နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားစိုက်လာမယ့် ဂီရိုနာကို ယုံကြည်ထားချင်တယ် | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

ဂီရိုနာ – ရီးရဲလ်ဘက်တစ်

လာလီဂါ လာလီဂါ ပွဲစဉ် ၃၀ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဂီရိုနာနဲ့ ရီးရဲလ်ဘက်တစ်တို့ Estadi Municipal de Montilivi ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အမှတ်ပေးချန်ပီယံ အိမ်မက် ပျက်ပြယ်သွားတဲ့နောက် ချန်ပီယံလိဂ် ဝင်ခွင့်ကိုပဲ အာရုံစိုက်ရတော့မယ့် ဂီရိုနာ အတွက် ဘက်တစ်က ခက်ခဲ့တဲ့ ပြိုင်ဘက် ဖြစ်လာဦးမလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဂီရိုနာ ကတော့ ရာသီအစက အမြင့်ပျံခဲ့သလောက် နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းသိသိသာသာ ကျဆင်းသွားပြီး ရလဒ်ပိုင်းလည်း ထိုးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဂီရိုနာက နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ နိုင်လိုက် ရှုံးလိုက် ဖြစ်ခဲ့ပြီး အခုဆိုရင် အဆင့် ၁ နေရာက ရီးရဲလ်မက်ဒရစ်နဲ့ ၁၀ မှတ်၊ အဆင့် ၂ နေရာက ဘာစီလိုနာ နဲ့ ၂ မှတ် အကွာ အဆင့် ၃ နေရာမှာ ရှိနေခဲ့ပါတယ်။ ဆဲလ်တာဗီဂိုဟာ ပြီးခဲ့တဲ့ လာလီဂါ ၅ ပွဲမှာ ဗလက်ကာနိုနဲ့ အိုဆာဆူနာ တို့ကို အနိုင်ရခဲ့ပေမယ့် ဘီလ်ဘာအို၊ မာယော့ကာနဲ့ ဂီတာဖေးတို့ကို ရှုံးနိမ့်ခဲ့ပါတယ်။ 

ဘက်တစ် ကတော့ လက်တလော လာလီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး ဥရောပဝင်ခွင့် တစ်နေရာ အတွက် တိုက်ပွဲဝင်နေပေမယ့် အဆင့် ၆ နေရာက ဆိုစီဒက်နဲ့ ၄ မှတ် ပြတ်နေပါတယ်။ ဘက်တစ်က ခြေရူးပါ။ ဘီလ်ဘာအိုလို ခြေစွာနေတဲ့ အသင်းမျိုးကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာတော့ အက်တလက်တီကိုမက်ဒရစ်၊ ဗီလာရီးရဲလ်၊ ဗလက်ကာနို တို့ကိုတော့ ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ၃ ပွဲဆက် ရှုံးထားတာကြောင့်လည်း ဘက်တစ်တို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ အနည်းငယ် ကျဆင်းနေနိုင်ပြီး ဂီရိုနာကို အဝေးကွင်းမှာ အသာရဖို့လည်း မဖြစ်နိုင်ပါဘူး။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဂီရိုနာ ဘက်က ဆာဗီယို ပွဲပယ်ပြစ်ဒဏ်ထိထားလို့ လွဲချော်ဖို့ ရှိပြီး ဗီလာ၊ အာတီရို၊ ရိုကာ တို့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ ဟာရဲရားနဲ့ ဘရိုဟာ ဂါစီယာ ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ 

ဘက်တစ် ဘက်မှာတော့ မက် ရိုကာ၊ ဘာထရာတို့ လွဲချော်မှာ ဖြစ်ပြီး ဘယ်လာရင်နဲ့ ဘာကမ်ဘူ ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဂီရိုနာ – ဂတ်ဇန်နီဂါ၊ ကူတို၊ ဂါစီယာ၊ ဂျူအန်ပီ၊ ဘလင်း၊ မာတင်၊ A ဂါစီယာ၊ ပေါ်တူ၊ တိုရေး၊ စတူအာနီ၊ ဒိုးဗွတ်ခ်

ရီးရဲလ်ဘက်တစ် – ဆေးလ်ဗား၊ ရူအီဘယ်၊ ပက်ဇဲလ်လာ၊ ရိတ်ဒ်၊ မီရန်ဒါ၊ ရိုဒရီဂွက်ဇ်၊ ကာဗယ်လ်ဟို၊ ဖော်နဲလ်စ်၊ အစ္စကို၊ ဖက်ကီရာ၊ ဝီလီယံ ဂျိုဆေး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘက်တစ်က ၉ ကြိမ် အထိ အနိုင်ရခဲ့ပြီး ၂ ကြိမ် သရေကျကာ ဂီရိုနာ ကတော့ ဘက်တစ်ကို မနိုင်ဖူးသေးပါဘူး။ လာလီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဘက်တစ်က ၄ ကြိမ် နိုင်ပြီး ၁ ကြိမ်သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့ ဘက်တစ် အိမ်ကွင်းမှာ ကစားခဲ့စဉ်တုန်းက သရေကျခဲ့တာပါ။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဂီရိုနာက ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးခဲ့ပြီး ဘက်တစ်က ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2မှာ ဂီရိုနာ နိုင်ရင် ၁.၇၈ ဆ၊ ဘက်တစ် နိုင်ရင် ၃.၉၃ ဆနဲ့ သရေ ဆိုရင်တော့ ၃.၅၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဂီရိုနာက တစ်လုံး သရေလောက် ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင် ပျော်ရွှင်ရမယ့် ကြေးပေးထားပါတယ်။ ဂီရိုနာက နိုင်လိုက် ရှုံးလိုက် ဖြစ်နေပေမယ့် ဘက်တစ် ကလည်း ၃ ပွဲဆက် ရှုံးထားလို့ ခြေစွမ်းက မျှော်လင့်ချင်စရာ မရှိပါဘူး။ အိမ်ကွင်း ရလဒ်ကောင်းပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားစိုက်မယ့် ဂီရိုနာ ဘက်မှာ ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဂီရိုနာ ၂-၁ ရီးရဲလ်ဘက်တစ် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်