နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်ဘာပေးနဲ့ အဆင်မပြေ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဘယ်လင်ဟမ်နဲ့ ရိုဒရီဂို | လာလီဂါ

ဒီရက်ပိုင်း အတွင်း ကီလီယန် အမ်ဘာပေးနဲ့ အန်းဒရစ်ခ်တို့ ရောက်ရှိလာခြင်းနဲ့ အတူ ရီးရဲလ်မက်ဒရစ်ရဲ့ အဝတ်လဲခန်း အတွင်းမှာ တင်းမာမှုတွေ ရှိနေတယ် ဆိုပြီး စပိန် သတင်းဌာနေ တော်တော်များများ ဖော်ပြလျက် ရှိနေပါတယ်။ ဒါပေမယ့် အခုလို အခြေအနေမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ် ကတော့ အသင်း အတွင်းမှာ တင်းမာမှု လုံးဝ မရှိကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်က မီဒီယာတွေ ဖော်ပြနေသလိုမျိုး သတင်းတွေက လုံးဝမမှန်ကန်ကြောင်းနဲ့ ဒါဟာ အသင်းကို ပြိုကွဲအောင် ရေးသားနေကြခြင်းသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်က “လူမှုကွန်ရက် စာမျက်နှာတွေမှာ အများကြီး တွေ့မြင်နေရပါတယ်။ အမ်ဘာပေး ရောက်လာလို့ ရိုဒရီဂို နေရာ ပျောက်မယ်။ ဒါမှမဟုတ် ကျွန်တော် နေရာ ပျောက်မယ် ဆိုတာမျိုးတွေပေါ့။ ဒါတွေက ကျွန်တော်တို့ အသင်းကို ပြိုကွဲအောင် ရေးသားဖော်ပြနေကြတာပါ။ အမ်ဘာပေး ရောက်လာပြီးနောက် ဗင်နီးစီးယပ်စ်၊ ရိုဒရီဂိုနဲ့ ကျွန်တော် တို့ရဲ့ ဆက်ဆံရေးတွေက ကောင်းမွန်လျက် ရှိပါတယ်။ ကျွန်တော် တို့က ကွင်းတွင်းရော ကွင်းပြင်ပမှာပါ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ စတုဂတ်နဲ့ ပွဲမှာ ကျွန်တော်တို ဘယ်လို ကစားခဲ့တယ် ဆိုတာ မြင်ကြပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဘရာဇီးလ် လက်ရွေးစင် အသင်းဖော် နေမာ ဂျူနီယာ ကလည်း အမ်ဘာပေးနဲ့ တွဲဖက် ကစားရခြင်းနဲ့ ပတ်သတ်လို့ သတိပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ရိုဒရီဂို ကတော့ သူ့အနေနဲ့ အမ်ဘာပေးနဲ့ ဆက်ဆံရေး ကောင်းမွန်ကြောင်း ပြောကြားထားခဲ့ပါတယ်။ နေမာဟာ သူ့ရဲ့ ဘရာဇီးလ် အသင်းဖော်တွေကို အမ်ဘာပေးနဲ့ တွဲကစားရင် အကြီးအကျယ် ဒုက္ခရောက်စေနိုင်တယ်လို့ ဆက်သွယ် သတိပေးခဲ့ကြောင်း သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ လာလီဂါ ကလပ်ဟာ အသင်းကြီး တစ်သင်းရဲ့ ကစားဟန်တွေ ပျောက်ဆုံးနေကြောင်း ဝန်ခံထားပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

ကီလီယန် အမ်ဘာပေးနဲ့ နေမာ တို့ဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ ခြောက်နှစ်ကြာ တွဲဖက်ကစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီကာလ အတွင်း နေမာက ဒဏ်ရာပြဿနာတွေ ၁၃၆ ပွဲသာ အမ်ဘာပေးနဲ့ တွဲဖက် ကစားခဲ့ရပါတယ်။ အဲဒီကာလ အတွင်းမှာ ဒီကစားသမား နှစ်ဦးက လီဂူဝမ်း အမှတ်ပေးချန်ပီယံဆု ၄ ကြိမ် အပါအဝင် ပြည်တွင်း ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ပြင်သစ် နာမည်ကြီး သတင်းထောက် စီရယ်လ် ဟာနူနာက နေမာဟာ ကီလီယန် အမ်ဘာပေးရဲ့ အကြောင်းကို ရီးရဲလ်မက်ဒရစ်မှာ ရှိတဲ့ ဘရာဇီးလ် ကစားသမားတွေကို ဆက်သွယ် သတိပေးခဲ့တယ် ဆိုပြီး အတိအလင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သား ရိုဒရီဂို ကတော့ “အမ်ဘာပေး၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ် တိုနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အရမ်းကို ကောင်းမွန်ပါတယ်။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ ပိုကောင်းလာကြသလို ရင်းနှီးမှုတွေလည်း တိုးတက်လာကြပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

စတုဂတ်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ် လိဂ် အဆင့် အဖွင့်ပွဲ မှာတော့ ရိုဒရီဂိုက အမ်ဘာပေးရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ လာလီဂါ ကလပ်ဟာ အသင်းကြီး တစ်သင်းရဲ့ ကစားဟန်တွေ ပျောက်ဆုံးနေကြောင်း ဝန်ခံထားပါတယ်။ ဒါကြောင့် အန်ဆယ်လော့တီက ၄-၄-၂ အခင်းအကျင်းနဲ့ ပြောင်းလဲ ကစားဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါမှာ ၅ ပွဲ ကစားပြီးချိန် ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ရှုံးပွဲ မရှိ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ်ကို အမှီလိုက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်