နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီကို ရီးရဲလ်မက်ဒရစ်ဆီ လာဖို့ နေ့စဉ် တိုက်တွန်းနေတဲ့ ကာဗာဟယ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ်က ရိုဒရီကို မန်စီးတီးကို စွန့်ခွာပြီး သူ့ရဲ့ အသင်းထံ ပြောင်းရွှေ့လာခဲ့ဖို့ နေ့တိုင်း တိုက်တွန်းလျက် ရှိတယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

လာလီဂါ ချန်ပီယံ ရီးယဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးတဲ့ ရာသီကုန်ချိန်မှာ အသင်းရဲ့ အဓိက ကွင်းလယ် ဗိုလ်ချုပ် တိုနီ ခရူးစ်ကို လက်လွှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ဝါရင့် ကွင်းလယ် ဖန်တီးရှင် တစ်ဦး ဖြစ်တဲ့ လူကာ မိုဒရစ်နဲ့ ကလည်း လမ်းခွဲရဖို့ တဖြည်းဖြည်း နီးကပ်လာတာကြောင့် အရည်အသွေးမြင့် ကွင်းလယ်လူ တစ်ဦး ရှာဖွေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသလို သူ့ရဲ့ ပြည့်ဝတဲ့ အတွေ့အကြုံနဲ့ နည်းစနစ်ပိုင်း ပိုင်နိုင်မှုတွေကြောင့် ရီးရဲလ်မက်ဒရစ်လို အသင်း အတွက် လိုအပ်နေသူ ဆိုရင်လည်း မမှားပါဘူး။ ဒီအချိန်မှာ လာလီဂါ ကလပ်ရဲ့ ဝါရင့် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ်က သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ ရိုဒရီကို မန်စီးတီး ကနေ စွန့်ခွာပြီးတော့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကာဗာဟယ်က COPE နဲ့ အင်တာဗျူးမှာ“ကျွန်တော်က ကျွန်တော်တို့ အသင်းဆီ ပြောင်းရွှေ့လာဖို့ သူ့ကို နေ့တိုင်း ပြောဆိုနေခဲ့တာ။ မင်း မန်ချက်စတာ ကနေ ထွက်သွားလိုက်ပါ။ အဲ့ဒီမှာက နေရောင်လည်း မရှိဘူး။ မက်ဒရစ်ဆီကို လာခဲ့ပါ။ ငါတို့က မင်းကို လိုအပ်နေပါတယ်။ နောက်ပြီး မက်ဒရစ် ဆိုတာ ကလည်း မင်းရဲ့ နေရာပဲမလားလို့ နေ့တိုင်းကို ပြောခဲ့တယ်။ သူကတော့ ဟုတ်ပြီ။ ကောင်းပြီ။ ကျွန်တော့် မှာက မန်စီးတီးနဲ့ စာချုပ်ချုပ်ရှိနေသေးတယ်။ ပြီးတော့ စာချုပ် ဖျက်သိမ်းကြေးလည်း မပါဝင်နေပါဘူးလို့ ပြောတယ်။ ဒါက ကျွန်တော့်ကို ခေတ္တ ရပ်တန့်စေတယ်။ နှောင့်နှေးသွားစေရတယ်။ ဒါပေမယ့် ခေါ်ယူမှုသာ ဖြစ်ခဲ့မယ် ဆိုရင် ဒီခေါ်ယူမှုက အရမ်းကို ပြီးပြည့်စုံတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာမှာ သံသယဝင်စရာ မရှိပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် စပိန် ကွင်းလယ် ခံစစ် ကစားသမား ရိုဒရီဟာ လွန်ခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ကမှ အက်တလက်တီကိုမက်ဒရစ် ကနေ မန်စီးတီး အသင်းဆီ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာစီးတီးရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ရကာ အသင်းနဲ့လည်း ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။ ရိုဒရီဟာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်မှာ ၂၀၁၈ ယူအီးအက်ဖ်အေ စူပါဖလား ရရှိခဲ့ပြီး မန်စီးတီး မှာတော့ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ ချန်ပီယံလိဂ်၊ စူပါဖလား၊ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်စီ ရရှိခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်