နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်တလက်တီကို ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဘာကာ – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ ၁ – ၀ ရီးရဲယ်ဗယ်လာဒိုးလစ်

ဘာစီလိုနာတို့ မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီရဲ့ မိနစ် ၉၀ သွင်းဂိုးနဲ့အတူ ဗယ်လာဒိုးလစ်ကို  အနိုင်ရရှိပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ အခုပွဲမတိုင်ခင်က ထိပ်ဆုံး ကဦးဆောင်နေတဲ့ အက်တလက်တီကိုတို့ ဆီဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ်ဆုံးရှုံးခဲ့တာကို နောက်ကနေ တောက်လျောက် လိုက်လံ ဖိအားပေးနေတဲ့ ဘာစီလိုနာရော ရီးရဲယ်မက်ဒရစ်ပါ အခွင့်ကောင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ပြိုင်ဘက် အီဘာအသင်းကို အက်ဆန်စီယိုနဲ့ ဘန်ဇီမာသွင်းဂိုးတွေနဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာကတော့ အိမ်ကွင်းမှာ ဗယ်လာဒိုးလစ်ကို အနိုင်ရရှိဖို့ ရေကုန်ရေခမ်း ကစားခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ဘာစီလိုနာတို့ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အူစမန်နီဒမ်ဘီလီ ကို အထောင်ထားက မက်ဆီ၊ ဂရစ်ဇ်မန်းတို့နဲ့ ဝန်းရံစေပြီး ကွင်းလယ်နဲ့ ခံစစ်မှာတော့ ဒက်စ်၊ ဘူးစကွက်၊ ပက်ဒရီ၊ အလ်ဘာ၊ မင်ဂူဇာ၊ ဒီယောင်၊ လန်းဂ်လတ်၊ တာစတီဂန် တို့ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဘာစီလိုနာ တိုက်စစ်က တော်တော်လေး ထက်မြတ်ခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ပိုင်း ညံ့ဖျင်းမှုကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ နှစ်သင်းစလုံး သရေတစ်မှတ်စီခွဲယူ ရပြီလို့ ထင်ခဲ့ရပေမယ့် နောက်မိနစ် ရောက်မှ ဒမ်ဘီလီရဲ့ သွင်းဂိုးကြောင့် ဘာစီလိုနာ တို့ အသက်ရှူချောင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပံကနေ ဖရန်ကီဒီယောင် ဖြတ်တင်ပေးတဲ့ ဘောလုံးကို အာရူဂျိုက တစ်ဆင့်ခေါင်းတိုက်ပြန်ချပေးတဲ့ ဘောလုံးကို အသင့်စောင့်နေတဲ့ အူစမန်နီဒမ်ဘီလီက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်မယ်ဆိုရင် အက်တလက်တီကိုမက်ဒရစ် တို့ ရမှတ် ၆၆ မှတ်ရရှိထားပြီး ဒုတိယနေရာက ဘာစီလိုနာအသင်းကတော့ ၆၅ မှတ်၊ တတိယနေရာက ရီးရဲလ်မက်ဒရစ်က ၆၄ မှတ်နဲ့ အသီးသီးရပ်တည်နေပါတယ်။
ဘာစီလိုနာ အတွက် လာလီဂါ ချန်ပီယံအိမ်မက်ကို အသက်သွင်းပေးခဲ့တဲ့ ဒမ်ဘီလီ

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်အထိရရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက် ပြိုင်ဘက် အသင်းထက် အသာရခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီ၊ ဂရစ်ဇ်မန်းတို့ ဆန္ဒစောနေမှု၊ အဆုံးသတ်မသေချာမှုတွေ ကြောင့် နောက်ဆုံး မိနစ် ၉၀ ကျမှ လူငယ်ကစားသမား ဒမ်ဘီလီသွင်းဂိုးနဲ့အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုပါစေ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးက အက်သလက်တီကိုမက်ဒရစ်ကို တစ်မှတ် အကွာကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လာလီဂါ အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်မယ်ဆိုရင် အက်တလက်တီကိုမက်ဒရစ် တို့ ရမှတ် ၆၆ မှတ်ရရှိထားပြီး ဒုတိယနေရာက ဘာစီလိုနာအသင်းကတော့ ၆၅ မှတ်၊ တတိယနေရာက ရီးရဲလ်မက်ဒရစ်က ၆၄ မှတ်နဲ့ အသီးသီးရပ်တည်နေပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ရီးရဲယ်ဗယ်လာဒိုးလစ်ကတော့ လာလီဂါ တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၁၆ နေရာကို ရောက်ရှိနေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ ရီးရဲယ်မက်ဒရစ်နဲ့ လာလီဂါ အက်ကလက်ဆီကို ဒါဘီ ကစားရမှာ ဖြစ်လို့ အခုနှစ် အမှတ်ပေးချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ဗယ်လာဒိုးလစ် ကတော့ ဂရန်နာဒါနဲံ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်