နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဗာရက်ဇ်ရော ဂယ်လာဟာကိုပါ အရခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ မနေ့ညကပဲ သူတို့ရဲ့ ပစ်မှတ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ ကော်နာ ဂယ်လာဟာ တို့ကို ခေါ်ယူဖို့ Here We Go သွားခဲ့ပြီလို့ သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ်က ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂါလာဟာနဲ့ အရင်ဦးဆုံး သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ယူရို ၄၂ သန်း ၅ နှစ် စာချုပ်နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လာလီဂါ ကလပ်နဲ့ ထပ်မံ Here We Go ခဲ့သူ ကတော့ မန်ချက်စတာစီးတီးရဲ့ တိုက်စစ် ကစားသမား ဟူလီယန် အဲလ်ဗာရက်ဇ် ဖြစ်ပါတယ်။ ဒီကစားသမား အတွက် ကိုတော့ လာလီဂါ ကလပ်က ယူရို ၉၅ သန်း (ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း+အပိုဆုကြေးက ယူရို သန်း၂၀) ၅ နှစ် စာချုပ်နဲ့ပဲ သဘောတူညီမှု ရရှိခဲ့တာပါ။

ဂယ်လာဟာကို

လာလီဂါ ကလပ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ရီးရဲလ်ဆိုစီဒက် ဗဟိုခံစစ်မှူး ရော်ဘင် လီနော်မန်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူထားသလို ဗီလာရီးရဲလ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ် ကိုလည်း ပေါင် ၂၇ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ကစားသမား အထွက် အနေနဲ့ ကတော့ ဆိုရွန်ချူကို ဖီနာဘာချီဆီ ရောင်းချထားပြီး ဆာအူးလ် နီဂွက်ဇ် ကိုတော့ ဆီဗီလာဆီ အငှားချထားပါတယ်။ နောက်ဆုံး အပြောင်းအရွှေ့ အနေနဲ့ ကတော့ တိုက်စစ်မှူး မိုရာတာကို အေစီမီလန် အသင်းထံ ပေါင် ၁၁ သန်းထဲနဲ့ ရောင်းချထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ် ကစားသမား ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ၂ဝ၂၂ ခုနှစ်မှာ အာဂျင်တီးနား ကလပ် ရေးဗားပလိတ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီး အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၃) ပွဲ အထိ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အဓိက ပွဲစဉ် အများစု မှာတော့ ဟာလန်း ကသာ အဲလ်ဗာရက်ဇ်ထက် ပိုမို ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အဲလ်ဗာရက်ဇ် ဘက်က တော်တော်လေး စိတ်ပျက်နေပြီး အသင်း ပြောင်းချင်ခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အရည်အသွေးမြင့် တိုက်စစ် ကစားသမားတစ်ဦး ဖြစ်သလို မန်စီးတီးမှာလည်း (၂) ရာသီ အတွင်း ပွဲပေါင်း (၁၀၀) ကျော် ကစားခဲ့ရင်း (၃၆) ဂိုးသွင်း (၁၈) ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗာရက်ဇ်က နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားသလို အဓိက ပြိုင်ပွဲကြီး ၃ ခုဆက် ချန်ပီယံ ဖြစ်ထားသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်