နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇာဗီ နေရာမှာ ဟန်ဆီ ဖလစ်ခ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းဟာ လက်ရှိ နည်းပြ ဇာဗီကို ထုတ်ပယ်သွားဖွယ် ရှိနေပြီး ရာသီသစ်မှာ ဟန်ဆီဖလစ်ခ်ကို ပြောင်းလဲ တာဝန်ပေးအပ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ဘေယန်မြူးနစ်နဲ့ ဂျာမနီ လက်ရွေးစင် အသင်း နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်ကို ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဇာဗီ ကတော့ အခုနှစ် နွေရာသီမှာ ရာထူး ကနေ နှုတ်ထွက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလကပဲ သူ့အနေနဲ့ စာချုပ် ကုန်ဆုံးတဲ့ အချိန်ထိ ဘာစီလိုနာမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာဟာ အဓိက လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အား စိန်ခေါ်နိုင်စွမ်း မရှိတဲ့ အသင်းရဲ့ အခြေအနေကို ဒေါသထွက်နေပြီး ဇာဗီရဲ့ နေရာမှာ အခြား နည်းပြ တစ်ဦးနဲ့ အစားထိုးဖို့ စဉ်းစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဇာဗီကို အချိန်အတိုင်းအတာ တစ်ခု အထိ ယုံကြည်မှု ပေးခဲ့ပေမယ့် လက်ရှိ မှာတော့ စပိန်သားရဲ့ အရည်အချင်း အပေါ် မေးခွန်းထုတ်စရာတွေ ရှိလာတာကြောင့် နည်းပြသစ် တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အားကစား ဒါရိုက်တာ ဒေကိုနဲ့ ဘောလုံးပေါင်းစပ် ညှိနှိုင်းရေးမှူး ဘိုဂျန် ကာကစ်တို့ဟာ လန်ဒန်ကို ရောက်ရှိကြောင်း ESPNက ဖော်ပြခဲ့ပြီး အဓိက ကတော့ ဟန်ဆီဖလစ်ခ်နဲ့ အေးဂျင့် ဖြစ်သူ ပီနီ ဇဟာဗီ တို့နဲ့ တွေ့ဆုံဖို့ ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာ ဟန်ဆီ ဖလစ်ခ်ရဲ့ မှတ်တမ်းတွေနဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပြီး အသင်းနဲ့ ကိုက်ညီမှု ရှိမယ့် နည်းပြ အဖြစ် ရှုမြင်နေတာကြောင့် သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ကြောင်းလည်း သတင်းတွေ ဖော်ပြနေပါတယ်။

ဒါကြောင့် လာမယ့် တနင်္လာနေ့မှာ လာလီဂါ ကလပ်နဲ့ ဇာဗီတို့ဟာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်ချဖွယ် ရှိနေပါတယ်။ တဆက်တည်းမှာပဲ ဇာဗီနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ဟန်ဆီ ဖလစ်ခ်နဲ့ အလျင်အမြန် အစားထိုးနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့တဲ့ ဘာစီလိုနာ

ဒီကိစ္စနဲ့ ပတ်သတ်လို့ ဇာဗီ ကတော့ “ကလပ်က ကျွန်တော့်ကို စိတ်ငြိမ်သက်မှု ပေးထားပါတယ်။ ဒီထက် ပိုပြီး မပြောနိုင်ပါဘူး၊ ပြီးတော့ ကျွန်တော့် အနေနဲ့ ဒီရာသီ ပြီးတဲ့နောက် နောက်နှစ်တွေ မှာလည်း ဆက်လက် ရင်ဆိုင်ဖို့ ဆန္ဒရှိပါတယ်။ ဒီထက်ပိုပြီး မပြောနိုင်ဘူး။ ဘာမှ အပြောင်းအလဲ မရှိပါဘူး” လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး ဇာဗီက “ဇာတ်လမ်းတွေကို ကျွန်တော် စိတ်မဝင်စားပါဘူး။ အချက်အလက်တွေကို မြင်နေရပေမယ့်လည်း စိတ်မဝင်စားဘူး။ ဥက္ကဌရဲ့ ယုံကြည်မှုက အရင်အတိုင်းပါပဲ၊ ဒေကို အနေနဲ့ မီဒီယာတွေနဲ့ တွေ့ပြီး ဖွင့်ဟဖို့ လိုအပ်ပါတယ်။ လာပေါ်တာနဲ့လည်း အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ စကားပြောဖို့ လိုအပ်တယ် ဆိုရင်လည်း ပြောမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြသစ် ဖြစ်လာဖွယ် ရှိတဲ့ ဟန်ဆီ ဖလစ်ခ်ဟာ ဘေယန်မြူးနစ်နဲ့ ဘွန်ဒက်စ်လီဂါ၊ ချန်ပီယံလိဂ်၊ ပိုကယ်ဖလား၊ ဥရောပစူပါဖလား၊ ဂျာမန် စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတို့ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာတော့ အားရစရာ စွမ်းဆောင်ရည် မပြသနိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဖလစ်ခ်ဟာ ဂျာမနီ လက်ရွေးစင် အသင်း သမိုင်းမှာ ထုတ်ပယ်ခံရတဲ့ ပထမဦးဆုံး နည်းပြလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်