နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – ညနေခင်း သတင်းများ (၁၇/၉/၂၀၂၂)

စက်တင်ဘာ ၁၇ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖာရန်း တောရက်စ်ကို အပြည့်အ၀ ယုံကြည်တယ်လို့ ဇာဗီ ပြောဆို

လာလီဂါ
အိုဆာစူနာ
ဂီတာဖေး
1X2 အိုဆာစူနာ @ 1.82
အိုဆာစူနာ အာရှ ဟန်းဒီးကပ် -0.75 @ 2.09
ဂိုးပေါ် 2.00 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်စ်က ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုက်စစ်မှူး ဖာရန်း တောရက်စ် အပေါ်မှာ သူ့အနေနဲ့ ယုံကြည်မှု အပြည့် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီး ကနေ ပြောင်းရွှေ့လာခဲ့တဲ့ တောရက်စ်ဟာ ဘာစီလိုနာမှာ အစောပိုင်းက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း ကာလတွေမှာ ရုန်းကန်နေခဲ့ရပြီး အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

တောရက်စ် အတွက် လာလီဂါ ကလပ် ဘက်က ယူရို ၅၅ သန်း အထိ ကုန်ကျခဲ့ပြီး စပိန် လက်ရွေးစင် အနေနဲ့ ဒီရာသီမှာ ၆ ပွဲ ကစားပြီး ၁ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် ကစားခွင့် ရဖို့လည်း ရုန်းကန်နေရပြီး လီဝမ်ဒေါစကီးနဲ့ ရာဖင်ဟာတို့ ရောက်လာချိန် မှာတော့ ပုံမှန် ပွဲထွက်ခွင့်ရရေး ရည်မှန်းချက်က ပိုမိုခက်ခဲလာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာ အယ်လ်ချီနဲ့ ကစားရမယ့် ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဇာဗီက ” သူ့အပေါ် ကျနော် အများကြီး ယုံကြည်ပါတယ်၊ လူတွေက သူ ဂိုးတွေ မသွင်းတာ ကိုပဲ ထည့်မတွက်သင့်ပါဘူး၊ သူ့ရဲ့ ပြင်းထန်တဲ့ ကြိုးစားမှု၊ အသင်းမှာ စည်းချက်ကျနေတာ၊ သူ့ရဲ့ Press တွေ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားပုံကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်၊ သူ အသင်း အတွက် ဂိုးသွင်းတာ၊ ဖန်တီးပေးတာကို ကျနော်လည်း မြင်ချင်ပါတယ်၊ သူက ကျနော်နဲ့ အသင်း အတွက် အရေးပါတဲ့ ကစားသမားပါ” လို့ ပြောဆိုခဲ့ပါတယ်။


မက်ဒရစ် ဒါဘီမှာ ပါဝင်ကစားဖို့ မသေချာတဲ့ ဘန်ဇီမာ

ဘန်ဇီမာ ကတော့ ဒီရာသီမှာ အသင်း အတွက် လာလီဂါ သွင်းဂိုး ၃ ဂိုးနဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၁ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။
မက်ဒရစ် ဒါဘီမှာ ပါဝင် ကစားနိုင်ဖို့ မသေချာသေးတဲ့ ဘန်ဇီမာ

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် အခက်ခဲဆုံး ပွဲတစ်ပွဲလို့ ဆိုရမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် မက်ဒရစ်ဒါဘီပွဲမှာ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ တယောက် ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲ ဖြစ်တဲ့ ဆဲလ်တစ်နဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့လို့ အနားယူနေခဲ့ရပြီး အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက် လွဲချော်ထားပါတယ်။

လက်ရှိမှာ ဘန်ဇီမာက အသင်းနဲ့ အတူ ပါဝင် ကစားပေးနိုင်ဖို့ မသေမချာ ဖြစ်နေပြီး ဒဏ်ရာ ကနေ သက်သာလာမှုက နှေးကွေးနေတယ်လို့ သိရပါတယ်။ အသင်းဘက်က ဘန်ဇီမာ ဝင်ကစားနိုင်ဖို့ အတွက် သေချာပေါက် ပြောဆိုနိုင်ခြင်း မရှိသေးဘဲ ကစားသမားရဲ့ အခြေအနေကို နောက်ဆုံး အချိန်ထိ စောင့်ဆိုင်းရဖွယ် ရှိပါတယ်။ ဘန်ဇီမာသာ မပါဝင်နိုင်ခဲ့ရင် ရီးရဲလ် တိုက်စစ်ပိုင်းမှာ ဟာဇက် ကိုပဲ ပွဲထွက်ခိုင်းရမယ့် အခြေအနေ ဖြစ်ပါတယ်။

ဘန်ဇီမာ ကတော့ ဒီရာသီမှာ အသင်း အတွက် လာလီဂါ သွင်းဂိုး ၃ ဂိုးနဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၁ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ သူမကစားနိုင်ချိန်မှာ ရီးရဲလ်က ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂိုတို့ ခြေစွမ်းပြနေလို့ စိတ်သက်သာရာ ရနေခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲမှာလည်း ဒီကစားသမားတွေ ကိုပဲ နည်းပြ ကာလို အန်ဆယ်လော့တီက ပွဲထုတ်လာဖို့ ရှိနေပါတယ်။


ဗင်နီးစီးယပ်စ် ဘက်က အပြည့်အ၀ ကာကွယ်ပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ် အသင်းဖော်များ

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ လူမျိုးရေး ခွဲခြားခံနေရတဲ့ အသင်းရဲ့ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ ဘက်ကနေ အပြည့်အဝ ရပ်တည်ပေးနေတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမားဟာ ဂိုးသွင်းပြီးတိုင်း ကခုန် အောင်ပွဲခံ တတ်တာနဲ့ ပတ်သက်ပြီး ပြိုင်ဘက် ပရိသတ်တွေရဲ့ ပစ်မှတ်ထားမှုကို ခံနေရကာ လူမျိုးရေး ခွဲခြားခံရတဲ့ အထိ ဖြစ်လာခဲ့တာပါ။

ဗင်နီးစီးယပ်စ်ဟာ ဒီရာသီမှာ အသင်း အတွက် ခြေစွမ်းပြနေသူ ဖြစ်ကာ နောက်ဆုံး ၅ ပွဲ ဆက်တိုက် ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အောင်ပွဲခံဟန်နဲ့ ပတ်သက်ပြီး ပစ်မှတ်ထားပြီး တိုက်ခိုက်ခံနေရတဲ့ အပေါ် ဘရာဇီးလ် လက်ရွေးစင် အသင်းဖော်တွေ သာမက ပီလီ၊ ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒို တို့လို နာမည်ကျော် ဘရာဇီးလ် ကစားသမားဟောင်းတွေ ကပါ သူ့ဘက် ကနေ ကာကွယ် ပြောဆိုပေးထားကြပါတယ်။

ဗင်နီးစီးယပ်စ် အပေါ်မှာ ဒီလိုတွေ ပြုမူတာမျိုးက တရားမျှတမှု မရှိဘူးလို့ ရီးရဲလ်မက်ဒရစ်က ပြောဆိုခဲ့ပြီး လူမျိုးရေး ခွဲခြားမှုတွေ မပြုလုပ်ဖို့ အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။ ဗင်နီးစီးယပ်စ် ကတော့ သူဂိုးသွင်းပြီးတိုင်းမှာ အခုလိုပဲ ကခုန် အောင်ပွဲခံနေဦးမှာလို့ ပြောဆိုခဲ့သလို နေမာ၊ သီယာဂို ဆေးလ်ဗား တို့ကလည်း ဘာအကြောင်းနဲ့မှ ကိုယ့်ရဲ့ အောင်ပွဲခံဟန်ကို မရပ်တန့်ပစ်ဖို့ အတွက် အားပေးခဲ့ကြပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်