နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်ကို လာလီဂါ ပွဲစဉ် ၂၀၀ ပြည့်မြောက်အောင် ကိုင်တွယ်ခဲ့ပြီ ဖြစ်တဲ့ အန်ဆယ်လော့တီ | လာလီဂါ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ ဆဲလ်တာဗီဂိုကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့ပြီးနောက် နည်းပြ ဘဝ လာလီဂါ ပွဲ ၂၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါဟာ လာလီဂါ သမိုင်းတစ်လျှောက် ဒီပွဲ အရည်အတွက် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ ပထမဦးဆုံး အီတလီ လူမျိုး နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၆၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကာလို အန်ဆယ်လော့တီ ကတော့ ရီးရဲလ်မက်ဒရစ်ကို ဒုတိယအကြိမ်မြောက်နဲ့ ၆ ရာသီမြောက် ကိုင်တွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အန်ဆယ်လော့တီက လာလီဂါ ပွဲပေါင်း ၂၀၀ ပြည့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီ အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပထမအကြိမ် ကိုင်တွယ်ခဲ့စဉ် ၂၀၁၃ ဇွန်လ ကနေ ၂၀၁၅ မေလအထိ အထိ လာလီဂါ ပွဲစဉ် ၇၆ ပွဲနဲ့ ဒုတိယအကြိမ် ၂၀၂၁ ဇွန်လ ကနေ လက်ရှိအချိန်ထိ ၁၂၄ ပွဲကိုင်တွယ်ထားခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီ အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို လာလီဂါ ပွဲစဉ် ၂၀၀ ကိုင်တွယ်ခဲ့ရာမှာ ၁၄၃ ပွဲ နိုင်၊ ၃၃ ပွဲ သရေ၊ ၂၄ ပွဲ ရှုံးရလဒ်ကို ရရှိခဲ့ပြီး လာလီဂါ ချန်ပီယံဆု ၂ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က အန်ဆယ်လော့တီ ကိုင်တွယ်ခဲ့တဲ့ ၅ ရာသီ အတွင်း အဆင့် ၂ ပြင်ပကို တစ်ကြိမ်သာ ရောက်ရှိခဲ့ပြီး ပထမဦးဆုံး ကိုင်တွယ်ခဲ့တဲ့ ၂၀၁၃/၁၄ ဘောလုံးရာသီမှာ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အန်ဆယ်လော့တီ အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပထမအကြိမ် ကိုင်တွယ်ခဲ့စဉ် ၂၀၁၃ ဇွန်လ ကနေ ၂၀၁၅ မေလအထိ အထိ လာလီဂါ ပွဲစဉ် ၇၆ ပွဲနဲ့ ဒုတိယအကြိမ် ၂၀၂၁ ဇွန်လ ကနေ လက်ရှိအချိန်ထိ ၁၂၄ ပွဲကိုင်တွယ်ထားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို နိုင်ပွဲ ရာခိုင်နှုန်း အများဆုံး ရှာဖွေထားနိုင်တဲ့ နည်းပြ အဖြစ် မှတ်တမ်းဝင်နေတဲ့ အန်ဆယ်လော့တီ

အန်ဆယ်လော့တီ အနေနဲ့ လာလီဂါ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲ ၂၀၀ ပြည့်တဲ့ ပထမဆုံး အီတလီ လူမျိုး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ဂန္ထဝင် နည်းပြကြီး မီဂွယ်လ် မူနော့ဇ် ၄၂၄ ပွဲရဲ့နောက် ရီးရဲလ်မက်ဒရစ် သမိုင်းတစ်လျှောက် လာလီဂါ ပွဲစဉ် ၂၀၀ ပြည့် ကိုင်တွယ်တဲ့ ဒုတိယမြောက် နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

အန်ဆယ်လော့တီ အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ စံချိန်မှတ်တမ်း များစွာ တင်ရှိခဲ့သလို၊ ရီးရဲလ်အား ၆ ရာသီ အတွင်း ပြိုင်ပွဲစုံ ၃၀၄ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၂၁၉ ပွဲ အနိုင်ရရှိခဲ့ပြီး အနိုင်ရာခိုင်နှုန်း ၇၃ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲ ၂၀၀နဲ့ အထက် ကိုင်တွယ်ခဲ့သူတွေထဲမှာ အနိုင်ရာခိုင်နှုန်း အများဆုံးလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၃ ကြိမ်၊ လာလီဂါ ၂ ကြိမ် အပါအဝင် အဓိက ဆုဖလား ၁၄ လုံး အထိ ရယူနိုင်ခဲ့ပြီး မူနော့ဇ် (၁၄ လုံး)နဲ့ အတူ အအောင်မြင်ဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်ပါတယ်။ ဆဲလ်တာဗီဂိုကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ အန်ဆယ်လော့တီ လက်ထက် ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းမှာ ၄၂ ပွဲ အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲ သမိုင်း တစ်လျှောက် ပွဲဆက် အများဆုံး ရှုံးပွဲ မရှိ စံချိန်တင်ထားတဲ့ မဟာပြိုင်ဘက် ကလပ် ဘာစီလိုနာရဲ့ စံချိန် ၄၃ ပွဲ ကို လိုက်မီဖို့ တစ်ပွဲသာ လိုအပ်တော့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က လာမယ့် ရက်သတ္တပတ်မှာ လာလီဂါ ပွဲစဉ် ၁၁ ပွဲ အဖြစ် ဘာစီလိုနာနဲ့ အဲလ်ကလက်ဆီကို အိမ်ကွင်း ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ မရှုံးနိမ့်အောင် ကစားခဲ့နိုင်ခဲ့ရင် ဘာစီလိုနာရဲ့ စံချိန်ကို လိုက်မီနိုင်မှာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီ ကတော့ ရီးရဲလ်နဲ့ ၂၀၂၆ ခုနှစ် နွေရာသီ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပြီး အခုရာသီတွင် ဆုဖလားတွေ ရယူနိုင်ပါက စံချိန် မှတ်တမ်းသစ်တွေ ထပ်မံ ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်