နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆဲလ်တာဗီဂို ခြေစွမ်းကျနေမှုကို ဘက်တစ်တို့ အခွင့်ကောင်းယူနိုင်မလား | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

ဆဲလ်တာဗီဂို – ရီးရဲလ်ဘက်တစ်

လာလီဂါ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဆဲလ်တာဗီဂို ကတော့ ရီးရဲလ်ဘက်တစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ဆဲလ်တာဗီဂိုရဲ့ ဒီရာသီ ခြေစွမ်းက အားရစရာ မရှိပါဘူး။ ရာသီ အစမှာ တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့ပြီး နောက်ပိုင်းမှ အနည်းငယ် ပြန်လည် တည်ငြိမ်စပြုလာတာ တွေ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဗီလာရီးရဲလ်ကို ရှုံးပြီး ၅ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ထားခဲ့ပါတယ်။ လက်ရှိ လာလီဂါ တန်းဆင်းဇုန်ထဲမှာ ရောက်ရှိနေပြီး ရမှတ် ကလည်း ၁၃ မှတ်သာ ရရှိထားပါသေးတယ်။

ဘက်တစ် ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပေမယ့် အခြေအနေ ကောင်းနေတာတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးတော့ ဒဏ်ရာပြသနာတွေရဲ့ နှိပ်စက်ခြင်း ခံနေရာတာ ဖြစ်ပါတယ်။ ဥရောပဝင်ခွင့် တစ်နေရာ အတွက် တိုက်ပွဲဝင်နေတဲ့ ဘက်တစ်တို့ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်နိုင်ဖို့ လိုအပ်နေပေမယ့် လက်ရှိ ကစားသမား အင်အားနဲ့ ခက်ခဲနေဦးမှာ သေချာပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဆဲလ်တာဗီဂိုမှာ ရစ်စတစ်၊ အိုင်ဒူး၊ စတားဖဲလ် တို့ ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။

ဘက်တစ် ဘက်မှာလည်း ဆာဘာလီ၊ နာဘယ် ဖက်ကီရာ၊ ရိုကာ၊ ဘာထရာ၊ ဘယ်လာရင်၊ ရိုဒရီဂတ်ဇ်၊ ဘရာဗို၊ အက်ဇဲလ်ဇူလီတို့ ပါဝင်ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဆဲလ်တာဗီဂို – ဂွိုက်တာ၊ ဗက်ဇ်ကွက်ဇ်၊ ဒိုမီနီဂတ်ဇ်၊ နူနက်ဇ်၊ ဆန်းချက်ဇ်၊ မင်ဂွဲဇား၊ ဒိုတာ၊ တာပီရာ၊ ဒူဗီကတ်စ်၊ လာဆန်

ရီးရဲလ်ဘက်တစ် – ဆေးလ်ဗား၊ ရူအီဘယ်၊ ပက်ဇဲလ်လာ၊ ဆိုကရေးတစ်၊ မီရန်ဒါ၊ အော်လ်တာမီရာ၊ ကာဗယ်လ်ဟို၊ ဒီယောင်၊ အစ္စကို၊ ပီရက်ဇ်၊ ဝီလီယံ ဂျိုဆေး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဘက်တစ် ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပေမယ့် အခြေအနေ ကောင်းနေတာတော့ မဟုတ်ပါဘူး။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေတဲ့ ဘက်တစ်

ဒီနှစ်သင်း အကြား ၂၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဆဲလ်တာဗီဂိုက ၆ ကြိမ်နိုင်ပြီး ဘက်တစ်က ၈ ကြိမ် နိုင်ကာ ၈ ကြိမ် သရေကျထားပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဆဲလ်တာဗီဂိုက ဘက်တစ်ကို ၃ ကြိမ် နိုင်ပြီး ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ကြည့်ရင်တော့ ဆဲလ်တာဗီဂိုက ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး ဘက်တစ်က ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာတော့ ဆဲလ်တာဗီဂို နိုင်ရင် ၂.၄၂ ဆ၊ ရီးရဲလ်ဘက်တစ် နိုင်ရင် ၂.၇၃ ဆခွဲနဲ့ သရေ ဆိုရင် ၃ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ ဆဲလ်တာဗီဂိုက သရေ တစ်ဝက် ရှုံးကြေးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံး ကနေ စဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေလို့ ခန့်မှန်းရခက်ပါတယ်။ ထူးခြားချက်က ဒီနှစ်သင်း တွေ့ရင် သရေရလဒ် ထွက်ပေါ်လေ့ ရှိတာပါ။ ဒါကြောင့် ဒီပွဲ ကိုတော့ ၃ ဆ ကျော် ရမယ့် သရေ ရလဒ်ကိုပဲ အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဆဲလ်တာဗီဂို ၁-၁ ရီးရဲလ်ဘက်တစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်