နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၃၁/၈/၂၀၂၂)

ဩဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


တစ်နှစ် လုပ်ခ ပေါင် ၁၅.၄ သန်းတန် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တဲ့ ဒီယောင်

လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ချဲလ်ဆီးက တစ်နှစ် လုပ်ခ ပေါင် ၁၅ သန်းကျော် ပေးကာ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စျေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာချိန်မှာ ချဲလ်ဆီး ဘက်က အံ့အားသင့်ဖွယ် လုပ်ခပမာဏနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒီယောင် ကတော့ နူးကမ့်ပ် မှာပဲ ဆက်နေဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

အစောပိုင်းမှာ ဒီယောင်ကို ယူနိုက်တက်က အသည်းအသန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုအခါမှာ ချဲလ်ဆီးက ထပ်မံ ကြိုးစားကြည့်နေတာ ဖြစ်ပြီး ဘာစီလိုနာ ကလည်း ရောင်းချင်နေပေမယ့် ကစားသမားရဲ့ ဆန္ဒကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ မလွယ်ကူ ဖြစ်နေတယ်လို့ သိရပါတယ်။ ဘာဆာ အနေနဲ့ ဒီယောင်ကို လစာ အကြွေးတွေ ပေးဖို့ ရှိနေတဲ့ အပြင် လက်ရှိ မှာလည်း လစာလျှော့ယူခိုင်းထားပေမယ့် ဒီယောင် ကတော့ တောင်းဆိုချက် ကိုလည်း ငြင်းဆန်ထားပြီး အသင်း မှာပဲ ဆက်နေဖို့ ပြောဆိုထားပါတယ်။

ချဲလ်ဆီးက ကူလီဘာလီ၊ ဖိုဖာနာနဲ့ ကူကာရယ်လာ တို့ကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် လက်ရှိမှာ ကွင်းလယ်ပိုင်း အတွက် အင်အား ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေ အရ ချဲလ်ဆီးက အော်ဘာမီယန်း ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဒီယောင် ထက်စာရင် ဂါဘွန်း တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့က အလားအလာ ပိုကောင်းနေတယ်လို့ သိရပါတယ်။ လက်တလော မှာတော့ အော်ဘာမီယန်း အတွက် နှစ်သင်းကြား ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။


ဆီဗီလာကို အလွတ်နဲ့ ပြောင်းတော့မယ့် ယာနူဇက်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အဒ်နန် ယာနူဇက် ကတော့ ဆီဗီလာကို အလွတ်နဲ့ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ရီးရဲလ် ဆိုစီဒက်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့တဲ့ ဘယ်လ်ဂျီယံသားဟာ လက်တလော အသင်း လက်မဲ့ ဖြစ်နေပြီး ဆီဗီလာက အဓိက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

“ ယာနူဇက်နဲ့ ဆီဗီလာတို့ ဒီနေ့မှာပဲ တွေ့ဆုံခဲ့ကြပါတယ်။ မနက်ဖြန်ဆိုရင် ဆီဗီလာနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပြီး လက်မှတ် ရေးထိုးပါလိမ့်မယ်” လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ဖော်ပြခဲ့တာပါ။ ယာနူဇက်ကို ယူနိုက်တက် နည်းပြဟောင်းနဲ့ လက်ရှိ ဝက်စ်ဟမ်း နည်းပြ ဒေးဗစ်မွိုက်စ် ကလည်း ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပြီး ကစားသမား ကတော့ ဆီဗီလာ ကိုသာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ယာနူဇက်က မွိုက်စ် လက်အောက်မှာ ယူနိုက်တက် အတွက် ၂၇ ပွဲ ကစားပေးခဲ့ပြီး ခြေစွမ်းပြခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မွိုက်စ် ထွက်သွားပြီး နောက်ပိုင်း ဆန်းဒါးလန်းကို အငှားနဲ့ ထွက်ကစားခဲ့ရသလို အဲဒီနောက် ဆိုစီဒက်ကို ပေါင် ၈ သန်းနဲ့ ယူနိုက်တက်က ရောင်းချခဲ့တာပါ။ ဆိုစီဒက် အတွက် ၅ ရာသီကြာ ကစားပေးခဲ့ပြီး စာချုပ်သစ် ထပ်မချုပ်ခဲ့တာကြောင့် လက်ရှိမှာ အလွတ်နဲ့ ဆီဗီလာကို ပြောင်းရွှေ့ခွင့် ရတော့မှာလည်း ဖြစ်ပါတယ်။


ဗီလာရီးရဲလ်ထက် ကောင်းတဲ့ အသင်း ကိုမှ ပြောင်းချင်တဲ့ ဘာဆာ နောက်ခံလူ

ဘာစီလိုနာ နောက်ခံလူ ဆာဂျီနို ဒက်စ် ကတော့ လာလီဂါ ကလပ် ဗီလာရီးရဲလ်က သူ့ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းတာကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဇာဗီရဲ့ လက်အောက်မှာ ပုံမှန် နေရာ ရဖို့ မသေချာတဲ့ ဒက်စ်ကို မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေပြီး ညာနောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာနဲ့ တိုက်ရိုက် အလဲအလှယ်လုပ်ဖို့ အတွက် စီစဉ်နေတယ် လို့လည်း သတင်းတွေ ထွက်နေပါတယ်။

အသက် ၂၁ နှစ် အရွယ် နောက်တန်း ညာ နောက်ခံလူဟာ ပြီးခဲ့တဲ့ လာလီဂါ ၃ ပွဲစလုံးကို ပါဝင် ကစားခွင့် မရခဲ့သလို လာမယ့် ပွဲစဉ်တွေ မှာလည်း ပွဲထွက်ခွင့်ရဖို့ အာမခံချက် မရှိသူ ဖြစ်ပါတယ်။ ဘာဆာ ကလည်း ညာနောက်ခံလူ တစ်ဦး ရှာဖွေနေပြီး ဆာဂျီနို ဒက်စ်ကို ရောင်းချဖို့ အသင့် ရှိနေပေမယ့် ကစားသမား ကတော့ ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရရှိမှသာ အသင်း ပြောင်းရွှေ့မယ်လို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။ အကယ်၍ အခု ကာလ အတွင်း အသင်း မပြောင်းရွှေ့နိုင်ခဲ့ရင်လည်း ဒက်စ် အနေနဲ့ ဇန်နဝါရီ စျေးကွက် အထိကို စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။

ဗီလာရီးရဲလ် ကတော့ ညာနောက်ခံလူ ဂျူအန် ဖွိုက် ဒဏ်ရာရသွားတာကြောင့် ဒက်စ်ကို အလိုရှိနေတာ ဖြစ်ပေမယ့် ကစားသမားရဲ့ ဆန္ဒအရ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ချေ ကတော့ တော်တော်လေး နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်