နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၄/၉/၂၀၂၂)

စက်တင်ဘာ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့ ဇာဗီ ပြောဆို

ဘေယန်မြူးနစ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲအပြီးမှာ ဘာစီလိုနာ နည်းပြ ဇာဗီက သူတို့ အသင်းက ပိုကောင်းခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာဆာက ဘေယန်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး လီဝမ်ဒေါစကီး ကလည်း အသင်းဟောင်းနဲ့ အတွေ့မှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ဒီရာသီ ပထမဆုံး ရှုံးပွဲကို ဘာကာတို့ ရင်ဆိုင်လိုက်ရသလို နောက်ဆုံး ၅ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်လည်း ပျက်ပြယ်ခဲ့ရပါတယ်။

ဘေယန် အတွက် ဟာနန်ဒက်ဇ်နဲ့ ဆာနေး တို့က ဂိုးတွေသွင်းခဲ့ကြပြီး လာလီဂါ ကလပ် ဘက်က လီဝမ်ဒေါစကီး အပိုင် အခွင့်အရေးတွေ ရပေမယ့် လွဲချော်ခဲ့ရပါတယ်။ ဒီရာသီမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် ၃ ဂိုးနဲ့အထက်သွင်းယူထားတဲ့ ဘာကာတို့ အလိုင်းရန့်ဇ် အရီနာ မှာတော့ ဂိုးမရခဲ့ဘဲ ၂-၀ နဲ့ အရေးနိမ့်ခဲ့ကာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပေမယ့် ဇာဗီကတော့ သူ့အသင်းက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့ ခံစားနေရပါတယ်။ “ ဒီနေ့က ဒီထက်မက ထိုက်တန်တယ်ဗျာ၊ ကျနော်တို့ကစားပုံ၊ ကျနော့် အမြင် မှာတော့ ဘေယန် ထက်တောင် ကျနော်တို့ ပိုကောင်းခဲ့တာပါ၊ အထူးသဖြင့် ပထမပိုင်းမှာပေါ့၊ ကျေနာ်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်၊ သူတို့နဲ့ ကျနော်တို့ ကြားမှာ ကွာခြားခဲ့တာ ကတော့ သူတို့က ဂိုးပေါက်ရှေ့မှာ အခွင့်အရေးတွေကို မဖြုန်းတီးပစ်ခဲ့တာပါပဲ” လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။

ရလဒ်က ပွဲအခြေအနေ တခုလုံးကိုတော့ ထင်ဟပ်မနေပါဘူး၊ ဒါပေမယ့် ဒါက ချန်ပီယံလိဂ်ပါ၊ ခင်ဗျားက အခွင့်အရေးတွေ လွဲချော်ခဲ့မယ်ဆိုရင်တော့ အဲဒီအတွက် အဆုံးမှာ ပေးဆပ်ရမှာပဲ၊ ကျနော်တို့ အဲဒီလိုဖြစ်ခဲ့ပါတယ်၊ ဒီရှုံးပွဲက ကျနော်တို့ကို နောက်ပြန်ဆုတ်သွားစေခဲ့ပါတယ်” လို့လည်း ဇာဗီက ထပ်မံပြောဆိုခဲ့ပါတယ်။


အသင်းဟောင်းနဲ့ ပွဲမှာ ဂိုးမရခဲ့လို့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ လီဝမ်ဒေါစကီး

အသင်းဟောင်း ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့လို့ လာလီဂါ ကလပ် ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး တယောက် စိတ်ပျက်နေပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၅ ဂိုး သွင်းထားနိုင်ခဲ့တဲ့ လီဝမ်ဒေါစကီး

အသင်းဟောင်း ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့လို့ လာလီဂါ ကလပ် ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး တယောက် စိတ်ပျက်နေပါတယ်။ ဘိုင်ယန်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ လီဝမ်ဒေါစကီးက အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဒီရာသီမှာ ၇ ပွဲ ကစားကာ ၅ ဂိုး သွင်းထားပေးခဲ့ပေမယ့် မနေ့ည ကတော့ ဂိုးမသွင်းနိုင်ခဲ့သလို အသင်း ကလည်း အရေးနိမ့်ခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်။

ပွဲအပြီး မှာတော့ လီဝမ်ဒေါစကီး တယောက် ကွင်းအတွင်းကနေ အမြန် ပြန်ထွက်ခဲ့ပြီး သတင်းထောက်တွေ ကိုလည်း “ တကယ်မလွယ်တဲ့ ပွဲပါဗျာ” လို့ တခွန်းတည်းသာ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ရှုံးပွဲ အတွက် တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေပုံရပြီး လီဝမ်ဒေါစကီးဟာ ပွဲချိန် အတွင်း ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးကိုလည်း ကန်သွင်းခဲ့ရာမှာ ဘားတန်းပေါ် ကျော်ထွက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။

အဲ့ဒီဂိုးသာ ဝင်ခဲ့မယ် ဆိုရင် ဘာဆာက ပွဲကို ဦးဆောင်နိုင်မှာ ဖြစ်ပြီး ပွဲရလဒ်လည်း ပြောင်းလဲနိုင်ဖွယ် ရှိခဲ့ပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ အသင်းဖော် ဂါဗီ အတွက်လည်း ဖန်တီးမှု လုပ်ပေးခဲ့ပေမယ့် ဂါဗီရဲ့ ကန်ချက် ကလည်း တိုင်ထိထွက်ခဲ့လို့ ဂိုးမရခဲ့ဘဲ အဝေးကွင်းမှာ ချေပဂိုးတောင် မရခဲ့ပါဘူး။ ဘာဆာ နောက်ခံလူ အသင်းဖော် ကွန်ဒေး ကတော့ လီဝမ်ဒေါစကီးက ဒုတိယအကျော့မှာ ဂိုးသွင်းနိုင်လိမ့်မယ်လို့ အားပေး စကားပြောကြားခဲ့ပါသေးတယ်။


ဗင်နီးစီးယပ်စ်ရဲ့ ကစားပုံ အတွက် ကာကွယ်ပေးထားတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် အတွက် ဒီရာသီမှာလည်း ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး သူ ဘာမှ ပြောဆိုထားခြင်း မရှိဘူးလို့ နည်းပြ အန်ဆယ်လော့တီက ပြောဆိုလိုက်ပါတယ်။ ဗင်နီရှပ်စ်ဟာ မာယော့ကာကို အနိုင်ရခဲ့တဲ့ပွဲမှာ ပြိုင်ဘက် ကစားသမားတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီး အန်ဆယ်လော့တီက သူ့ကစားသမားကို စိတ်အေးအေးထားဖို့ အတွက် ဖျောင်းဖျခဲ့ရပါတယ်။

ဒါပေမယ့်လည်း လိုက်ဇစ်နဲ့ ဒီနေ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက “ ကစားသမားကောင်း တစ်ဦးက သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းရည်တွေကို သရုပ်ပြနေတာ လို့ပဲ ကျနော်ကတော့ မြင်တယ်၊ ကျနော်က အရူးအနှမ်း တယောက်လည်း မဟုတ်ပါဘူး၊ ဗင်နီးစီးယပ်စ်က ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပြီး သူ့ကို ပြိုင်ဘက်တွေက ရပ်တန့်ဖို့ ကြိုးစားတာက သဘာ၀ပါပဲ”

“ သူ့ရဲ့ လှည့်စားချက်တွေ၊ ကစားဟန်တွေက စိတ်အနှောင့်အယှက် ဖြစ်စရာ ဘာမှမရှိပါဘူး၊ ဗင်နီးစီးယပ်စ် မဟုတ်ဘဲ ကစားသမားတွေ အားလုံးကို ကာကွယ်ပေးထားတဲ့ ပွဲစဉ် စည်းကမ်းတွေ ရှိပြီးသားပါ” လို့ ပြောဆိုခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်ဟာ သူ့ရဲ့ တကိုယ်တော် စွမ်းရည်တွေနဲ့ ပြိုင်ဘက်တွေကို ကျော်လွှားနေရာမှာ ပြိုင်ဘက် ခံစစ်လူတွေ အတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာရှိနေခဲ့ပြီး ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်