နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရုရှားမြေမှာ ချဲလ်ဆီးတို့ အောင်ပွဲခံပါလိမ့်မယ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ခရက်စနိုဒါ vs  ချဲလ်ဆီး

အခုတစ်ပတ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဒုတိယနေ့မှာတော့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတို့ ရုရှားကလပ် ခရက်စနိုဒါနဲ့ အဝေးကွင်းပွဲစဉ် အဖြစ် သွားကစားရဖို့ရှိပါတယ်။ ဒီပွဲကတော့ အောက်တိုဘာလ ၂၉ရက် မြန်မာစံတော်ချိန် ည ၁၂နာရီ ၂၅မိနစ်မှာ ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။

ခရက်စနိုဒါကတော့ ချန်ပီယံလိဂ် အိမ်ဖြည့်အသင်းတစ်သင်း အဆင့်မှာပဲရှိပေမယ့် နောက်ပိုင်းနှစ်တွေမှာ ခြေပြန်တက်လာတဲ့ ရန်းစ်ကို သရေကစားထားနိုင်ပါတယ်။ နာမည်ကြီး ကစားသမားတွေ တစ်ဦးမှမပါပေမယ့်  ပြင်သစ်လီဂူး၀မ်းကလပ် ရန်းစ်ကို ကစားသွားတဲ့ပုံစံကတော့ သိပ်ပြီးမဆိုးလှတာ သတိထားမိကြမှာပါ။ ခရက်စနိုဒါတို့ လက်တလော ပြည်တွင်း ပွဲစဉ်တွေ မှာတော့ နိုင်ပွဲရဖို့ ရုံးကန်နေရပြီး အသင်းကြီးတွေနဲ့ ကစားတဲ့အချိန်မှာ အလိုလို ခြေပျက်သွားပြီး ဒိုင်နမိုကိဗ်နဲ့ စပါးတပ်စ် မော်စကိုတို့လိုအသင်းတွေကို ရှုံးနိမ့်ထားပါတယ်။ ရုရှားပရီးမီးယားလိဂ်မှာ ၁၂ပွဲကစား ၅ပွဲနိုင်၊ ၃ပွဲသရေ၊ ၄ပွဲရှုံးပြီး အဆင့် ၈နေရာမှာရပ်တည်နေပါတယ်။ နောက်ဆုံး ၅ပွဲ ရလဒ်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ ၂ပွဲနိုင်၊ ၂ပွဲသရေ နဲ့၁ပွဲရှုံးထားလို့ အခြေအနေမဆိုးဘူးလို့ ပြောလို့ရပေမယ့် ရုရှားကလပ် တွေနဲ့ ကစားတိုင်း အသာရခဲ့တဲ့ ချဲလ်ဆီးလို အသင်းမျိုးနဲ့ တွေ့ဆုံချိန်မှာတော့ ကျိန်းသေပေါက် ရုံးကန်ရဦးမှာပါ။ အခုပွဲအတွက် ခံစစ်က ဆာဂျီပီထရော့ဗ့်နဲ့ တောင်ပံ တိုက်စစ် ကစားသမား ဗစ်တာကလေ့ဆန်တို့ ပါ၀င်နိုင်ဦးမှာ မဟုတ်လို့ အားနည်းချက်တွေရှိလာနိုင်ပါတယ်။

 
ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဆီဗီယာ ကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးမရှိသရေကျထားလို့ ဒီပွဲမှာ ခြေစွမ်းကွာနေတဲ့ ရုရှားကလပ်ဆီကနေ ၃မှတ်အပြည့်ယူနိုင်ဖို့ ကျိန်းသေပေါက် ပြင်ဆင်လာပါလိမ့်မယ်။ ဖရန့်ခ်လမ်းပတ်ရဲ့ ချဲလ်ဆီးက ဒီရာသီမှာ ပေါင်သန်း ၂၀၀ကျော်သုံးပြီး ကစားသမားကောင်းတွေချည်းပဲ ၀ယ်ထားပါတယ်။ ဒါပေမယ့် အခုထက်ထိတော့ ‌လောက်လောက်လားလားခြေစွမ်းမပြနိုင်သေးတာ တွေ့ရပါတယ်။ ဒီရာသီမှာ ရှုံးပွဲတစ်ပွဲပဲရှိထားတယ် ဆိုပေမယ့် ၉ပွဲကစားထားချိန်မှာ ၅ပွဲသရေကျပြီး နိုင်ပွဲ ၃ပွဲပဲရှိထားပါတယ်။ ပရီးမီးယားလိဂ်မှာ ၆ပွဲကစားပြီး ၂ပွဲနိုင် ၃ပွဲ သရေနဲ့ ၁ပွဲရှုံးထားပါတယ်။ တိုက်စစ်ပိုင်းက သွင်းဂိုးတွေ ရပေမယ့် ခံစစ်ပိုင်းအားနည်းချက်ရှိနေတာကြောင့် မျှော်မှန်းထားသလောက် နိုင်ရမယ့် ပွဲတွေမှာ မနိုင်ပဲ သရေတွေနဲ့ပဲ ကျေနပ်ထားရတာပါ။ နောက်ဆုံး ၅ပွဲမှာ သရေ ၄ပွဲအထိ ကျထားတာကြောင့်လည်း ဖရန့်ခ်လမ်းပတ်ရဲ့ ဗျူဟာပိုင်းနဲ့ လူထုတ်ပုံကို မေးခွန်းထုတ်စရာရှိနေတာဖြစ်ပါတယ်။ လက်ရှိကစားသမားစုဖွဲ့မှုဟာ ကျန် ချန်ပီယံလိဂ် ပြိုင်ပွဲ၀င် အသင်းတွေ အားလုံးထက်တောင် နှာတဖျား‌သာ နေပါတယ်။တိုက်စစ်က တီမိုဝါနာ ချဲလ်ဆီးမှာ အသားကျလာပြီးတော့ သွင်းဂိုး‌ေတွစရလာပါတယ်။ ဟာကင်မ်ဇီယက်ခ်ျ၊ ပူလီဆစ် တို့ ဒဏ်ရာက သက်သာလာလို့ ချဲလ်ဆီးအတွက်တော့ အားရစရာပါ။ ကစားသမားကောင်းတွေချည်းပဲရှိနေပြီးတော့ ဒဏ်ရာရ/ပွဲပယ်ပြဿနာလည်းရှိမနေတဲ့ ချဲလ်ဆီးတို့ လမ်းပတ်ရဲ့ နည်းစနစ်ပိုင်းကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ အဓိကပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ ဆီဗီယာနဲ့ ရန်းစ်တို့ ထိပ်တိုက်တွေ့ဆုံနေလို့ ချဲလ်ဆီးတို့ အခုပွဲမှာ အခွင့်ကောင်းယူနိုင်ခဲ့မယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချန်ပီယံလိဂ် အိမ်ဖြည့်အသင်းတစ်သင်း အဆင့်မှာပဲရှိပေမယ့် နောက်ပိုင်းနှစ်တွေမှာ ခြေပြန်တက်လာတဲ့ ရန်းစ်ကို သရေကစားထားနိုင်ပါတယ်။
နောက်ဆုံးကစားထားတဲ့ ၅ ပွဲမှာ ၂ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးထားတဲ့ ခရက်စနိုဒါ

ဒီနှစ်သင်းကတော့ ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တစ်ခါမှမရှိသေးပါဘူး။ ခရက်စနိုဒါ ကတော့ မနှစ်က ရုရှားပရီးမီးယားလိဂ်မှာ အဆင့် ၃နေရာရရှိခဲ့လို့ ချန်ပီယံလိဂ် ခြေစစ်ပွဲ အဆင့်ကနေ စတင်ကစားခဲ့ရပါတယ်။ ဂရိကလပ် PAOK အသင်းကိုနှစ်ကျော့‌ပေါင်း ၄-၂နဲ့ အနိုင်ရပြီး အုပ်စုအဆင့်ကို တက်ရောက်ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ မနှစ်ကရာသီကုန်ခါနီးမှာ ခြေပြန်မှန်ခဲ့လို့ လစ်ဗာပူးလ်၊ ယူနိုက်တက်၊ မန်စီးတီးတို့နဲ့ အတူ ချန်ပီယံလိဂ် ၀င်ခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရက်စနိုဒါ vs ချဲလ်ဆီး အချိန်ပြည့် 1X2 ဧည့်သည် @ 1.40
အောက်တိုဘာလ ၂၉ ရက်, မနက်ပိုင်း ၁၂:၂၅ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၆.၈၀ဆ၊ ဧည့်သည်ဘက်က ၁.၄၀ ဆနဲ့ သရေအတွက် ၄.၈၀ ကြေးဖွင့် ထားပါတယ်။  ဒီပွဲအတွက် ခေါင်းရှုပ်ခံပြီး စဉ်းစားဖို့တော့ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ‌အဘက်ဘက်က ကွာဟနေတဲ့ အသင်း နှစ်သင်းတွေ့ဆုံမှုမှာ မထင်မှတ်တဲ့ရလဒ် ထွက်ဖို့ဆိုတာ သိပ်ရှားပါတယ်။ အိမ်ရှင် ခရက်စနိုဒါတို့ မျှော်လင့်နိုင်တာ ဆိုလို့ အိမ်ကွင်းမှာ ကစားရတာပဲ ရှိပါတယ်။ ချဲလ်ဆီး ကတော့ ရုရှားမြေမှာ ဘယ်လိုသွားကစားရတယ် ပြောပြော နိုင်ပွဲရဖို့ မခက်ပါဘူး။ နာမည်ကြီး ကစားသမားတွေ တပုံတပင်ရှိ‌ေနတဲ့ ချဲလ်ဆီးတိုက်စစ်က သွင်းဂိုးများများနဲ့ သွင်းနိုင်ဖို့ပဲ မျှော်လင့် ရမှာပါ။ ဒီပွဲမှာတော့ လမ်းပတ်ရဲ့ ချဲလ်ဆီးတို့ ပရိသတ်ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်