နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ်နိုင်ပွဲနဲ့ နှစ်သစ်ကူးကို ကြိုဆိုခဲ့တဲ့ ဂန်းနားများ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း ၀ – ၄ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်တို့ ဝက်စ်ဘရွန်း အိမ်ကွင်း ဟော်သွန်းစ်ကို သွားရောက်ကစားပြီး ထူထပ်နေတဲ့ နှင်းမိုးတွေကြားကနေ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ရှာတွေ့ခဲ့ပြန်ပါတယ်။ လူငယ်တွေရဲ့ လုပ်အားနှုန်း မြင့်မားမှုနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်နဲ့အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အာဆင်နယ်တို့ အခုပွဲစဉ်မှာ သေချာတဲ့ နိုင်ပွဲ တစ်ပွဲ ရရှိဖို့ အတွက် ပြီးခဲ့တဲ့ ပွဲစဉ်တွေက လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ပဲ ပွဲထွက်လာခဲ့ပြီး မာတင်နယ်လီ နေရာမှာ အော်ဘာမီယန်း၊ ကွင်းလယ်က အယ်နီနီနေရာမှာ ဒန်နီ ဆီဘာယော့စ် ပါဝင်လာတာကလွဲရင် လာကာဇက်၊ ဆာကာ၊ စမစ်ရိုးဝ်၊ ကီရန် တီယာနီ၊ ရှာကာ၊ ပါဘလိုမာရီ၊ ဟိုးလ်ဒင်း၊ ဘယ်လာရင်၊ လန်နိုတို့ လူစုံတက်စုံ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်တို့ ပွဲစတာနဲ့ ဝက်စ်ဘရွန်း ဘက်ကို တစ်ဖက်သတ် ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၂၃ မိနစ်မှာ ရော့ဘ် ဟိုးဒင်းရဲ့ ပေးပို့မှုကနေ ကီရင်တီယာနီက တစ်ကိုယ်တော် စွမ်းရည်နဲ့ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ နောက်ထပ် ၅ မိနစ်အကြာမှာတော့ လာကာဇက်၊ စမစ်ရိုးစ်၊ ဆာကာတို့ ၃ ဦး ရဲ့ အချိတ်အဆက်မိမိ တွဲဖက်မှုက တစ်ဆင့် ဆာကာက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာလည်း အာဆင်နယ် တို့ပဲ အဘက်ဘက်က အသာစီးရယူ ကစားနိုင်ခဲ့ပြီး ပွဲကို စိုးမိုးနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ၂ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရနေခဲ့ပါ တယ်။ ဒုတိယပိုင်း ပွဲစချိန်မှာတော့ အာဆင်နယ်တို့ ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး ဘယ်လာရင်အစား အိန်စလေ မစ်လန်းနိုင်းလ်စ် ဝင်လာခဲ့ပါတယ်။ ပွဲချိန်ကြာလာပေမယ့် အာဆင်နယ်တို့ ကစားအားကျမသွားပဲ အချိတ် အဆက်မိနေဆဲ ဖြစ်လို့ ဝက်စ်ဘရွန်း နောက်တန်းနဲ့ ဂိုးသမား ဂျွန်စတုန်းတို့ တော်တော်လေးကို အလုပ်များခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ တရစပ် ထိုးဖောက် တိုက်စစ်ဆင်မှုကို ဝက်စ်ဘရွန်းတို့ တောင့်ခံနိုင်ခြင်း မရှိခဲ့လို့ ပွဲချိန် မိနစ် ၆၀ နဲ့ ၆၄ မိနစ်တို့မှာ လာကာဇက်က တစ်ဦးတည်း ၂ ဂိုး သွင်းသွားခဲ့ပါတယ်။ အဲ့ဒီနောက် အာဆင်နယ်တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ် ကစားသွားခဲ့ပြီး ပွဲအပြီးမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရသွာခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပုံစံအတိုင်း ဆက်သွားရင်တော့ ရာသီ အကုန်မှာ ပရီးမီးယားလိဂ်ကနေ တန်းပြန်ဆင်းသွားရမယ့် အခြေအနေကို ကြုံတွေ့နေရပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဘရွန်း

အာဆင်နယ်တို့ အခုပွဲမှာ တန်းဆင်းဇုန်ထဲက အသင်းတစ်သင်းနဲ့ ကစားခဲ့ရတယ်ဆိုပေမယ့် နည်းပြနဲ့ ကစားသမား တွေရဲ့ ကိုယ်ပိုင် အရည်အချင်းလည်း ပါခဲ့လို့ ထိုက်တန်တဲ့ နိုင်ပွဲ တစ်ပွဲ ရခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ ပွဲတွေမှာ ဘယ်လောက်ပဲ ရလဒ်တွေ ဆိုးခဲ့ဆိုးခဲ့ အာဆင်နယ်တို့ လူငယ်တွေရဲ့ နိုင်ပွဲ ဆာလောင်စိတ်၊ အသင်းအပေါ် ပေးဆပ်ကစား လိုစိတ်တွေ ပေါ်လွင်ခဲ့ပါတယ်။ တစ်ဦးချင်းပြောရမယ်ဆိုရင် ဘယ်တောင်ပံက ကီရန် တီယာနီရဲ့ တစ်ဦးချင်း ကျော်ဖြတ်မှုတွေ ပေးပို့မှုတွေက အားရစရာကောင်းခဲ့ပြီး တစ်သင်းလုံးမှာ နိုင်လိုစိတ်အရှိဆုံး ကစားသမားလို့ မြင်ပါတယ်။ ညာတောင်ပံက ဆာကာလည်း ထိုနည်းလည်းကောင်းပါပဲ။ တိုက်စစ်က လာကာဇက်အနေနဲ့လည်း အထောင် တိုက်စစ်မှူး ပီပီ တိကျတဲ့ အဆုံးအသတ်ကောင်းတွေနဲ့ သွင်းဂိုး ၂ ဂိုး  ရယူပေးခဲ့လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကွင်းလယ်က စမစ်ရိုးဝ်၊ ရှာကာတို့ အမှားနည်းခဲ့ပေမယ့် လူစားဝင်လာခဲ့တဲ့ မစ်လန်းနိုင်းစ် အမှားအယွင်းတွေ ရှိနေဆဲပါပဲ။ ဂျိူးဝီးလော့ခ်ကတော့ အဆိုးဆုံးပါ။ တိုက်စစ်မှူး အော်ဘာမီယန် ဂိုးပေါက် ပျောက်ဆုံး နေဆဲ ဖြစ်ပြီး အပိုင်အခွင့်အရေး တော်တော်များများကို ဖြန်းတီးပစ်ခဲ့တာ တွေ့ရပါတယ်။ ဆမ်အာလာဒိုက်စ်ရဲ့ ဝက်စ်ဘရွန်းကတော့ တစ်သင်းလုံးနီးပါး ပုံမှန် ခြေစွမ်းအောက် ရောက်ရှိခဲ့လို့ နောက်ထပ် ဂိုးပြတ်ရှုံးပွဲ တစ်ပွဲ ကြုံတွေ့ခဲ့ပြီး ဒီပုံစံအတိုင်း ဆက်သွားရင်တော့ ရာသီ အကုန်မှာ ပရီးမီးယားလိဂ် ကနေ တန်းပြန်ဆင်းသွားရမယ့် အခြေအနေကို ကြုံတွေ့နေရပြီလည်း ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဝက်စ်ဘရွန်းတို့ လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ ဘလက်ပူးလ်နဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး အာဆင်နယ်ကတော့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်