နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – ညနေခင်း သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူရိုပါလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာတဲ့ ဂျိုအာကွင်း

လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် အသင်းရဲ့ ဝါရင့်ကစားသမားကြီး ဂျိုအာကွင်းဟာ မနေ့ညက ကစားခဲ့တဲ့ လူဒိုဂိုရက်စ်နဲ့ ပွဲမှာ အသင်း အတွက် ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘက်တစ်က ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး နိုင်ပွဲ ဆက်ခဲ့သလို ဂျိုအာကွင်း ကလည်း ယူရိုပါလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကာ ကျေနပ်ဖွယ်ရာ ညတစ်ညကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဂျိုအာကွင်းဟာ အသက် ၄၁ နှစ်နဲ့ ၅၆ ရက် အရွယ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပင်နယ်တီ ဧရိယာ ထိပ်ကနေ ညာခြေနဲ့ အမြင့်ဘော လှလှပပကန်သွင်းခဲ့တာ ဖြစ်ပြီး ဝါရင့် စပိန်ကစားသမားကြီးက သူ့ဆီမှာ အရည်အသွေးတွေ ကျန်နေသေးတယ်ဆိုတာကို ပြသနိုင်ခဲ့သလို ဂုဏ်ယူဖွယ်ရာ မှတ်တမ်းကောင်း တစ်ခု ကိုလည်း ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘက်တစ် ကတော့ အုပ်စုတွင်းမှာ ၂ ပွဲ ဆက်တိုက် အနိုင်ရထားပြီး နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အလားအလာ ကောင်းနေပြီ ဖြစ်ပါတယ်။ ဘက်တစ်တို့ လာလီဂါ မှာလည်း ခြေစွမ်းပြနေပြီး အမှတ်ပေးဇယား ထိပ်ပိုင်းကို ရောက်ရှိနေကာ ပုံစံကောင်း ရရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီ ကလည်း ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီရာသီ ကလည်း ဘက်တစ် အတွက် ဆုဖလား မျှော်လင့်နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။


ဘယ်လင်ဂမ် ကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ် ရေပန်းစားနေ

ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် မှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဂျူ့ဒ် ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ အတွက် ရီးရဲလ်မက်ဒရစ်တို့ ရေပန်းစားလာခဲ့ပြန်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ပွဲမှာ သွင်းဂိုးတဂိုး ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ အင်္ဂလန် ဆယ်ကျော်သက်တွေထဲ ဂိုးအများဆုံး သွင်းနိုင်သူ အဖြစ် ဘယ်လင်ဂမ်က မှတ်တမ်းဝင်ခဲ့ပြီး ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်လည်း ဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်တို့ ကလည်း ဘယ်လင်ဂမ်ကို စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပေမယ့် ရီးရဲလ်မက်ဒရစ် ကသာ အမှန်တကယ် ကမ်းလှမ်းခဲ့ရင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာမဟုတ်ဘူးလို့ ဖော်ပြနေကြပါတယ်။ လာလီဂါ ထိပ်သီး ကလည်း ဘယ်လင်ဂမ်ကို စောင့်ကြည့်နေပြီး အသင်း တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အပြင် မိုဒရစ်နဲ့ ခရူးစ်တို့ရဲ့ နေရာ အတွက်ပါ ပစ်မှတ်ထား လျာထားတာ ဖြစ်ပါတယ်။

အင်္ဂလန်ကြယ်ပွင့်ဟာ ဘာမင်ဂမ်စီးတီး ကနေ ဒေါ့မန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဆက်တိုက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ ဒေါ့မန်ကတော့ သူတို့ရဲ့ အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆန်ချို၊ ဟာလန်း တို့ကို တနှစ်ချင်းစီမှာ ရောင်းထုတ်နေရတာဖြစ်ပြီး ဒီတကြိမ်မှာတော့ ဘယ်လင်ဂမ် အလှည့်လို့ ယူဆရကာ ရောင်းချခဲ့မယ် ဆိုရင်တော့ဖြင့် ပြောင်းရွှေ့ကြေး အားဖြင့်လည်း အများအပြား ရရှိဖွယ်ရာ ရှိနေပါတယ်။


ဘေယန်မြူးနစ်နဲ့ ပွဲက သူ့ရဲ့ အမှား အတွက် တောင်းပန်မှုတွေ လုပ်ခဲ့တဲ့ အလွန်ဆို

လာလီဂါ ကလပ် ဘာစီလိုနာက အသစ် ခေါ်ယူထားတဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုဟာ ဘေယန်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ရဲ့ အမှားကတဆင့် ဂိုးပေးခဲ့ရလို့ တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲမှာ အမှားလုပ်ခဲ့လို့ ပြန်လည် တောင်းပန်ခဲ့တဲ့ မားကို့စ် အလွန်ဆို

လာလီဂါ ကလပ် ဘာစီလိုနာက အသစ် ခေါ်ယူထားတဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုဟာ ဘေယန်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ရဲ့ အမှားကတဆင့် ဂိုးပေးခဲ့ရလို့ တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မြူးနစ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘာစီလိုနာတို့ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဒီရာသီ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာလည်း ဖြစ်ပါတယ်။ အလွန်ဆို ကတော့ အခုနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဘယ်အစွန် နောက်ခံလူ အလွန်ဆိုဟာ လူးကပ်စ် ဟာနန်ဒက်ဇ်ရဲ့ ထောင့်ကန်ဘော ကတဆင့် သွင်းယူခဲ့တဲ့ ဂိုးမှာ အမှား ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ အလွန်ဆိုက အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကို တောင်းပန်ခဲ့တယ်လို့ သိရပြီး နည်းပြ အဖွဲ့ဝင်တွေနဲ့ အသင်းဖော်တွေက အလွန်ဆိုရဲ့ အပြုအမူ အတွက် ကျေနပ်ခဲ့ကြပြီး ချီးကျူး ဂုဏ်ပြုခဲ့တယ်လို့လည်း စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

ဘာဆာ နည်းပြ ဇာဗီ ကတော့ အသင်းရဲ့ ရှုံးပွဲ အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပြီး သူ့ရဲ့ ကစားသမားတွေ အမှားကျူးလွန်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ဘာဆာဟာ ဒီရာသီမှာ ခြေစွမ်းပြနေပြီး ဘေယန်နဲ့ ပွဲမတိုင်ခင် အထိ နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၃ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပြီး မြူးနစ် မှာတော့ ဂိုးပေါက်ပျောက်ကာ အရေးနိမ့်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်