နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၃/၉/၂၀၂၂)

စက်တင်ဘာ ၁၃ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အဓိက,ကစားသမား နှစ်ဦး မပါဝင်ဘဲ ဂျာမန်မြေကို လာရမယ့် အက်သလက်တီကို

လာလီဂါ ထိပ်သီး အက်သလက်တီကိုမက်ဒရစ်ဟာ လေဗာကူဆင်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် အတွက် အဓိက,ကစားသမား နှစ်ဦးကို ခေါ်ဆောင်လာနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒီကစားသမားတွေ ကတော့ နောက်ခံလူ ဟိုဆေး ဟီမီနက်ဇ်နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား သောမတ်စ် လီမား တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဟီမီနက်ဇ်ဟာ နောက်ကျော ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ဆဲလ်တာဗီဂိုနဲ့ပွဲ ကိုလည်း လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် တနင်္ဂနွေမှာ ကစားမယ့် မက်ဒရစ်ဒါဘီပွဲ ကိုပါ ဆက်လက် လွဲချော်ဖွယ် ရှိပါတယ်။ 

လီမား ကလည်း ဆဲလ်တာဗီဂိုနဲ့ ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး အခြားသော ကစားသမားတွေ ဖြစ်တဲ့ နောက်ခံလူ စတီဖင် ဆာဗစ်နဲ့ ဆာဂျီယို ရီဂွယ်လွန် တို့လည်း လေဗာကူဆင်နဲ့ ပွဲကို လွဲချော်သွားမှာပါ။ အက်သလက်တီကိုမက်ဒရစ်ရော၊ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် တို့ဟာ အုပ်စု အဖွင့်ပွဲတွေမှာ အသီးသီး နိုင်ပွဲရရှိထားတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။ 


လာမယ့် ဆောင်းရာသီမှာ လိုက်ပ်ဇစ် တိုက်စစ်မှူးကို ရီးရဲလ်တို့ ကြိုးပမ်းဖွယ် ရှိနေ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အခွင့်အရေး ရမယ် ဆိုရင် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ 

လိုက်ပ်ဇစ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ တီမိုဗာနာကို ပြန်လည် ခေါ်ယူထားသလို လာမယ့် နွေရာသီ မှာလည်း ဆဲလ်ဘာ့ဂ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။ အဲ့ဒါကြောင့်လည်း အန်ကွန်ကူးက လာမယ့် (၂၀၂၃) နွေရာသီမှာ သေချာပေါက် အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိအချိန်မှာ ကာရင်မ် ဘန်ဇီမာရဲ့ ဒဏ်ရာပြဿနာကြောင့် တိုက်စစ်ပိုင်း အတွက် စိုးရိမ်နေရပါတယ်။ အီဒင် ဟာဇက်နဲ့ မာရီယာနိုတို့ ရှိနေပေမယ့် ဒီကစားသမားတွေက ယုံကြည် အားကိုးရလောက်တဲ့ အနေအထားမျိုးကို မရှိသေးတာကြောင့် လာလီဂါ ဘီလူးတို့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် (၃) ပတ်ခန့် အနားယူရဖို့ ရှိပြီး ကမ္ဘာ့ဖလား အပြီးမှာလည်း ဒီကစားသမားရဲ့ ကြံ့ခိုင်မှု အတွက် စိုးရိမ်ရဖွယ် ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်တို့ ကစားသမားတွေရဲ့ အခြေအနေကို စောင့်ကြည့်ပြီး အန်ကွန်ကူကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘိုင်ယန်မြူးနစ်
ဘာစီလိုနာ
1X2 သရေ (Draw) @ 4.20
ဂိုးပေါ် 3.50 @ 1.98
ဂိုးပေါင်း 0-1 @ 6.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒေါ့မန် ကွင်းလယ် ကြယ်ပွင့်ကို ချီးကျူးလိုက်တဲ့ ရီးရဲလ် နောက်ခံလူ

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဒေးဗစ် အလာဘာက ဒေါ့မန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ဟာ ကြီးကျယ် ခမ်းနားတဲ့ ကွင်းလယ် ကစားသမား တစ်ဦးရဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ထဲက တစ်ဦး ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ 

အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဘာမင်ဂမ်စီးတီး ကနေ ဒေါ့မန်ကို ပြောင်းရွှေ့ကြေး ပေါင် (၂၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဒီကစားသမားလေးဟာ ဒေါ့မန်ရဲ့ အဓိက, ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး ဥရောပ ထိပ်တန်း အသင်းတွေ ကလည်း စောင့်ကြည့်နေကြပါတယ်။ 

ဘယ်လင်ဂမ်နဲ့ ပတ်သက်လို့ အလာဘာက “ကစားသမား တစ်ယောက် အနေနဲ့ ပြောရရင် သူက ကြီးကျယ် ခမ်းနားတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကွင်းလယ် ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ သူက အသက် (၁၉) နှစ် အရွယ်နဲ့ အသင်းကို ဦးဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ ကစားပုံနဲ့ ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘယ်လင်ဂမ်ကို လာမယ့် နွေရာသီမှာ လာလီဂါနဲ့ ပရီးမီးယားလိဂ် ထိပ်တန်း အသင်း တချို့က အပြိုင်အဆိုင် ကြိုးစားလာဖွယ် ရှိပြီး ဒေါ့မန် ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) သတ်မှတ်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်