နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် ဆောင်းရာသီမှာ ကစားသမား ခေါ်ယူ အားဖြည့်ပေးဖို့ ပီရက်ဇ်ကို တောင်းဆိုမယ့် အန်ဆယ်လော့တီ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ထံ တောင်းဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ အခုရာသီမှာ ခံစစ်ပိုင်းမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ဒေးဗစ် အလာဘာ ကလည်း ဇန်နဝါရီလကုန်ပိုင်း အထိ ကစားနိုင်ဖွယ် မရှိသေးပါဘူး။ ဒါ့အပြင် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် ကလည်း တံကောက်ကြော ဒဏ်ရာကြောင့် အခုရာသီကုန် အထိ အနားယူရတော့မှာ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ခံစစ်ပိုင်းမှာ ပြဿနာ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ညာနောက်ခံလူ နေရာမှာ တိုက်စစ် ကနေ ခံစစ်ကို ပြောင်းလဲ ကစားနိုင်တဲ့သူ ဆိုလို့ ဝါရင့် ကစားသမား လူးကပ်စ် ဗက်စ်ကွက်ဇ် တစ်ဦးသာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

စပိန် နာမည်ကြီး သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီဟာ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ အသင်းရဲ့ အထွေထွေမန်နေဂျာ ဆန်းချက်ဇ်၊ အားကစား ဒါရိုက်တာ ဆိုလာရီ တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံမှု မှာတော့ သူတို့ ၃ ဦး အနေနဲ့ အသင်းရဲ့ ဒဏ်ရာ ပြဿနာ အခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြပြီးတော့ ဒဏ်ရာရနေတဲ့ ကစားသမားတွေရဲ့ နေရာမှာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေကို အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ တိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ အခုရာသီမှာ ခံစစ်ပိုင်းမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ဒေးဗစ် အလာဘာ ကလည်း ဇန်နဝါရီလကုန်ပိုင်း အထိ ကစားနိုင်ဖွယ် မရှိသေးပါဘူး။
ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်

ကာလို အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ ကတည်းက ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ လိုလားခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ လိုင်လီ အသင်းရဲ့ ပြင်သစ် လူငယ် နောက်ခံလူ လီနီ ယိုရိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ ယိုရို အတွက် လိုင်လီ အသင်း တောင်းဆိုတဲ့ စျေးကို မပေးလိုတာကြောင့် ကစားသမားဟာ မန်ချက်စတာယူနိုက်တက် ကိုသာ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အန်ဆယ်လော့တီ၊ ဆန်းချက်ဇ်နဲ့ ဆိုလာရီ တို့ဟာ လာမယ့် ဇန်နဝါရီလမှာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ လိုအပ်တာတွေကို သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်အား ဖြည့်တင်းမှုတွေ မပြုလုပ်နိုင်ခဲ့ရင်တော့ အခုရာသီ အသင်းရဲ့ ရည်မှန်းချက်တွေကို ထိခိုက်နိုင်တယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ၊ အထွေထွေ မန်နေဂျာ ဆန်းချက်ဇ်နဲ့ အားကစား ဒါရိုက်တာ ဆိုလာရီ တို့ဟာ အသင်း ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ တွေ့ဆုံကာ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ပေးဖို့ တိုက်တွန်းသွားမယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ထိပ်တန်း တာဝန်ရှိသူတွေ အနေနဲ့ လူသစ် ခေါ်ယူရာမှာ အသင်းနဲ့ ရေရှည် အဆင်ပြေမယ့်သူကိုသာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ရာသီမှာ ခံစစ်ပိုင်းကို အဓိက အင်အား ဖြည့်တင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အစောပိုင်းမှာ ရရှိထားတဲ့ သတင်းတွေ အရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ထရန့် အလက်ဇန္တား အာနိုးလ်၊ ဝီလီယမ် ဆလီဘာ၊ ရိုဒရီ တို့လို ကစားသမားတွေကို ခေါ်ယူပြီးတော့ ကြယ်စင်စု အသင်း အဖြစ် တည်ဆောက်သွားချင်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်