နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – မနက်ခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာဆာ မှာဆို ဘလွန်းဒီအော ရဖို့ ပိုလွယ်သွားပြီ ဆိုတဲ့ လီဝမ်ဒေါစကီး

ဒီရာသီမှာ ဘေယန်မြူးနစ် ကနေ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက နူးကမ့်မှာ သူ့အတွက် ဘယ်လွန်ဒေါဆုရဖို့ လွယ်ကူသွားပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒီဆုကို ရရှိရေး လမ်းကြောင်းဟာ ဘေယန် မှာတုန်းက လမ်းကြောင်း ပိုတိုသွားပြီလို့ သူက ပြောဆိုခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အဓိက ပစ်မှတ်ဟာ အဆိုပါဆု ဖြစ်တယ်လို့ သွယ်၀ိုက် ဝန်ခံသွားခဲ့ပါတယ်။ 

၂၀၂၀ တုန်းက ဘေယန်နဲ့ အတူ ခြေစွမ်းပြပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရခဲ့တဲ့ လီဝမ်ဒေါစကီး ဟာ ဘယ်လွန်ဒေါဆုကို ရယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားခဲ့တာကြောင့် ဆုပေးပွဲ မလုပ်ဖြစ်ဘဲ ဆုကို လက်လွှတ်ခံခဲ့ရပါတယ်။ နောက်တစ်နှစ်မှာ သူ ရရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် မက်ဆီက ဆွတ်ခူးသွားခဲ့ပြီး ပိုလန်သား အတွက် နာကျင်စရာတွေ ဖြစ်ခဲ့ရတာပါ။ 

ဘာကာနဲ့ အတူ ဒီရာသီမှာ ခြေစွမ်းပြနေပြီး ဂိုးတွေ သွင်းနိုင်ခဲ့ပြီးနောက် လီဝမ်ဒေါစကီးက “ ဘာဆာ ကစားသမား အများအပြားက ဒီဆုကို ရယူနိုင်ခဲ့ကြတယ် ဆိုတာကို ကျနော် သိပါတယ်၊ ဒါကြောင့် အခုဆိုရင် ကျနော်လည်း ဘေယန် မှာတုန်းကထက် စာရင် ဘာစီလိုနာမှာ ဒီဆုကို ရယူနိုင်ဖို့ လမ်းကြောင်းက ပိုပြီးတော့ တိုသွားခဲ့ပါပြီ” လို့ ပြောဆိုခဲ့ကာ သူ့ရဲ့ ရည်မှန်းချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။ 


အဆန်စီယိုကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာဟာ လိဂ်မဟာ ပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်က တောင်ပံ တိုက်စစ်မှူး မာကို အဆန်စီယိုကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်လာပါတယ်။
ရီးရဲယ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အဆန်စီရို

လာလီဂါ ကလပ် ဘာစီလိုနာဟာ လိဂ်မဟာ ပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်က တောင်ပံ တိုက်စစ်မှူး မာကို အဆန်စီယိုကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်လာပါတယ်။ စပိန် ကစားသမားဟာ ဘာနေဗျူးမှာ ပုံမှန် နေရာ ရဖို့ တိုက်ပွဲဝင်နေရသူ ဖြစ်ပြီး လူစားဝင် ကစားသမား အဖြစ်နဲ့သာ ရှိနေတဲ့အပေါ် မကျေမနပ်ဖြစ်နေပြီး အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားနေသူလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ သူ အသင်း ပြောင်းနိုင်ချေ ရှိခဲ့ပေမယ့်လည်း ရီးရဲလ်မှာသာ ဆက်ရှိနေခဲ့ပြီး အရန်ခုံမှာ အချိန်ကုန်ဆုံးနေရပါတယ်။ ရိုဒရီဂို၊ ဗယ်လ်ဗာဒီတို့ကို အန်ဆယ်လော့တီက အဓိကထား နေရာပေးနေပြီး အဆန်စီယိုက ဒီအပေါ်မှာ မကျေမနပ်ဖြစ်နေကာ ဘာစီလိုနာက အခွင့်ကောင်းယူဖို့ အတွက် ကြံစည်နေတာလားလို့ ထင်မြင်စရာတွေဖြစ်လာခဲ့ပါတယ်။ 

ဘာစီလိုနာဟာ တောင်ပံကစားသမားတွေ အဖြစ် ဒမ်ဘီလီနဲ့ ရာဖင်ဟာတို့ ရှိနေပေမယ့် အရန် အင်အား တောင့်တင်းဖို့ အတွက် အဆန်စီယိုကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မဟာပြိုင်ဘက်ဆီက ကစားသမားကို ခေါ်ယူဖို့က လွယ်ကူမှာ မဟုတ်ပေမယ့်လည်း ကစားသမားရဲ့ ဆန္ဒကသာ အဓိကကျနေပြီး သူသာ အသင်း ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုမယ် ဆိုရင် ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ 


ကမ္ဘာ့ဖလားကြောင့် နေစီယွန်နယ်ကနေ နောက်တကြိမ် ထွက်ခွာဦးမယ့် ဆွာရက်ဇ်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဘယ်လ်ဂျီယံ
‌ဝေးလ်စ်
1X2 သရေ (Draw) @ 4.80
ဂိုးပေါ် 2.75 @ 2.06
ဂိုးပေါင်း 0-1 @ 3.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူးဟောင်း လူး၀စ္စ ဆွာရက်ဇ်ဟာ ဥရုဂွေးကလပ် နေစီယွန်နယ် ကနေ နောက်တကြိမ် ထပ်မံထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ အနည်းငယ်ကမှ အသင်းဟောင်းကို ပြန်ပြောင်းခဲ့တဲ့ ဆွာရက်ဇ်ဟာ ကမ္ဘာ့ဖလားကို ဝင်ရောက် ကစားခွင့် ရဖို့အတွက် ရည်ရွယ်ကာ အသင်းပြောင်းရွှေ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

အသက် ၃၅ နှစ် အရွယ် ကစားသမားဟာ နေစီယွန်နယ်မှာ လိဂ်ပွဲ ၈ ပွဲကစားပြီး ၄ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်ပါ အချက်အက်တွေအရ ဆွာရက်ဇ်က လအနည်းငယ်သာ စာချုပ်ချုပ်ခဲ့တယ်လို့ သိရပြီး အဲ့ဒီနောက်မှာတော့ အသင်းက ထွက်ခွာမှာ ဖြစ်တဲ့အကြောင်းကို အသင်းဥက္ကဌဖြစ်သူ ဟိုဆေးဖူအန်တက်စ်က အတည်ပြုသွားခဲ့ပါတယ်။ 

“ ဥရုဂွေးချန်ပီယံအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ သူ ထွက်ခွာပါလိမ့်မယ်၊ စာချုပ်မှာ ဒီအချက်တွေကို စီစဉ်ထားပြီးသားပါ၊ ကျနော်တို့လည်း ဒါကို သဘောတူညီထားပြီး ဖြစ်ပါတယ်၊ အသင်းအတွက် သူ အများကြီး အားစိုက်ထုတ်ပေးခဲ့ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။ ဆွာရက်ဇ် အနေနဲ့ ဥရောပကို ပြန်လာပြီး အသင်းသစ် တစ်သင်း ရှာဖွေဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်