အာဂျင်တီးနား – ကော်စတာရီကာ
ဒီတစ်ပတ် နိုင်ငံတကာ ခြေစမ်းပွဲတွေထဲက နောက်ဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အာဂျင်တီးနားနဲ့ ကော်စတာရီကာတို့ အမေရိကန် လော့စ်အိန်ဂျလိစ်မြို့က United Airlines Field at the Los Angeles Memorial Coliseumမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ချန်ပီယံ တို့ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ အဲလ်ဆာဗေးဒိုးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပြီး လီယွန်နယ် မက်ဆီ မပါဝင်ခဲ့ပေမယ့် အာဂျင်တီးနားတို့ ပုံစံကောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ အာဂျင်တီးနားက ရိုမဲယို၊ အန်ဇို၊ လိုဆဲလ်ဆို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ အာဂျင်တီးနားက နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ဥရုဂွေး တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲတွေ အားလုံး အနိုင်ရရှိထားပါတယ်။ ဖီဖာရဲ့ လက်ရှိ ကမ္ဘာ့ အဆင့် ၁ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးပြီး နောက်ပိုင်မှာလည်း သူတို့ရဲ့ ခြေစွမ်းကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ပြီး ပြိုင်ဘက်တိုင်းကို အသာစီးနဲ့ ကစားနိုင်ဆဲ ဖြစ်ပါတယ်။
ကွန်ကာကပ်ဖ်ဇုန်ရဲ့ အသင်းကောင်း တစ်သင်း ဖြစ်တဲ့ ကော်စတာရီကာ ကတော့ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂ ပွဲမှာတော့ အဲလ်ဆာဗေးဒိုးနဲ့ ဟွန်ဒူးရပ်စ် တို့ကို ဂိုးပြတ် ပြန်လည် အနိုင်ရထားပါတယ်။ ကော်စတာရီကာက ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင် အာဂျင်တီးနား တစ်သင်းတည်းနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် ကစားမှာ ဖြစ်ပါတယ်။ ကော်စတာရီကာဟာ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က သွင်းဂိုး ၇ ဂိုး ရခဲ့ပြီး ပေးဂိုး ကတော့ ၁၁ ဂိုး အထိ ရှိခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ အာဂျင်တီးနားလို ကမ္ဘာ့ချန်ပီယံ အသင်း တစ်သင်းကို ကော်စတာရီကာတို့ အသာရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဂျင်တီးနား – မာတီနက်ဇ်၊ ရိုမဲယို၊ တက်ဂ်လီယာဖီကို၊ ပီရက်ဇ်၊ ဂွန်ဇာလက်ဇ်၊ ပယ်ရီဒက်စ်၊ အန်ဇို၊ လိုဆဲလ်ဆို၊ ဒီပေါလ်၊ ဒီမာရီယာ၊ မာတီနက်ဇ်
ကော်စတာရီကာ – နာဗက်စ်၊ အာဘွိုင်နီ၊ ကဲလ်ဗို၊ မိုရာ၊ ကတ်စ်ကန်တီ၊ တေလာ၊ ဘရီနက်စ်၊ ဂယ်လို၊ ဇာမိုရာ၊ မက်ဒီရီဂယ်၊ အူဂဲလ်ဒီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဂျင်တီးနားက ၁ ကြိမ် နိုင်ပြီး ၁ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ကော်စတာရီကာ ကွင်းမှာ ကစားစဉ်က ဂိုးမရှိ သရေကျခဲ့ပြီး အာဂျင်တီးနား ကွင်းမှာ ၃ ဂိုးပြတ် ရလဒ်နဲ့ အာဂျင်တီးနားက အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ အာဂျင်တီးနားက ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးပြီး ကော်စတာရီကာ ကတော့ ၂ ပွဲ နိုင်၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဂျင်တီးနား နိုင်ရင် ၁.၁၆ ဆ၊ ကော်စတာရီကာ နိုင်ရင် ၅.၅၀ ဆ၊ သရေ ဆိုရင်တော့ ၉.၅၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ အာဂျင်တီးနားက တစ်လုံး အရှုံး၊ ၂ လုံး သရေ ကြေးတွေ ဖွင့်ထားပြီး ဘွတ်ကီတွေ အနေနဲ့ အာဂျင်တီးနားတို့ ၂ ဂိုးပြတ်လောက်နဲ့ နိုင်သွားမယ်လို့ တွက်ဆထားပုံပါပဲ။ လက်ရှိ ခြေစွမ်းအရ အာဂျင်တီးနားတို့ ဘာမဆို လုပ်ပြနိုင်စွမ်း ရှိပြီး ကော်စတာရီကာကို ဂိုးပြတ်လည်း အနိုင်ရနိုင်ချေရှိပါတယ်။ အာဂျင်တီးနား ကိုပဲ အပြည့်အဝေ ယုံကြည်ထားရမှာပါ။ ဂိုးပေါ်လည်း ကြိုက်ပါတယ်။
ခန့်မှန်းရလဒ် အာဂျင်တီးနား ၃-၀ ကော်စတာရီကာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.