နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယာမယ် အနေနဲ့ ဆက်လက် တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောလာတဲ့ ဖလစ်ခ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် ကတော့ အသင်းရဲ့ ကြယ်ပွင့် လမင်း ယာမယ်ကို ချီးကျူးခဲ့ပေမယ့် ဆက်လက် တိုးတက်အောင် ကြိုးစားဖို့ လိုအပ်နေသေးကြောင်း ပြောဆိုလာခဲ့ပါတယ်။

ဟန်ဆီ ဖလစ်ခ်က လမင်း ယာမယ် အနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တယ်လို့ ချီးကျူးစကား ပြောကြားခဲ့တာ ဖြစ်ပြီး အသက် ၁၇ နှစ် အရွယ် ကစားသမား အနေနဲ့ ကစားပုံ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေတာပါ။ ယာမယ်ဟာ မကြာသေးခင်က ကျင်းပ ပြီးစီးခဲ့တဲ့ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ စပိန် အတွက် ပါဝင်ကစားပေးခဲ့ပြီး စပိန် အတွက် ၅ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်ဟာ စပိန်တို့ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်း တစ်သင်း ဖြစ်လာဖို့ အတွက် အဓိကကျခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

စပိန်သားဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိ ကစားပေးခဲ့ပြီး ၇ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ လမင်း ယာမယ်နဲ့ ပတ်သတ်လို့ ဖလစ်ခ်က “သူက ပြီးခဲ့တဲ့နှစ်မှာ တကယ်ကို အလုပ်ကောင်းကောင်း လုပ်ခဲ့ပါတယ်။ သူက အများကြီး တိုးတက်လာပြီး ဒီအဆင့်မှာ ရပ်မနေပဲ ရှေ့ဆက်နေပါတယ်။ ယူရိုမှာ သူလုပ်ခဲ့တာတွေက မယုံနိုင်စရာပါပဲ၊ ဒါပေမယ့် အခုချိန်မှာတော့ စီနီယာ ကစားသမားကြီးတွေက သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပံ့ပိုးပေးနေကြပြီး သူ့အတွက်လည်း ခြေနှစ်ချောင်းလုံး ကွင်းထဲမှာ ရှိနေဖို့ လိုအပ်နေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖလစ်ခ်က“သူက အရမ်းတော်တဲ့သူပါ၊ သူရောက်လာချိန်မှာ သူနဲ့ စကားပြောရမှာ ဖြစ်ပြီး အခု သူဟာ ဒီအသင်းမှာ ရှိနေပါပြီ။ သူက ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ပေးစွမ်းရှိနေပါတယ်။ ဒါပေမယ့် သူက တိုးတက်ဖို့ လိုအပ်နေပြီး အရာအားလုံးကို ပိုကောင်းအောင် လုပ်နိုင်စွမ်းလည်း ရှိပါတယ်။ သူက ကျွန်တော် တို့ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ သူက တကယ့်ကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟန်ဆီ ဖလစ်ခ်ဟာ ပြီးခဲ့တဲ့ မေလက ဇာဗီ ဆီကနေ ဘာစီလိုနာ နည်းပြ ရာထူးကို လွှဲပြောင်းရယူခဲ့ပြီးနောက် ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပထမဦးဆုံး အင်တာဗျူးကို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖလစ်ခ်က ဘာစီလိုနာကို မရောက်ခင်မှာ ဂျာမနီ လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ပြီး ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်မှာတော့ ဘေယန်မြူးနစ်ကို နှစ်နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ် အပါအဝင် ချန်ပီယံဆု ၇ ဆုကို ရယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာ လာလီဂါ ချန်ပီယံဆုကို ကာကွယ်နိုင်ခြင်း မရှိခဲ့ဘဲ ရီးရဲလ်မက်ဒရစ်ရဲ့ အနောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် ကတော့ လာလီဂါ ကလပ်ကို ပြောင်းရွှေ့ခဲ့တာက ဆုဖလားတွေ ရယူလိုတဲ့ ဆန္ဒကြောင့် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားခဲ့ပါတယ်။

ဖလစ်ခ်က “လာလီဂါက အရေးကြီးတဲ့ ပြိုင်ဆိုင်မှု တစ်ခု ဖြစ်ပြီး ကျွန်တော် တို့ရဲ့ ရည်မှန်းချက် ကြီးကြီးမားမားကို မပြောခင်မှာ ကြိုးကြိုးစားစား လုပ်ရတာ ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီကလပ်က အမြဲတမ်း အမှတ်ပေးဖလားတွေ ရယူချင်ပါတယ်၊ ဒါကြောင့် ကျွန်တော် ဒီကို ရောက်နေတာပါ။ ကျွန်တော့်ကို နောက်ထပ် ရက်သတ္တပတ် အနည်းငယ်လောက် အချိန်ပေးရင် အခုထက် ပိုကောင်းအောင် ဖြေဆိုနိုင်ပါလိမ့်မယ်။ ဒါက ကျွန်တော့် အလုပ်ပါ။ ကျွန်တော်ဟာ နည်းပြ တစ်ယောက် ဖြစ်ပြီး ဘာစီလိုနာရဲ့ နည်းပြလည်း ဖြစ်တာကြောင့် ဘာတွေဖြစ်လာမလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ရလဒ်တွေက အရမ်း အရေးကြီးပေမယ့် အဆုံး မှာတော့ ကျွန်တော်တို့ ကောင်းကောင်း ကစားပြီး ကွင်းထဲမှာ အရာအားလုံးကို ပေးဆပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေ အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားရပါမယ်၊ နောက်ပြီးရင်တော့ ကစားသမားတွေက ကွင်းထဲမှာ ကြိုးစားပမ်းစား လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော့် အတွက် ဒါဟာ အရေးကြီးပါတယ်။” လို့ ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်