နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖိအားတွေ အောက်ကနေ ခက်ခက်ခဲခဲ ရုန်းထွက်ရဦးမယ့် ဂျူဗင်တပ်စ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဆာဆူအိုလို – ဂျူဗင်တပ်စ်

ရလဒ်တွေ ဆိုးနေတဲ့ ဂျူဗင်တပ်စ် အတွက်တော့ နောက်ထပ် ခက်ခဲတဲ့ စီးရီးအေ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာပါ။ အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ ပွဲတော်တော်များများမှာ မာမာထန်ထန် တုံ့ပြန်တတ်တဲ့ ဆာဆူအိုလိုတို့ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကလည်း ရှိနေသေးလို့ ခြေပျက်နေတဲ့ ဂျူဗင်တပ်စ် ဆီကနေ အမှတ်ရဖို့ ကြိုးစားလာမှာ  သေချာပါတယ်။

ဆာဆူအိုလိုတို့ လက်ရှိမှာ ခြေစွမ်းကောင်းတစ်ခု ပြန်လည်ရရှိထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲအနိုင်ရပြီး သရေ ၁ ပွဲပဲ ရှိခဲ့ပါတယ်။ အတ္တလန္တာကို မှတ်မှတ်ရရ သရေကစားခဲ့လို့ ထိပ်ဆုံးက အင်တာမီလန်တို့ ရာသီမကုန်ခင်မှာတင် စီးရီးအေ ချန်ပီယံဆု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းကြီးတွေ ဖြစ်တဲ့ နာပိုလီ၊ အေစီမီလန်တို့ကို အနိုင်ရခဲ့ပြီး ရိုးမားကို သရေကစားခဲ့တာကို ကြည့်ခြင်းအားဖြင့် ဆာဆူအိုလိုတို့ စီးရီးအေ မှာ ဘယ်လောက်အထိ ကစားပုံ မာကျောတယ် ဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် ဆာဆူအိုလိုတို့ နောက်ပိုင်း ပွဲစဉ်တွေမှာဆိုရင် ခံစစ်က တော်တော်လေး ကျစ်လျစ်လာပြီး ပေးဂိုးလည်း နည်းလာတာ တွေ့ရပါတယ်။ ဒါ့ကြောင့် အခုပွဲမှာလည်း ခရစ္စတီယာနိုရော်နယ်ဒိုမှ ဂိုးမသွင်းနိုင်ရင် ရလဒ်ဆိုးတတ်တဲ့ ပီယာလိုရဲ့ အသင်းကို ကျိန်းသေပေါက် ဗျာများစေဦးမှာပါ။ နောက်ပြီး အသင်းမှာ ဒဏ်ရာ/ပွဲပယ် ကင်းရှင်းနေတဲ့ အချက်ကလည်း ဆာဆူအိုလိုတို့ အတွက် အားတက်စရာပါပဲ။ ဒီပွဲပြီးရင် ဆာဆူအိုလိုတို့ ပါးမား၊ လာဇီယိုတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဆာဆူအိုလိုတို့ ယူရိုပါလိဂ်ဝင်ခွင့် အတွက် အဓိကယှဉ်ပြိုင်ရမယ့် ရိုးမားထက် ပွဲချောင်နေပြီး လက်ကျန်ပွဲတွေမှာ မျှော်လင့်ချက် အပြည့်နဲ့ အကောင်းဆုံးကစားဖို့ ရည်ရွယ်နေပါလိမ့်မယ်။

ဒီရာသီမှာ အသင်းကြီးတွေ ဖြစ်တဲ့ နာပိုလီ၊ အေစီမီလန်တို့ကို အနိုင်ရခဲ့ပြီး ရိုးမားကို သရေကစားခဲ့တာကို ကြည့်ခြင်းအားဖြင့် ဆာဆူအိုလိုတို့ စီးရီးအေ မှာ ဘယ်လောက်အထိ ကစားပုံ မာကျောတယ် ဆိုတာ သိနိုင်ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၅ ပွဲမှာ သရေ ၁ ပွဲသာ ရှိထားတဲ့ ဆာဆူအိုလို

လက်ရှိမှာ ဂျူဗင်တပ်စ်နဲ့ ပီယာလို ကတော့ ဖိအားပေါင်းများစွာနဲ့ ရှေ့ဆက်နေရတာ တွေ့ရပါတယ်။ စူပါလိဂ် တည်ထောင်ရာမှာ ပါဝင်တဲ့အပြင် အခုထိလည်း နှုတ်ထွက်ခြင်း မရှိသေးတာကြောင့် စီးရီးအေ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပယ်ဖို့အထိ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ပီယာလိုရဲ့ အသင်းက ဒီရာသီမှာ ကစားပုံ တော်တော်လေး ဆိုးရွားနေပြီး လက်ရှိအချိန်အထိ ရလဒ်ပိုင်းက တိုးတက်လာခြင်း မရှိသေးတဲ့ အပြင် တစ်ပွဲထက်တစ်ပွဲ ပိုပိုပြီး ကျဆင်းလာတာ တွေ့ရပါတယ်။ တကယ်တမ်း အသင်းမှာ ပွဲထွက်ကစားသမားရော၊ အရန်ကစားသမားပါ အတောင့်တင်းဆုံး ရှိနေပေမယ့် အရည်အသွေး မပြည့်မှီတဲ့ နည်းပြ ပီယာလိုကြောင့် နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ကစားသမားဘဝတုန်းက လျှမ်းလျှမ်းတောက်ခဲ့သမျှ နည်းပြဖြစ်မှ စုံးစုံးမြုပ်ရတော့မယ့် ပီယာလိုကြောင့် ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ခက်ခဲနေပါပြီ။ ပြီးခဲ့တဲ့ပွဲမှာ အေစီမီလန်ကို အဘက်ဘက်က ယှဉ်နိုင်စွမ်း မရှိလို့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်စ်တို့ လက်ရှိမှာ အဆင့် ၅ နေရာကို ရောက်ရှိနေပြီး အခုပွဲမှာသာ အမှတ် ထပ်လျော့ခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့ကြောင့် ဖိအားတွေ အတန်အသင့် လျှော့ချနိုင်ဖို့ အတွက်ဆိုရင် ဂျူဗင်တပ်စ်တို့ အခုပွဲကို မဖြစ်မနေ အာရုံစိုက်မှ ဖြစ်ပါလိမ့်မယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆာဆူအိုလိုနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၆ ကြိမ်မှာ အိမ်ရှင်တို့ ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ဂျူဗင်တပ်စ် ကတော့ ၁၂ ကြိမ်အထိ အနိုင်ရရှိထားပါတယ်။ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ် မှာတော့ ဂျူဗင်တပ်စ်တို့ ၁ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။ ဒီရာသီ ပထမအကျော့ ပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်တို့ အိမ်ကွင်းမှာ ဒန်နီလို၊ ရမ်ဆေး၊ ရော်နယ်ဒို တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်