နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ကျဂိုးတွေနဲ့ အိမ်ကွင်းမှာ ၃ မှတ် အပြည့် ရခဲ့တဲ့ အက်တလက်တီကို (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

အက်တလက်တီကို မက်ဒရစ် ၃-၂ ဗလင်စီယာ

ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ အက်တလက်တီကို မက်ဒရစ် ကတော့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂၂ မှာတော့ နိုင်ပွဲ ပြန်လည် ရှာတွေ့သွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်အထိ ဧည့်သည် ဗလင်စီယာရဲ့ ၂ ဂိုးပြတ် ဦးဆောင်ခြင်းကို ခံထားရပေမယ့် လက်ကျန် မိနစ်တွေမှာ အကောင်းဆုံး ပုံစံ ပြန်လည် ရရှိမှုနဲ့ အတူ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့လို့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက အဖိုးတန် အိမ်ကွင်း နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အက်တလက်တီကို မက်ဒရစ်ရော ဗလင်စီယာပါ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ကြပြီး အနိုင် ၃ မှတ် အရယူဖို့ ပစ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အက်တလက်တီကိုရဲ့ ၄-၄-၂ ကစားကွက်မှာ လူးဝစ်ဇ် ဆွာရက်ဇ်၊ ဂျာအို ဖီးလစ်တို့ တိုက်စစ်မှာ ဦးဆောင်လာခဲ့ပြီး ကွင်းလယ် မှာတော့ ကိုကီ၊ ဒီပေါလ်၊ ကာရက်စ်ကို၊ လီမာ၊ ခံစစ်နဲ့ ဂိုးမှာတော့ ဟာမိုဆို၊ ဂျင်မီနက်ဇ်၊ လိုဒီ၊ ဗက်ဆဲလ်ဂျစ်ကို၊ အိုဘလက်ခ် တို့ ပွဲထွက်ခဲ့ကြပါတယ်။ ဗလင်စီယာ ကတော့ ၅-၃-၂နဲ့ ခံစစ်ကို အလုံခြုံဆုံး ပိတ်ကစားဖို့ ရည်ရွယ်ခဲ့ပုံရပြီး ဂွန်ဆယ်လို ဂူဒက်စ်၊ ကားလို့စ် ဆိုလာ၊ ဒီရာခါဘီ၊ မူဆာ တို့နဲ့ လူစုံခဲ့ပါတယ်။ အိမ်ကွင်း အားသာချက်နဲ့ အတူ အက်တလက်တီကို မက်ဒရစ်တို့ ပြိုင်ဘက်ကို ဦးဆောင်နိုင်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် ပွဲအစပိုင်းဆို အထနှေးတတ်တာကို မပြင်ဆင်နိုင်ခဲ့လို့ ဧည့်သည် အသင်းရဲ့ ဦးဆောင်ဂိုးတွေ သွင်းယူခြင်းကို ခံခဲ့ရပါတယ်။ ဗလင်စီယာ အတွက် ပထမ ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၂၅ မိနစ်မှာ လူငယ်တောင်ပံ ကစားသမားလေး ယူနက်စ် မူဆာ က အက်တလက်တီကို မက်ဒရစ် နောက်ခံလူတွေရဲ့ ပေါ့ဆမှုကနေ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒုတိယဂိုး ကိုလည်း တိုက်စစ်မှူး ဟူဂို ဒူရိုက ပြိုင်ဘက် နောက်ခံလူတွေ ကြားကနေ တစ်ကိုယ်တော် ဖောက်ထွက်ပြီး သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း တစ်ပိုင်းလုံး အိမ်ရှင် ကစားသမားတွေ ခြေစွမ်းနဲ့ ကစားကွက် လမိုင်းကပ် မနေခဲ့တာကြောင့် ၀-၂ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း မှာတော့ နည်းပြ ဒီယေဂို ဆီမြွန်နီ အနေနဲ့ ချေပဂိုးတွေ ရရှိဖို့ နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ လိုဒီ အစား အိန်ဂျယ် ကော်ရီယာ ဝင်ရောက်လာချိန် မှာတော့ အက်တလက်တီကိုတို့ တိုက်စစ် ကစားပုံ ပုံစံကျလာခဲ့ပြီး ဗလင်စီယာ ဂိုးပေါက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ စတင် ပြုလုပ်လာနိုင်ခဲ့ပါတယ်။ အဲ့နောက် ဂျာအို ဖီးလစ် အစား ဖီလစ်ပီ၊ သောမက်စ်လီမာ အစား မာသီးယက်စ် ကွန်ဟာ ဝင်ရောက်လာချိန် မှာတော့ ကစားပုံ တည်ငြိမ်သထက် တည်ငြိမ်လာခဲ့ပြီး သွင်းဂိုးတွေ စတင် ရရှိဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၆၄ မိနစ်မှာ ကာရက်စ်ကိုရဲ့ ထောင့်ကန်ဘော ကန်တင် ပေးပို့မှုကို လူစားဝင် ကွင်းလယ် တိုက်စစ် ကစားသမား မားသီးယပ်စ် ကွန်ဟာက ပိတ်သွင်းပြီး ပထမ ချေပဂိုး ရယူပေးခဲ့ပါတယ်။ အဲ့နောက်ပိုင်း မှာတော့ ဗလင်စီယာတို့ မော့စ်ကီယာ၊ ဗက်ဇ်ကွက်ဇ် တို့ကို လူစားဝင်ခိုင်းခဲ့ပြီး ခံစစ်ကို ပိုမို အားပြုခဲ့လို့ အက်တလက်တီကို တို့ ဂိုးရဖို့ ခက်ခဲ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီနေ့ပွဲမှာ တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် အနေနဲ့ အခွင့်အရေးတွေကို အကြိမ်ကြိမ် ဖြန်းတီးနေခဲ့တာကြောင့် အိမ်ရှင်တို့ ဂိုးရမယ့် အခြေအနေတွေနဲ့ ဝေးနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီးမှာ အိန်ဂျယ် ကော်ရီယာနဲ့ ဟာမိုဆို တို့က ဒုတိယချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပေးနိုင်ခဲ့လို့ ပွဲအဖြေ ပြောင်းသွားခဲ့ပြီး အက်တလက်တီကို မက်ဒရစ်တို့ အိမ်ကွင်းမှာ အဖိုးတန် ၃ မှတ် ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အချုပ်အားဖြင့် ဆိုရရင် အက်တလက်တီကို မက်ဒရစ်တို့ ဒီနေ့ပွဲမှာ အထနှေးခဲ့တဲ့ အပြင် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ပိုင်း တော်တော်လေး ညံ့ဖျင်းမှုကြောင့် ဦးဆောင်ဂိုးတွေနဲ့ ဝေးနေခဲ့တဲ့ အပြင် ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီမြွန်နီရဲ့ အသင်း ကတော့ ဆီမြွန်နီရဲ့ အသင်းပဲ ဖြစ်ပြီး ပွဲပြီးခါနီး Miracle Moment တွေကို ဖန်တီးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အက်တလက်တီကို မက်ဒရစ်တို့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရလဒ် ဆိုးရွားနေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ရမှတ် ၃၆ မှတ်နဲ့ အတူ လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာကို အရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ ဆီဗီလာနဲ့ သရေကျခဲ့တဲ့ အဆင့် ၅ နေရာက ဆိုစီဒက် ထက် တစ်ပွဲ ပိုကစားကာ ၃ မှတ်ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗလင်စီယာ ကတော့ နောက်ပိုင်း ပွဲတွေမှာ အသင်းကြီး အသင်းငယ် မရွေး ပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားနိုင်ခဲ့ပေမယ့် ရလဒ်ပိုင်း အရတော့ စိတ်ပျက်စရာ ကောင်းနေဆဲ လို့ပဲ ဆိုရပါမယ်။ လာလီဂါ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ဗလင်စီယာတို့ လက်တလော အဆင့် ၉ နေရာမှာ ရပ်တည်နေပေမယ့် လာမယ့် ပွဲတွေမှာ ရမှတ်တွေ ထပ်ပြီး ဆုံးရှုံးနေဦးမယ် ဆိုရင်တော့ အဆင့် ထပ်ကျသွားနိုင်တဲ့ အရိပ်အယောင်တွေ မြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဘာစီလိုနာနဲ့ အရေးပါတဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိပြီး ဗလင်စီယာ ကတော့ ၃ ရက်နေ့မှာ တန်းဆင်းဇုန် ထဲက ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ကာဒစ်ဇ်နဲ့ ကိုပါဒယ်ရေး ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်