နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒန်နီ အော်လမိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ လိုက်ပ်ဇစ် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဘာစီလိုနာဟာ စပိန် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ အတွက် အခုနွေရာသီမှာ အစဉ်တစိုက် ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ ၂၀၃၀ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ် ချုပ်ဆိုဖို ပုဂ္ဂိုလ်ရေး အရေ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ 

 ဒါ့အပြင် လာလီဂါ ကလပ်က အော်လ်မိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ လိုက်ပ်ဇစ်နဲ့လည်း သဘောတူညီမှု ရရှိဖို့ အတွက် ကြိုးပမ်းနေပါတယ်။ ဘာစီလိုနာ ဘက်က အော်လမို အတွက် ပြောင်းရွှေ့ကြေး သီးသန့် ယူရို ၅၅ သန်း + အလွယ်တကူ ရရှိနိုင်မယ့် အပိုဆုကြေး ယူရို ၄ သန်း + ခက်ခဲဖွယ် ရှိနိုင်တဲ့ အပိုဆုကြေး ယူရို ၃ သန်း စုစုပေါင်း ယူရို ၆၂ သန်းတန် စာချုပ်နဲ့ တရားဝင် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူရို ၂၀၂၄ ချန်ပီယံ စပိန် လက်ရွေးစင် အသင်းရဲ့ တောင်ပံကစားသမား နီကို ဝီလီယမ်စ်နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမို တို့ကို ခေါ်ယူဖို အတော်လေး စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကစားသမား ၂ စဦးလုံး ကိုလည်း အသင်းရဲ့ အဓိက ပစ်မှတ်တွေ အဖြစ်ပါ လူသိရှင်ကြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် စပိန် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လ်မိုဟာ ၂၀၁၃ ခုနှစ်မှာ ဘာစီလိုနာ လူငယ်အသင်းဆီကို ရောက်ရှိခဲ့သူ ဖြစ်ပြီး တစ်နှစ် အကြာမှာပဲ ခရိုအေးရှား ကလပ် ဒိုင်နမို ဇာဂရက်ဘ် အသင်းထံ ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၀ ခုနှစ် မှာတော့ ဂျာမန် ကလပ် လိုက်ပ်ဇစ် အသင်းထံ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။

အော်လမိုဟာ ယူကရိန်း ကလပ် ဒိုင်နမိုဇာဂရက်ဘ်မှာ ကစားစဉ်ကတည်းက ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ စပိန်သားက လိုက်ပ်ဇစ်ကို ရောက်ရှိလာချိန်မှာတော့ ပိုကောင်းတဲ့ ခြေစွမ်း၊ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထပ်မံ ပြသနိုင်ခဲ့ပြီး ထိပ်တန်း ကလပ်တွေကို ပိုပြီး စွဲဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဒန်နီ အော်လ်မိုကို သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ လာလီဂါ ကလပ်နဲ့ အပြိုင် မန်ချက်စတာစီးတီး အသင်း ကလည်း စိတ်ဝင်စားနေပြီး ဒီနွေရာသီ ဈေးကွက် အတွင်းမှာပဲ အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိနေတာပါ။ 

အစောပိုင်းမှာ အော်လမိုနဲ့ လိုက်ပ်ဇစ် အသင်း အကြားမှာ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း ၆၀ အထိ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အဲဒီ စာချုပ်ဖျက်သိမ်းကြေး အတွက် သတ်မှတ်ထားတဲ့ နေ့ရက်က ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ လိုက်ပ်ဇစ် ဘက်က သူတို့ရဲ့ ကစားသမားကို ယူရို သန်း ၆၀နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံ စဉ်းစားပေးသွားဖို့ ရှိနေတယ် ဆိုပြီး ကြေညာခဲ့ပါတယ်။

အစောပိုင်း ကမ်းလှမ်းမှုကို ပြန်ကြည့်ရင် ဘာစီလိုနာက အော်လမို အတွက် ယူရို သန်း ၆၀နဲ့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ အော်လမို အတွက် ယူရို သန်း ၄၀ ကို လာမယ့် ၂၀၂၅ ခုနှစ် ကနေ စလို့ ယူရို ၁၀ သန်းစီ တစ်နှစ်ချင်း အရစ်ကျ ပေးချေသွားမှာ ဖြစ်ပြီး ကျန်တဲ့ ယူရို သန်း ၂၀ ကိုတော့ အပိုဆုကြေး အဖြစ် ယူရို ၁၀ သန်းစီ ခွဲကာ ပေးချေချင်တာ ဖြစ်ပါတယ်။ ဘာစီလိုနာ တို့ အပိုဆုကြေး ပေးချေမယ့် ပုံစံ ကလည်း အော်လမို အနေနဲ့ ၂၀၂၉ ခုနှစ် အတွင်း ဘာစီလိုနာနဲ့ လာလီဂါ ဖလား ၂ ကြိမ် ရရင် ယူရို ၁၀ သန်း၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် ရရင် ယူရို ၁၀ သန်း ဆိုပြီး ပေးချေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဒီကမ်းလှမ်းချက် ကိုတော့ လိုက်ပ်ဇစ် ဘက်က လုံးဝစိတ်မဝင်စားမှု မရှိပဲ ချက်ချင်းဆိုသလိုပဲ ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်