကို ကြီးကြီးမားမား ဖိအားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ဘေယန်က အပြောင်းအလဲ တချို့ ပြုလုပ်ပြီး အရှိန်တင် ကစားခဲ့ရာ မှာတော့ ဘာစီလိုနာတို့ တောင့်မခံနိုင်ခဲ့ဘဲ သွင်းဂိုး ၂ ဂိုး ပေးခဲ့ရပါတယ်။ ဒမ်ဘီလီ ကိုလည်း အယ်လ်ဖွန်ဆို ဒေးဗီးစ်က ထိန်းချုပ်နိုင်ခဲ့တာကြောင့် လှုပ်မရဖြစ်ခဲ့ရပြီး အရင်ပွဲတွေတုန်းကလို သူ့ဆီ ကနေ ဖြတ်တင်ဘောတွေ ထွက်မလာခဲ့ပါဘူး။ အလွန်ဆိုနဲ့ အာရူဟို ကလည်း ဘေယန် တိုက်စစ်ကို ဟန့်တားရာမှာ အားနည်းချက်တွေ အများကြီး ရှိခဲ့သလို ဂိုးတွေ ပေးခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်