နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်က မထွက်ခွာမီ ထပ်တိုး ဆုဖလား အောင်မြင်မှု ယူပေးခဲ့တဲ့ ကလော့ပ် | ခရာဘောင်ဖလား ဗိုလ်လုပွဲ (ပွဲပြီးသုံးသပ်ချက်)

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာတော့ ယာဂင် ကလော့ပ်ရဲ့ လစ်ဗာပူးလ်က ပိုချက်တီနိုရဲ့ ချဲလ်ဆီးကို အချိန်ပိုမှာ ၀-၁နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါက လစ်ဗာပူးလ်နဲ့ ကလော့ပ် အတွက် ဂုဏ်ယူစရာကောင်းတဲ့ အောင်ပွဲ တစ်ခုလို့ ပြောလို့ ရပါတယ်။

လစ်ဗာပူးလ်ဟာ အနည်းလွန်းတဲ့ လူစာရင်း တစ်ခုနဲ့ ဗိုလ်လုပွဲမှာ ချဲလ်ဆီးလို နာမည်ကြီး ကစားသမားပေါတဲ့ အသင်းကို ကျော်ဖြတ် အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။ ကွင်းထဲမှာ စီနီယာကစားသမား ဆိုလို့ လက်ချိုးရေလို့ရတဲ့ အနေအထားမျိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ကစားခွင့်ရတဲ့ လူငယ်တွေ ကလည်း ဘာအမှားအယွင်းမှ မရှိခဲ့ပါဘူး။

ချဲလ်ဆီး ဘက်မှာ ပီထရိုဗစ်၊ ဒီယာဆီ၊ ကိုးဝဲလ်၊ ချေးဝဲလ်၊ ဂူစတို၊ အန်ဇို၊ ကိုင်စီဒို၊ ဂယ်လာဟာ၊ စတာလင်၊ ပါးလ်မား၊ ဂျက်ဆန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လစ်ဗာပူးလ် မှာတော့ အလီဆွန်၊ ဂျိုတာ၊ ဂျုံးစ်၊ ဆဘို့ဇ်လိုင်း၊ မက်တစ်ပ်၊ ဆာလာ၊ အာနိုးလ် တို့လို အဓိက ကစားသမားတွေ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ကယ်လာဟာ၊ ဘရက်ဒ်လီ၊ အန်ဒို၊ အဲလီယော့တ် တို့နဲ့ အတူ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ရော်ဘတ်ဆန်၊ မက်အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဂက်ခ်ပို၊ ဒီးယက်ဇ်တို့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လစ်ဗာပူးလ်က သမိုင်းတစ်လျှောက် ခရာဘောင်ဖလားမှာ ၁၀ ကြိမ် မြောက် ချန်ပီယံဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး အအောင်မြင်ဆုံး အသင်း အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲ ၆ ပွဲဆက်တိုက် ရှုံးခဲ့တဲ့ ချဲလ်ဆီး

ဒါပေမယ့်လည်း လစ်ဗာပူးလ်က ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ဂိုးသမား ကယ်လာဟာ အနေနဲ့လည်း တစ်ပွဲလုံး တည်ငြိမ်တဲ့ လက်စွမ်းနဲ့ အတူ ပါးလ်မား၊ ဂယ်လာဟာ တို့ရဲ့ ကန်ချက်တွေကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ VAR ရဲ့ ဆုံးဖြတ်ချက်တွေက အငြားပွားစရာ ဖြစ်ခဲ့ပြီး စတာလင်ရဲ့ ဂိုးရော၊ ဗန်ဒိုက်ခ်ရဲ့ ဂိုးပါ မရခဲ့လို့ နှစ်သင်းစလုံး နစ်နာခဲ့ရပါတယ်။ လစ်ဗာပူးလ် အတွက် အဖိုးတန် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၁၁၈ မိနစ်မှာ ဗာဂျယ် ဗန်ဒိုက်ခ်က ထောင့်ကန်ဘော ကတစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အမှန်တကယ်ဆိုရင် ချဲလ်ဆီး အတွက် နိုင်ကို နိုင်သင့်တဲ့ပွဲပါ။ လူစာရင်းနဲ့တင် လစ်ဗာပူးလ်ကို အပြတ်အသတ် သာခဲ့ပြီး ချဲလ်ဆီးတို့ ရှုံးခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်း ၃ ခုပဲ ရှိပါတယ်။ ပထမ တစ်ချက်က ပွဲချိန် တစ်ဝက်လောက်မှာတင် အသာစီးမယူနိုင်ခဲ့တာ၊ နည်းပြ ပိုချက်တီနိုရဲ့ မှားယွင်းတဲ့ ကစားသမား အပြောင်းအလဲတွေနဲ့ ခံစစ်မှူးတွေရဲ့ ပေါ့လျော့မှု ဖြစ်ပါတယ်။ အရေးကြီးနေတဲ့ အချိန်မှာ ဂယ်လာဟာကို ထုတ်ပြီး ဘာမှ မသေချာတဲ့ မူဒရစ်ခ်နဲ့ ချာလိုဘာ့ရ်ကို ထည့်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
ဘရန့်ဖို့ဒ်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 2.14
ဂိုးပေါ် 3.00 @ 1.98
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါကြောင့်လည်း ချဲလ်ဆီးဟာ ပြည်တွင်းဖလား ဗိုလ်လုပွဲ ၆ ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကလပ် အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ခရာဘောင်ဖလားဟာ အင်္ဂလန် ပြည်တွင်း ပြိုင်ပွဲတွေထဲမှာ ဆုကြေး အနည်းဆုံးနဲ့ အသင်းကြီး တော်တော်များများ သိပ်ပြီး အားစိုက်လေ့ မရှိတဲ့ ပွဲ ဖြစ်ပေမယ့် ရာသီကုန်ရင် ထွက်ခွာတော့မယ့် ကလော့ပ် အတွက်တော့ အနိုင်နဲ့ ပိုင်းနိုင်ခဲ့ခြင်းလို့ပဲ ဆိုရပါမယ်။ ဒါ့အပြင် လစ်ဗာပူးလ်က သမိုင်းတစ်လျှောက် ခရာဘောင်ဖလားမှာ ၁၀ ကြိမ် မြောက် ချန်ပီယံဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး အအောင်မြင်ဆုံး အသင်း အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ရက်မှာ ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ် ကစားရဖို့ ရှိပြီး ချဲလ်ဆီး ကလည်း လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်