နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲဆက်တဲ့ ဘာစီလိုနာ – လာလီဂါ ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်ဆိုစီဒက် ၁ – ၆ ဘာစီလိုနာ

ဘာစီလိုနာကတော့ ချန်ပီယံလိဂ် ကို လက်ပြခဲ့ရအပြီးမှာ လာလီဂါ ဘက် မျှားဦးလှည့်လာပြီး ဂိုးပြတ် နိုင်ပွဲတွေလည်း ရှာတွေ့နေခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်က လာလီဂါမှာ တော်လျောက် တိုက်စစ်ခြေစွမ်းပြပြီး နိုင်ပွဲတွေ ရရှိထားခဲ့တဲ့ ဘာစီလိုနာတို့ အခုပွဲမှာလည်း ရီးရဲယ်ဆိုစီဒက်ကို အဝေးကွင်းမှာ ၁-၆ နဲ့ ထပ်မံအနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာကို ရယူနိုင်ခဲ့ပါပြီ။

ဒီနေ့ပွဲမှာ ဘာစီလိုနာ တိုက်စစ်က ဒမ်ဘီလီ ဦးဆောင်လာပြီး ဂရစ်ဇ်မန်း၊ မက်ဆီတို့နဲ့ အားဖြည့်ခဲ့သလို ကွင်းလယ်မှာလည်း အဲလ်ဘာ၊ ပက်ဒရီ၊ ဘူးစကွတ်၊ ဒက်စ်၊ နောက်တန်းမှာ လန်းဂ်လတ်၊ ဒီယောင်၊ မင်ဂူဆာ၊ ဂိုးမှာ တာစတီဂန်ကို အသုံးပြုခဲ့ပါတယ်။ အိမ်ရှင် ရီးရဲယ်ဆိုစီဒက် ဘက်မှာတော့ ပေါ်တူ၊ အိုက်ဇက်ခ်၊ အိုရာဇာဘယ်၊ ဂိုရိုဆဘဲလ်၊ ဂူဗာရာ၊ မာရီနို၊ မာကွယ်လန့်ဇ်၊ ဇူဘယ်ဒီရာ၊ ဇူဘီမန်ဒီ၊ နော်မဒ်၊ ရီမီယို တို့ပါဝင်လာပါတယ်။ အစောပိုင်းမှာ ကတည်းက ဘာစီလိုနာတို့ ရီးရဲယ်ဆိုစီဒက် ဘက်ကို တရစပ်ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ မရရှိသေးပဲ ၃၇ မိနစ် အရောက်မှာတော့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဂရစ်ဇ်မန်းက စတင် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပထမပိုင်း ပြီးခါနီးမှာ မက်ဆီရဲ့ ပံ့ပိုးပေးမှုက တစ်ဆင့် ဒက်စ်က ဒုတိယဂိုး အဖြစ်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘာစီလိုနာတို့ ကစားပုံပို ကောင်းသထက် ကောင်းလာခဲ့ပြီး ၅၃ မိနစ်မှာ ဒက်စ်၊ ၅၆ မိနစ်မှာ မက်ဆီ၊ ၇၁ မိနစ်မှာ ဒမ်ဘီလီ၊ ၈၉ မိနစ်မှာ မက်ဆီ တို့က ဂိုးတွေသွင်းယူပေးခဲ့လို့ ၁-၆ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ရီးရဲယ်ဆိုစီဒက် အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ အန်ဒါ ဘာရန်နတ်ဆီရာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကိုယ်တိုင်လည်း သွင်းဂိုးတွေ တောက်လျောက်ပြန်ရနေပြီး လာလီဂါမှာ ၂၆ ပွဲကစားပြီး ၂၃ ဂိုး အထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂ ပွဲမှာ ၄ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးခဲ့တဲ့ မက်ဆီ

ပွဲပြီးသုံးသပ်ချက်

ဘာစီလိုနာ တို့ရဲ့ ကစားပုံက ချန်ပီယံလိဂ်မှာသာ ဖျင်းလွန်းပေမယ့် လာလီဂါနဲ့ ကိုပါဒယ်ရေးလို ပြည်တွင်းပြိုင်ပွဲတွေမှာတော့ တဖြည်းဖြည်း ကစားပုံ ပြန်ကောင်းလာတာ တွေ့ရတယ်။ တိုက်စစ်က ထက်မြတ်ပြီး ခံစစ်က ကျစ်လျစ် လာလို့ ဂိုးပြတ်နိုင်ပွဲတွေ အလီလီ ရရှိလာခဲ့တာတွေ့ရပါတယ်။ မက်ဆီကိုယ်တိုင်လည်း သွင်းဂိုးတွေ တောက်လျောက်ပြန်ရနေပြီး လာလီဂါမှာ ၂၆ ပွဲကစားပြီး ၂၃ ဂိုး အထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ရီးရဲယ်ဆိုစီဒက်ကတော့ ရာသီအစကနဲ့ မတူတော့ပဲ အဆိပ်မရှိတော့တာကြောင့် လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာ အထိ ရောက်ရှိနေပြီး အဆင့် ၄ နေရာက ဆီဗီလာ အသင်းနဲ့တောင် ၁၀ မှတ်အထိ ကွာဟနေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်ဆိုစီဒက်တို့ ဧပြီလ ၄ ရက်နေ့မှာ အက်သလက်တစ် ဘီလ်ဘာအို အသင်းနဲ့ ကစားဖို့ရှိပြီး ဘာစီလိုနာကတော့ ဗယ်လာဒိုးလစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်