နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အက်ဖ်အေဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ လက်စတာစီးတီး

ချဲလ်ဆီး ၀ – ၁ လက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လက်စတာစီးတီးတို့ ယိုရီတေးလီမန့်စ်ရဲ့ ၆၃ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ လက်စတာစီးတီးတို့ အက်ဖ်အေဖလားကို ပထမဦးဆုံး ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အက်ဖ်အေဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ၄၄ သင်းမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီး နည်းပြ သောမက်စ်တူခယ် အနေနဲ့ ဂိုးပေါက်မှာတော့ ပြိုင်ပွဲတစ်လျှောက် ပါဝင်ကစားခဲ့တဲ့ ကပ်ပါအရစ်ဇာဘလာဂါကိုပဲ အသုံးပြုခဲ့ပြီး နောက်တန်း ၃ ယောက် အဖြစ် အက်ဇ်ပီလီကျူအာတာ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ တောင်ပံနှစ်ဖက်မှာ ရိစ်ဂျိမ်းစ်၊ မားကို့စ် အလွန်ဆို၊ တိုက်စစ်မှာ မောင့်၊ ဇီယက်ချ်၊ တီမိုဗာနာ တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာရဲ့ အသင်းကလည်း ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဆိုယွန်ချူ၊ အီဗန့်စ်၊ ဖိုဖာနာ၊ ကွင်းလယ်မှာတေးလီမန့်စ်၊ အန်ဒီဒီ၊ လုခ်သောမက်စ်၊ ကတ်စတာညာ၊ အယိုဇီ ပီရက်ဇ်၊ အထောင်တိုက်စစ် နေရာမှာ ဗာဒီ၊ အီယန်နာချို တို့ကို ကစားစေခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ကြပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု ပိုပြီး အသာရလာခဲ့ပါတယ်။ ဒါပေမယ့် ရိစ်ဂျိမ်းစ်နဲ့ အက်ဇ်ပီလီကျူအာတာ ကို နေရာချိန်းကစားစေခဲ့တဲ့ တူခယ်ရဲ့ ပွဲအပေါ်မူတည်ပြီး နည်းစနစ်ပိုင်း ပြောင်းလဲမှုကြောင့် တောင်ပံ နှစ်ဖက်က တော်တော်လေး အားနည်းနေခဲ့ရပါတယ်။ ဒါ့ကြောင့် ချဲလ်ဆီးတို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပဲ လက်စတာစီးတီး နောက်ခံလူတွေရဲ့ ဖျက်ထုတ်တားဆီးမှုတွေကြောင့် ဘောလုံးက အပျက်များခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစချိန်မှာလည်း ပွဲက ထင်သလောက် ကြည့်မကောင်းခဲ့ပေမယ့် ပွဲချိန် ၆၃ မိနစ်မှာ မထင်မှတ်ပဲ လက်စတာစီးတီး အတွက် အဖိုးတန်ဂိုး ရရှိသွားခဲ့ပါတယ်။ လုခ်သောမက်စ် ထိုးပေးလိုက်တဲ့ ဘောလုံးကို ယိုရီ တေးလီမန့်စ်က ၂၅ ကိုက် အကွာကနေ ကပ်ပါရဲ့ ညာဘက် အပေါ်ထောင့်ထဲကို အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ချဲလ်ဆီးတို့ လက်စတာစီးတီး ဘက်ကို တစ်ဖက်သတ် ဖိအားပေးကစားခဲ့ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။ ပူလီဆစ်ခ်၊ ချေးလ်ဝဲလ်၊ ကိုင်ဟာဗက်ဇ်၊ အိုဒွိုင်း၊ ဂျီရူး တို့ကို ထည့်သွင်းခဲ့ပေမယ့် လက်စတာစီးတီး ခံစစ်က ဖိုဖာနာ၊ ဆိုယွန်ချူ တို့ အကောင်းဆုံး တားဆီးနိုင်ခဲ့ပြီး ဂိုးသမား ကတ်စပါ ရှမိုက်ကယ်ရဲ့ အကောင်းဆုံး ကာကွယ်မှုတွေကြောင့် ချဲလ်ဆီးတို့ ဘယ်လိုမှကို မတတ်နိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာတော့ လူစားဝင်ကစားသမား ဘန်ချေးလ်ဝဲလ်ရဲ့ အားထုတ်မှုကနေ ဂိုးဝင်သွားခဲ့ပေမယ့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ ချဲလ်ဆီး တစ်သင်းလုံးရော ပရိသတ်တွေပါ ရင်ကွဲခဲ့ရပါတယ်။ လက်ကျန်မိနစ်တွေ မှာလည်း ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက အနိုင်ရလဒ်ကို ပါးပါးနပ်နပ်နဲ့ ထိန်းချုပ်သွားခဲ့တာကြောင့် ၀-၁ နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး လက်စတာစီးတီးတို့ သူတို့အသင်းအတွက် ပထမဦးဆုံး အက်ဖ်အေဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

နောက်ပြီး VAR ကို ချဲလ်ဆီး ပရိသတ်တွေ တော်တော်လေး မုန်းတီးသွားတဲ့ သဘောရှိပြီး အက်ဖ်အေဖလားမှာ ၂ နှစ်ဆက် ဗိုလ်လုပွဲ တက်ခဲ့တဲ့ စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် ကိုယ့်ထက်နိမ့်တဲ့ အသင်းတွေကို ရှုံးပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ စိတ်မကောင်းစရာပါပဲ။
လာမယ့်ရက်မှာ လက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ် ထပ်ကစားရဦးမယ့် ချဲလ်ဆီး

 

ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး နည်းပြ သောမက်စ်တူခယ် ကတော့ ချီးကျူးခဲ့သမျှကို တလွဲတွေစပြီး လုပ်ပြနေပါပြီ။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ မလိုအပ်ပဲ အဓိကကစားသမားတွေ ထုတ်သုံးခဲ့တဲ့ တူခယ်ရဲ့ အသင်းက အခုပွဲမှာ လုံလောက်တဲ့ အားအင်မရှိခဲ့သလို မျှော်လင့်ထားသလောက်လည်း စွမ်းဆောင်ရည် မထွက်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲကို ပွဲကြိုခန့်မှန်းတဲ့ အချိန်မှာ ထည့်ပြောခဲ့သလိုပဲ လက်စတာစီးတီး ဂိုးရသွားရင် ချဲလ်ဆီးတို့ ချေပနိုင်ဖို့ ခက်ခဲမယ်ဆိုတဲ့ အတိုင်းပဲ လက်တွေ့ ဖြစ်လာခဲ့တာပါ။ ချဲလ်ဆီး ပရိသတ်တွေ အတွက် ပိုပြီး ခံစားရစေတဲ့ အချက်က မနှစ်က အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ကိုယ့်ထက် ခြေစွမ်း တစ်ဆင့် နိမ့်တဲ့ အာဆင်နယ် ရဲ့ အနိုင်ယူတာ ခံရပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရသလို အခုနှစ်မှာလည်း အဘက်ဘက်က အားနည်းတဲ့ လက်စတာစီးတီးလို အသင်းကို ၁ ဂိုးတည်းနဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီး VAR ကို ချဲလ်ဆီး ပရိသတ်တွေ တော်တော်လေး မုန်းတီးသွားတဲ့ သဘောရှိပြီး အက်ဖ်အေဖလားမှာ ၂ နှစ်ဆက် ဗိုလ်လုပွဲ တက်ခဲ့တဲ့ စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် ကိုယ့်ထက်နိမ့်တဲ့ အသင်းတွေကို ရှုံးပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ စိတ်မကောင်းစရာပါပဲ။ လက်စတာစီးတီး ကတော့ ချဲလ်ဆီးလောက် ခြေစွမ်းက မကောင်းခဲ့သလို လူစာရင်းအရလည်း မယှဉ်နိုင်ခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ တော်တော်လေး မြင့်နေပြီး ဖိအားလည်း ကင်းနေတာကြောင့် ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ နောက်တစ်ချက်က လက်စတာ ဟာ တန်းတက်လာချိန်ကစလို့ ၇ နှစ်ကာလ အတွင်းမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ဖလား လည်း ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သလို အက်ဖ်အေဖလားပါ ထပ်ပြီးယူနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကာလ တစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ယိုရီတေးလီမန့်စ်က အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် တစ်ဦးချင်း အမြင်အရဆိုရင်တော့ ကတ်စပါ ရှမိုက်ကယ်ရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ကာကွယ်မှု ၂ ကြိမ် လက်စတာစီးတီးတို့ အခုလို အောင်ပွဲခံနိုင်ခဲ့တာလို့လည်း ပြောလို့ရပါတယ်။ ဘာပဲပြောပြော လက်စတာစီးတီး အသင်းကတော့ ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်ခဲ့တဲ့ ဗီနိုင်း လိုချင်ခဲ့တဲ့ နောက်ထပ် အောင်မြင်မှု တစ်ခုကို ထပ်မံ ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုပွဲပြီးရင် လက်စတာစီးတီးတို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် ချဲလ်ဆီးရဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို သွားပြီး ကစားရဦးမှာ ဖြစ်သလို နောက်ဆုံးပွဲမှာတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်