နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ဂီရိုနာ | လာလီဂါ

လာလီဂါ ကလပ် ဂီရိုနာ အသင်း ကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ကို ပြောင်းရွှေ့ကြေး ယူရို ၅ သိန်း+အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရ ပွဲအရေအတွက်အပေါ် မူတည်ပြီး အလွယ်တကူ ရရှိနိုင်မယ့် အပိုဆုကြေးနဲ့ အတူ ပြောင်းရွှေ့ကြေးက ယူရို ၄ သန်း ၅ သန်း အထိ ဖြစ်သွားနိုင်သလို ကစားသမားရဲ့ စွမ်းဆောင်ရည် အပေါ်မှာ မူတည်ပြီးတော့လည်း အပိုဆုကြေးတွေက ယူရို ၁၅ သန်း အထိ တိုးမြင့်သွားနိုင်တယ်လို့ သိပါတယ်။

ဒါ့အပြင် ဂီရိုနာက ဗန်ဒီဘိခ်ကို တခြား အသင်းတွေဆီ ပြန်လည် ရောင်းချခဲ့မယ် ဆိုရင် အဲ့ဒီ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အကျိုးခံစားခွင့် ရာခိုင်နှုန်း ကိုပါ sell-on clause ကိုပါ ထည့်သွင်းချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဗန်ဒီဘိခ် အနေနဲ့ ဂျီရိုနာ အသင်းနဲ့ အတူ ၂၀၂၈ ခုနှစ် ဇွန်လ အထိ ၄ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုသွားမှာပဲ ဖြစ်ပါတယ်။

 
ဒါကြောင့် လာလီဂါ ကလပ်က ကစားသမားအင်အား တောင့်တင်းစေရေး အတွက် လက်ရှိ နွေရာသီ ဈေးကွက်မှာ ကစားသမားသစ် တော်တော်များများ ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဂီရိုနာကို ပြောင်းရွှေ့ကြေး ပေါင် ၅ သန်း+အပိုဆုကြေးတွေနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒီဘိခ်

အသက် (၂၇) နှစ် အရွယ် နယ်သာလန် လက်ရွေးစင်ဟောင်း ဒွန်နီ ဗန်ဒီဘိခ်ဟာ ဒက်ချ် ကလပ် အေဂျက်စ် အသင်းနဲ့အတူ ဥရောပ ဘောလုံးစင်မြင့်ထက်မှာ တောက်ပခဲ့သူ ဖြစ်ပေမယ့်လည်း ယူနိုက်တက်ကို ပြောင်းရွှေ့ချိန်မှာ ရုန်းကန်ခဲ့ရသူပါ။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ အလျောက် ပွဲကစားခွင့်တွေပါ နည်းပါးလာခဲ့ရပြီး နောက်ပိုင်းမှာ ခြေစွမ်းပိုင်းလည်း ကျဆင်းခဲ့ရပါတယ်။ ဒါကြောင့် အဲဗာတန်နဲ့ ဖရန့်ဖတ်လို အသင်းတွေ မှာပါ ရာသီဝက် အငှားတွေနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိမှာ ဗန်ဒီဘိခ်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သလို အနာဂတ်လည်း မရေရာတော့တာကြောင့် ဒီနွေမှာပဲ အသင်းကနေ အပြီးသတ် ထွက်ခွာဖို စီစဉ်ခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက် ဘက်ကလည်း ဗန်ဒီဘိခ်ကို ရောင်းချချင်နေခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အပြောင်းအရွှေ့ အထမြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဂီရိုနာက လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲခွင့်ရထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က ကစားသမားအင်အား တောင့်တင်းစေရေး အတွက် လက်ရှိ နွေရာသီ ဈေးကွက်မှာ ကစားသမားသစ် တော်တော်များများ ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ အလက်ဆစ် ဂါဆီယာကို လေဗာကူဆင် အသင်းထံ လက်လွတ်ထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂါဆီယာ နေရာမှာ အစားထိုးဖို့ အတွက် ထိပ်တန်း ကွင်းလယ်လူ တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ အပယ်ခံ ကစားသမားကို မျက်စိကျလာခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အသင်း အတွက် အသုံးမတည့်နိုင်တော့တဲ့ ကစားသမား တော်တော်များများကို ရောင်းထုတ်သွားဖို့ စီစဉ်လျက် ရှိပြီး ရာသီသစ်မှာ အောင်မြင်မှု ရရှိဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။ ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင်တွေက အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ စိတ်ကြိုက် လုပ်ဆောင်ခွင့် ရှိနေပြီး ဈေးကွက် အတွင်းမှာလည်း ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ စတင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ဘယ်ကစားသမားကိုမှ အတည်တကျ ခေါ်ယူထားနိုင်ခြင်းတော့ မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်