လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ လက်ရှိ နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေခဲ့တယ်လို့ သိရပါတယ်။ လာလီဂါ ကလပ်ဟာ နာမည်ကြီး နည်းပြ တချို့ကို ပစ်မှတ်ထားနေပေမယ့်လည်း အရန် အသင်း နည်းပြ ဖြစ်တဲ့ ကစားသမားဟောင်း ဖာနန်ဒို တောရက်စ်က ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
မက်ဒရစ် အခြေစိုက် အက်တလက်တီကိုမက်ဒရစ် ကတော့ ၂၀၁၁ ခုနှစ် ကတည်းက အသင်းနဲ့ လက်တွဲခဲ့တဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ဒီယေဂို ဆီမြွန်နီနဲ့ လာမယ့် နွေရာသီမှာ လမ်းခွဲဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တီကို အနေနဲ့ နည်းပြသစ် တစ်ဦး မဖြစ်မနေ အစားထိုးဖို့ အတွက် ရှာဖွေဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၅၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆီမြွန်နီဟာ အက်တလက်တီကိုမက်ဒရစ် အတွက် လာလီဂါ ချန်ပီယံဆု ၂ ကြိမ် ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆီမြွန်နီ အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ လွှမ်းမိုးထားတဲ့ လိဂ်မှာ အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် မှာလည်း ဗိုလ်လုပွဲကို ၂ ကြိမ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဆီမြွန်နီဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ကိုပါဒယ်ရေးဖလား ၁ ကြိမ်၊ စပိန် စူပါဖလား ၁ ကြိမ်၊ ယူရိုပါလိဂ် ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၂ ကြိမ် ရယူပေးထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီမြွန်နီ အနေနဲ့ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ နောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေသလို အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း ကိုလည်း မြင့်တက်လာအောင် ပြုလုပ်ပေးနိုင်ခြင်း မရှိလို့ အက်တလက်တီကိုမက်ဒရစ် တာဝန်ရှိသူတွေက ယူဆနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မက်ဒရစ် ကလပ်က နှစ်ပေါင်း များစွာ လက်တွဲလာတဲ့ ဆီမြွန်နီနဲ့ လမ်းခွဲဖို့ စီစဉ်နေခြင်းလည်း ဖြစ်ပါတယ်။
ဒီယေဂို ဆီမြွန်နီဟာ အက်တလက်တီကိုမက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ ဥရောပ ဘောလုံးလောကရဲ့ လုပ်ခ လစာ အများဆုံး နည်းပြ တစ်ဦး အဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အက်တလက်တီကိုမက်ဒရစ်က ဘောလုံး ဒါရိုက်တာသစ်နဲ့ ရှေ့ဆက်နေသလို ပြုပြင် ပြောင်းလဲမှုတွေလည်း ပြုလုပ်သွားဖို့ စီစဉ်နေတာကြောင့် ဆီမြွန်နီနဲ့ လမ်းခွဲရမယ့် အခြေအနေကို ရောက်လာခဲ့ပြီး အရန် အသင်း နည်းပြ တောရက်စ်ကို အစားထိုး ခန့်အပ်ဖွယ် ရှိကြောင်း စပိန် မီဒီယာများက ဖော်ပြနေကြတာ ဖြစ်ပါတယ်။
ဖာနန်ဒို တောရက်စ် ကတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်နဲ့ အတူ ကစားသမား ဘဝ စတင် ထင်ရှားလာခဲ့သူ ဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် ကစားခဲ့သူ ဖြစ်ပါတယ်။ တောရက်စ်ဟာ ပထမအကြိမ် အက်တလက်တီကို မက်ဒရစ်မှာ ပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့ပြီး ဒုတိယအကြိမ် မှာတော့ အငှားနဲ့ ၅၈ ပွဲ ကစားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.