နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယ်သာလန်နဲ့ နေးရှင်းလိဂ် တွေ့ဆုံမှုမှာ အနိုင်၃ မှတ်အတွက် အီတလီဘက် ကပဲ ရပ်တည်မယ်

အီတလီ vs နယ်သာလန်

လာမယ့် အောက်တိုဘာလ ၁၅ ရက် နေ့ မြန်မာစံတော်ချိန် နံနက် ၁နာရီ၁၅ မိနစ်မှာ နေရှင်းလိဂ်အေ အုပ်စု ၁က အီတလီနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ လက်ရှိအုပ်စု ၁ရဲ့ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ SBOTOP ပရိသတ်တွေ အကြိုက်တွေ့မယ့်ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

အီတလီတို့ ၂၀၂၀ နေးရှင်းလိဂ်အေ အုပ်စု ၁မှာ နယ်သာလန်၊ ပိုလန်၊ ဘော့စနီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်မှာ ဘော့စနီးယားနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပွဲမှာတော့ အဝေးကွင်းမှာ နီကို ဘာရယ်လာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ နယ်သာလန်ကို အနိုင်ရရှိထားပါတယ်။ ပြီးခဲတဲ့ရက်က ပိုလန်နဲ့ ကစားတဲ့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးထားလို့ ၃ပွဲကစား ၁ပွဲနိုင် ၂ပွဲသရေကျပြီး ရမှတ် ၅မှတ်နဲ့ အုပ်စုအေရဲ့ အမှတ် ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ နည်းပြ ရောဘတ်တိုမန်ချီနီ လက်အောက်မှာ ၂၀၁၈ စက်တင်ဘာလ ကတည်း က ရှုံးပွဲမရှိသေးတာ ၁၈ပွဲအထိရှိလာခဲ့ပါပြီ။ အခုနောက်ပိုင်း အီတလီကို ခံစစ်အသားပေးလွန်းတဲ့ ကစားဟန်နဲ့ မမြင် တွေ့ရတာကြာပါပြီ။

 
ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ လိုအပ်ချက်ရှိနေဆဲ ဖြစ်ပြီး အသင်းငယ်လေးတွေနဲ့ဆို ဂိုး တွေ ဒါဇင်လိုက် သွင်းတတ်ပေမယ့် အသင်းကြီးတွေနဲ့ ကစားရတဲ့ပွဲဆိုရင်တော့ တိုက်စစ်က ဂိုးရဖို့ တော်တော်လေး ရုံးကန် နေရပါတယ်။ နယ်သာလန်တို့ကတော့ နေးရှင်းလိဂ် အဖွင့်ပွဲစဉ်မှာ ပိုလန်ကို ၁ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး ဒုတိယပွဲမှာ တော့ အီတလီကို ၁ဂိုးဂိုးမရှိနဲ့ ပြန်လည်အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးပွဲမှာလည်း ဘော့စနီးယားကို ဂိုးမရှိ သရေထပ် ကျခဲ့တာကြောင့် နယ်သာလန်တို့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။ မနှစ်က နေးရှင်းလိဂ်မှာ ဗိုလ်လုပွဲ အထိ ရောက်ခဲ့တဲ့ နယ်သာလန်တို့ရဲ့ အခုနှစ် စွမ်းဆောင်ရည် ကတော့ လုံးဝအားရစရာ မရှိပါဘူး။ နည်းပြ ရော်နယ်ကူးမန်းအနေနဲ့ ဘာစီလိုနာကို ကိုင်တွယ်ဖို့ နယ်သာလန်နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့လို့ လက်ရှိမှာ နာမည်ကျော် ကစားသမား ဟောင်းကြီး ဖရန့်ခ်ဒီဘိုးဝါးနဲ့ အစားထိုးထားခဲ့ရပါတယ်။ မက္ကဆီကို ကို ၁ဂိုးဂိုးမရှိနဲ့ အရေး နိမ့်ခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ စတင်ကိုင်တွယ်ခွင့်ရခဲ့တဲ့ နည်းပြသစ် ဒီဘိုးဝါးအနေနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ လည်း ဘော့စနီးယားလို အသင်းဆီ ကနေ သရေ ၁ မှတ်ပဲရ ခဲ့ပါတယ်။ ရလဒ်ပိုင်းထက် တစ်ပွဲလုံး စွမ်းဆောင်ရည်ကို ပြန်ကြည့် မယ်ဆိုရင် တိုက်စစ်က ဂိုးပေါက်ခြိမ်းခြောက်မှု ၁၅ ကြိမ်အထိ ရှိခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ဟာလည်း ၇၀ ရာခိုင်နှုန်း လောက်အထိ အသာရခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် လိမ္မော်ရောင် အသင်းသားတွေ အနေနဲ့ သွင်းဂိုးတစ်ဂိုးရဖို့ ခက်ခဲနေဆဲဖြစ်လို့ ဒီဘိုးဝါး အနေနဲ့လည်း အဖြေရှာဖို့လိုအပ်နေပါပြီ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၂ကြိမ်မှာ အီတလီတို့ အပြတ်အသတ် အသာရထားတာ တွေ့ရပါတယ်။ အီတလီတို့ နယ်သာလန်ကို ၁၁ ကြိမ်အနိုင်ရပြီး ၃ကြိမ်ပဲရှုံးထားပါတယ်။ သရေပွဲဖြစ်ခဲ့တဲ့ အကြိမ် ကတော့ ၈ကြိမ်အထိရှိထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာလည်း အဝေးကွင်းမှာ လာရောက် ကစားတဲ့ အီတလီက နယ်သာလန်ကို ဘာရယ်လာရဲ့ တစ်လုံးတည်းသော သွင်းဂိုးတည်းနဲ့ အနိုင်ယူထားပါတယ်။ အီတလီမှာ အစ်ဇီဂနီ၊ အင်မိုဘီလီ၊ ဂျော်ဂျင်ဟို၊ ဘာရယ်လာ၊ ဘယ်လော့တီ၊ မွိုင်ဆေးကိန်း၊ ကာပူတိုတို့လို ကစားသမား တွေအပြင် နောက်တန်းမှာ အတွေ့အကြုံရင့် ချီလီနီ၊ ဘိုနူချီ၊ အန်ဘရိုစီရိုတို့လည်း ရှိနေလို့ လူစာရင်းအရ တော်တော် လေး တောင့်တင်းနေပါတယ်။ နယ်သာလန်မှာလည်း ဒီပေး၊ လုခ်ဒီယောင်၊ ဖရန်ကီဒီယောင်၊ ဗန်ဒါဘိခ်၊ ဗန်ဒိုက်၊ အာကီ၊ ဟိထ်ဘိုးဝါး၊ ဝိုင်ဂျ်နယ်ဒမ်၊ ဘာဘယ်၊ စတီဗက်ဘဂျ်ဝင်း တို့ရှိနေလို့ နည်းပြ ဖရန့်ခ်ဒီဘိုးဝါးအနေနဲ့ အကောင်းဆုံး အသုံးချနိုင်ဖို့ပဲ လိုအပ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အီတလီ vs နယ်သာလန် 1X2 အချိန်ပြည့် အိမ်ရှင် @ ၂.၀၃ ဆ
အောက်တိုဘာလ ၁၅ ရက်, ည ၁:၁၅ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ ဆိုရင်တော့ အိမ်ရှင်အသင်းအတွက် ၂.၀၃ ဆကြေးဖွင့်ပြီး ဧည့်သည် အသင်းဘက် ကိုတော့ ၃.၄၅ ဆကြေးဖွင့် ထားပါတယ်။ သရေရလဒ် အတွက် ကတော့ ၃.၃၅ အထိ ကြေးဖွင့် ထားတာတွေ့ရပါတယ်။ ပထမ အကျော့က နယ်သာလန်အိမ်ကွင်းမှာ ကစားခဲ့ပေမယ့်လည်း အီတလီတို့ အနိုင်ရရှိထားပါတယ်။ လက်ရှိခြေစွမ်း ပိုင်းအရ ရော နည်းပြ ရောဘတ်တိုမန်ချီနီ လက်အောက်မှာ အကောင်းဆုံးပုံစံရနေတဲ့ အီတလီတို့ နောက် ထပ် နိုင်ပွဲရ သွားဖို့ များပါတယ်။ အစဉ်အလာအရလည်း အီတလီကို နယ်သာလန်တို့ယှဉ်ဖို့ဆိုတာ မလွယ်တာကြောင့် အဇူရီတို့ဘက်ကပဲ ရပ်တည်တာဟာ အမှန်အကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်မှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်