နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲတွေ ရပ်တန့်ခဲ့ရပေမယ့် အမှတ်ပေးဇယားကို ၉ မှတ်ဖြတ် ဦးဆောင်ထားနိုင်ဆဲ အင်တာမီလန်- စီးရီးအေ ပွဲပြီးသုံးသပ်ချက်

နာပိုလီ ၁ – ၁ အင်တာမီလန်

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာတော့ အင်တာမီလန်တို့ နာပိုလီနဲ့ အကြိတ်အနယ် ကစားပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ အင်တာမီလန်တို့ အခုပွဲရလဒ်ကြောင့် ၁၁ ပွဲ ဆက် နိုင်ပွဲဆက်မှု စံချိန် ရပ်တန့်သွားခဲ့ပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယနေရာက အေစီမီလန်ကို ၉ မှတ်ဖြတ် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပြီး စကူဒက်တိုဖလား အိမ်မက်ကတော့ တဖြေးဖြေး ရုပ်လုံးပေါ်လာခဲ့ပြီလို့ ဆိုရပါမယ်။

ဒီနေ့ပွဲမှာ အိမ်ရှင်နာပိုလီတို့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး အင်တာမီလန်ကတော့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ နာပိုလီဘက်မှာ အဓိက ကစားသမား လိုဇာနိုနဲ့ အော့စပီနာက လွဲလို့ ကစားသမားအကုန်လုံး လူစာရင်းမှာ ပါဝင်ခဲ့ကြပြီး အော့စ်ဆီမန်၊ ပိုလီတာနို၊ အင်ဆစ်ဂနီ၊ ဇီလင်းစကီး၊ ဖေဘီယန်၊ ကူလီဘာလီ တို့လို အမာခံကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။ အင်တာမီလန် ကတော့ ထုံးစံအတိုင်း လူကာကူနဲ့ မာတီနက်ဇ်ကို အထောင်ထားပြီး ကွင်းလယ်မှာတော့ အဲရစ်ခ်ဆင်၊ ဘရိုဇိုဗစ်၊ ဘာရယ်လာ၊ Full Back တွေ အဖြစ် ဒါမီယန်နဲ့ ဟာကီမီတို့ ပွဲထွက်လာပါတယ်။ နောက်တန်း ၃ ယောက်နေရာမှာတော့ ဘတ်စတိုနီ၊ ဒီဗရစ်ဂ်ျ၊ ဆစ်ခ်နေး၊ ဂိုးမှာတော့ ဟန်ဒါနိုဗစ်ကိုပဲ အသုံးပြုခဲ့ပါတယ်။ ကွန်တီရဲ့အသင်းက အဝေးကွင်းမှာ လာရောက် ကစားခဲ့ရပေမယ့် အိမ်ရှင် နာပိုလီ ဘက်ကို ပွဲစကတည်းက ဖိအားပေး နိုင်ခဲ့ပြီး လူကာကူရဲ့ ဂိုးကံခေမှုကြောင့်သာ အင်တာမီလန်တို့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၆ မိနစ်မှာတော့ နာပိုလီတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကတော့ အင်ဆစ်ဂနီရဲ့ ဧရိယာထဲ ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို ဂိုးသမား ဟန်ဒါနိုဗစ် ဖမ်းယူခဲ့ရမှာ မသေသပ်ခဲ့တာကြောင့် ကိုယ့်ဂိုးကိုယ် သွင်းယူမိသလို ဖြစ်ခဲ့တာပါ။ အဲ့နောက် ချေပဂိုးရဖို့ အားစိုက်ကစားလာတဲ့ အင်တာမီလန်တို့ ဒုတိယပိုင်း စတင်ပြီး ၁၀ မိနစ် အကြာမှာ ချေပဂိုး ပြန်ရသွားပါတယ်။ ခရစ္စတီယန် အဲရစ်ခ်ဆင်က ဧရိယာထိပ်ကနေ မထင်မှတ်တဲ့ ကန်ချက်နဲ့သွင်းယူသွားခဲ့တာ ဖြစ်ပြီး နာပိုလီ ဂိုးသမား မီရတ် ဘယ်လိုမှ တားဆီးချိန် မရခဲ့ပါဘူး။ လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး ပွဲအဖြေ ပြောင်းလဲနိုင်ဖို့ အတွက် လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပွဲပြီးတဲ့အချိန်အထိ မထူးခြားတော့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

နာပိုလီကတော့ စီးရီးအေ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပြီး တစ်ဖက်က ဂျူဗင်တပ်စ်ရဲ့ ရှုံးနိမ့်မှုကို အတတ်နိုင်ဆုံး အခွင့်အရေး ရအောင် ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာသီအကုန်မှ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့‌ မျှော်လင့်နေတဲ့ နာပိုလီ

ဒီနေ့ပွဲမှာ ကွန်တီရဲ့ အသင်းက ဂိုးရဖို့ တစ်ခုတည်း အတွက်နဲ့ တိုက်စစ်ကိုပဲ အသားပေးကစားခဲ့တာ မတွေ့ရပဲ နာပိုလီရဲ့ အမှားတွေကို စောင့်ပြီးမှာ ဂိုးရဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်က လူကာကူ၊ မာတီနက်ဇ် တို့အပြင် လူစားဝင်လာတဲ့ ပယ်ရီဆစ်ချ်၊ အလက်ဆစ် ဆန်းချက်ဇ် တို့လည်း ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့လို့ အဝေးကွင်းမှာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အင်တာမီလန်တို့ အခုပွဲမှာ ၁ မှတ်ပဲ ရခဲ့ပေမယ့် စီးရီးအေ မဟာပြိုင်ဘက် အေစီမီလန်ကို ၉ မှတ်အထိ ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ နာပိုလီကတော့ စီးရီးအေ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပြီး တစ်ဖက်က ဂျူဗင်တပ်စ်ရဲ့ ရှုံးနိမ့်မှုကို အတတ်နိုင်ဆုံး အခွင့်အရေး ရအောင် ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အင်တာမီလန်တို့ လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ စပီဇီယာနဲ့ စီးရီးအေ ကစားရမှာ ဖြစ်ပြီး နာပိုလီကတော့ လာဇီယိုနဲ့ ဧပြီ ၂၃ ရက်နေ့မှ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်