နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – မနက်ခင်း သတင်းများ (၁၇/၉/၂၀၂၂)

စက်တင်ဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူမျိုးရေး ခွဲခြားခံနေရတဲ့ ဗင်နီးစီးယပ်စ် ဘက်က ဘောလုံး အသိုင်းအဝိုင်း တစ်ခုလုံး အပြည့်အဝ ရပ်တည်ပေးနေ

လာလီဂါ ကလပ် ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီးစီးယပ်စ် ဂျူနီယာဟာ ဂိုးသွင်းပြီးချိန်တိုင်း ဆမ်ဘာ အက ကပြီး အောင်ပွဲခံတတ်သူ တစ်ဦး ဖြစ်ပါတယ်။ ဒီလို အောင်ပွဲခံတဲ့ ပုံစံကို ပက်ဒရို ဘရာဗိုလို့ ခေါ်တဲ့ စပိန် အေးဂျင့် တစ်ဦးက လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းနဲ့ ပြောဆို ဝေဖန်ခဲ့တာ ဖြစ်ပြီး ဘရာဗိုရဲ့ ပြောစကားတွေကို ပီလီနဲ့ နေမာ တို့လို နာမည်ကျော်တွေ အပြင် ဘောလုံး အသိုင်းအဝိုင်း တစ်ခုလုံးကပါ ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။

ဘရာဗိုက “ မင်းရဲ့ ပြိုင်ဘက်တွေကို လေးစားရမယ်။ မင်းဂိုး တစ်ဂိုး ရတိုင်း ဆမ်ဘာ အက ကို ကပြချင်တယ် ဆိုရင်တော့ ဘရာဇီးမှာ ရှိတဲ့ ဆမ်ဘာဒရုမ်းကို သွားသင့်တယ်။ မင်းရဲ့ အဖော်တွေကို လေးစားတဲ့ အနေနဲ့ မျောက်လို မကစားပါနဲ့။” ဆိုပြီး ပြောဆို ထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုခဲ့တဲ့ ပက်ဒရို ဘရာဗိုကို ဗင်နီးစီးယပ်စ်ရဲ့ ဘရာဇီးလ် အသင်းဖော် ဘရူနို ဂီမာရေးစ်က အရမ်းကို စိတ်ဆိုးနေပြီး ထောင်ထဲပါ သွားသင့်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ ကလည်း ဗင်နီးစီးယပ်စ်နဲ့ အတူ အောင်ပွဲခံနေတဲ့ ပုံကို အင်စတာဂရမ်မှာ Tag တွဲတင်ခဲ့ပြီး “လှုပ်လိုက်စမ်း။ ကလိုက်စမ်းပါ။ မင်းပျော်သလို လုပ်လိုက်စမ်းပါ။ ငါ့ကောင်လေးရေ။ နောက်တစ်ခါ ငါတို့ ထပ်ကကြမယ်” ဆိုပြီး ရေးသားကာ ဖေးမခဲ့ပါတယ်။

ဘရာဇီးလ် ဂန္တဝင် ပီလီ ကတော့ “ဘောလုံး ဆိုတာ ပျော်ရွှင်စရာပါ။ နောက်တမျိုး ပြောရင် အက ပါပဲ။ အဲ့ဒီထက်တောင် ပိုပါသေးတယ်။ တကယ့် ပါတီ စစ်စစ်ပါ။” “ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ခွဲခြားမှုတွေက အခုထိ ရှိနေပါသေးတယ်။ ကျနော်တို့ ပြုံးရယ်နေတာ ရပ်အောင် လုပ်မယ့် ဒီလို ကိစ္စတွေကို လုံးဝ ခွင့်မပြုပါဘူး။ ခွဲခြားဆက်ဆံမှုတွေကို နေ့စဉ် တိုက်ထုတ်ပစ်ရပါမယ်။ နောက်ပြီး ကျနော်တို့ရဲ့ လွတ်လပ်စွာ ပျော်ရွှင်ခွင့်နဲ့ လေးစားမှု ရပိုင့်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်ရပါမယ်။” လို့ သူ့ရဲ့ အင်စတာဂရမ် အကောင့် ကနေ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

လာလီဂါ
မယ်လိုကာ
UD အဲလ်မာရီးရား
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.50 @ 2.25
ဂိုးပေါင်း 0-1 @ 2.81
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုဘလက်ခ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ အပြိုင် ကြိုးပမ်းရဖွယ်ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ သူ့တို့ အသင်းရဲ့ အဓိက ဂိုးသမား ဒါးဗစ် ဒက်ဟဲယား နေရာမှာ အစားထိုးဖို့ အက်တလက်တီကို မက်ဒရစ် ဂိုးသမား ယန် အိုဘလက်ခ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဆလိုဗေးနီးယား လက်ရွေးစင် ဂိုးသမားဟာ လာလီဂါ ကလပ် အတွက် အဓိက အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ပြီး လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အိုဘလက်ခ်ဟာ အခုနှစ် ဘောလုံးရာသီ အကုန်မှာ အက်တလက်တီကိုနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက် ဘက်က လက်တလော အိုဘလက်ခ် တီကိုမှာ ရရှိနေတဲ့ လုပ်ခ လစာရဲ့ နှစ်ဆ ဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ခန့် ပေးပြီး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

သတင်းတွေအရ ဆိုရင် အိုဘလက်ခ်ကို ခေါ်ယူရေး အတွက် မန်ချက်စတာယူနိုက်တက် အနေနဲ့ ပီအက်စ်ဂျီနဲ့ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ် ထိပ်သီး ကလပ်ဟာလည်း လက်ရှိ ဂိုးသမား ဒွန်နာရမ်းမားရဲ့  လက်စွမ်းကို သဘောမကျတာကြောင့် ဂိုးသမားသစ် ရှာဖွေနေပြီး လာလီဂါ ရွှေလက်အိတ်ဆု ၅ ကြိမ် ရထားတဲ့ အိုဘလက်ခ်ကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။


ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရင်ဆိုင်ရ အခက်ဆုံး ပြိုင်ဘက်လို့ ဝန်ခံခဲ့တဲ့ အဲလ်ဗက်စ်

လာလီဂါ ကလပ် ဘာစီလိုနာ ဂန္တဝင် နောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်က သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ဟာ ခရစ္စတီယာနို ရော်နယ်ဒို ဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ 

ပေါ်တူဂီ တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ ၂၀၀၉ ကနေ ၂၀၁၈ အထိ လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်မှာ ကစားခဲ့ပြီး အဲလ်ကလက်ဆီကို ပွဲစဉ် တော်တော်များများမှာ ဒန်နီအဲလ်ဗက်စ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲယ်ကို ရောက်ရောက်ချင်း အစောပိုင်း ကာလတွေမှာ တောင်ပံ ကစားသမား အဖြစ် ပွဲထွက်လေ့ ရှိတာကြောင့် မကြာခဏ ဆိုသလို ဒန်နီအဲလ်ဗက်စ်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

စပိန် သတင်းစာ မာကာနဲ့ အင်တာဗျူးမှာ ရီးရဲယ်မက်ဒရစ် ဂန္တဝင်တဲ့ ဟူဂို ဆန်းချက်ဇ်က ဒန်နီ အဲလ်ဗက်စ်ကို မင်းရဲ့ ကစားသမား ဘဝ တစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲမှာ ဘယ်သူက အခက်ခဲဆုံးလည်းလို့ မေးမြန်းခဲ့တာ ဖြစ်ပြီး ဘရာဇီးလ် နောက်ခံလူက “ခရစ္စတီယာနို ရော်နယ်ဒို ပေါ့ဗျာ။” လို့ ချက်ချင်း ပြန်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်ဗက်စ်က “ဒီဘဲက ခင်ဗျားကို စက္ကန့်ပိုင်းလောက်တောင် အသက်ရှူခွင့်မရတဲ့ အထိ ဒုက္ခပေးနိုင်တဲ့ သူမျိုးဗျ။ သူ့ကို ရင်ဆိုင်ရတဲ့ အချိန်တိုင်း ကျနော် အမှားမရှိအောင် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ သူက တကယ့် ဂိုးသွင်းစက် တစ်လုံးပါ” လို့ ဆိုခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်