နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကန်ဆယ်လိုကို ခေါ်ချင်ပေမယ့် ငွေမတတ်နိုင် ဖြစ်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ မန်ချက်စတာစီးတီး အသင်းရဲ့ ပေါ်တူဂီ ဘယ်နောက်ခံလူ ယာအို ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်က ကန်ဆယ်လို အတွက် မန်စီးတီး ဘက်က သတ်မှတ် ထားတဲ့ တန်ကြေး အတိုင်း ကမ်းလှမ်းမှု ပြုလုပ်ဖို့တော့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တူဂီ ကစားသမားတွေ ဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ယာအို ဖီးလစ်တို့ကို အငှားစာချုပ်တွေနဲ့ ခေါ်ယူထားခဲ့ပေမယ့် ဒီကစားသမား ၂ ဦးစလုံးကို အပြီးသတ် ခေါ်ယူဖို့ ကတော့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာက ဘီလ်ဘာအိုရဲ့ စပိန် လက်ရွေးစင် တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ်နဲ့ လိုက်ပ်ဇစ်က စပိန် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမို တို့ကို ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်းနေပါတယ်။ ဒါကြောင့် ဘာစီလိုနာက ကန်ဆယ်လိုနဲ့ ယာအို ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာတော့ ပေါ့လျော့သွားဖွယ် ရှိနေပါတယ်။

ဒီကစားသမား ၂ ဦးစလုံး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ဆက်လက် လက်တွဲသွားချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကန်ဆယ်လို အတွက် မန်စီးတီး ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ အထိ လိုချင်နေသလို နောက်တစ်ရာသီ ထပ်ပြီး အငှားချဖို့လည်း ငြင်းဆန်ထားပါတယ်။ ဘာစီလိုနာ ကတော့ နီကို ဝီလီယမ်စ်နဲ့ ဒန်နီ အော်လမိုတို့ အတွက် အသုံးစရိတ်ကို အနိမ့်ဆုံး ယူရို သန်း ၁၀၀ အထိ အသုံးပြုသွားရဖို့ ရှိနေပါတယ်။ လက်ရှိ မှာတော့ ဘာစီလိုနာက ကစားသမား ၃ ဦး ရောင်းချထားပြီး အဲ့ဒီ ကနေ ယူရို ၁၈ သန်းသာ ရရှိထားတာကြောင့် အသင်း ကနေ ထိပ်တန်း ကစားသမား တစ်ဦး ရောင်းချရဖို့ ရှိသလို ကန်ဆယ်လိုနဲ့ ဖီးလစ် တို့ကို ခေါ်ယူဖို့ အတွက်လည်း လက်လျှော့ရနိုင်ဖွယ် ရှိနေပါတယ်။

ကန်ဆယ်လို အနေနဲ့ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာဆီ မပြောင်းရွှေ့နိုင်ခဲ့ရင်တောင် မန်စီးတီးနဲ့ ပြန်လည် ပူးပေါင်းလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မန်စီးတီး ဘက်ကလည်း ကန်ဆယ်လိုကို အသင်း ကနေ အပြီးတိုင် ရောင်းချချင်နေတာကြောင့် ဒီနွေရာသီမှာ ကန်ဆယ်လို အနေနဲ့ အခြားအသင်း တစ်သင်း ကိုတော့ ရောက်ရှိသွားဖွယ် ရှိနေပါတယ်။ လက်ရှိ မှာတော့ ပေါ်တူဂီ ဘယ်နောက်ခံလူကို အင်တာမီလန်နဲ့ ဂျုဗင်တပ်စ် တို့က စိတ်ဝင်စားနေပြီး အခြေအနေ စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

ဘင်ဖီကာ အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ လက်ရှိ အသက် ၃၀ အရွယ် ကန်ဆယ်လိုဟာ ဗလင်စီယာ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ မန်ချက်စတာစီးတီး၊ ဘေယန်မြူးနစ်၊ ဘာစီလိုနာ အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး ဖြစ်နေဆဲ ကန်ဆယ်လို အနေနဲ့ ပပ် ဂွာဒီယိုလာနဲ့ ပြန်ပြီး အဆင်ပြေဖို့ ရှိနေပေမယ့် လာလီဂါ ကလပ် မှာပဲ ကစားချင်နေတာ ဖြစ်ပါတယ်။ကန်ဆယ်လိုဟာ ယူရို ၂၀၂၄ မှာ ပေါ်တူဂီ အတွက် ဂျော်ဂျီယာနဲ့ တစ်ပွဲသာ လွဲချော်ခဲ့ပြီး ကျန်ပွဲ အားလုံးမှာတော့ မိနစ် တော်တော်များများ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ ဘယ်နောက်ခံလူက ဘင်ဖီကာနဲ့ အတူ အမှတ်ပေးဖလား၊ ဂျူဗင်တပ်စ်နဲ့ အတူ စီးရီးအေ၊ စူပါကိုပါအီတလီယာ၊ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ ခရာဘောင်ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ဒုတိယ ၁ ကြိမ်၊ ဘေယန်မြူးနစ်နဲ့ ဘွန်ဒက်စ်လီဂါ ၁ ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်