နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ရာသီအစကတည်းက ရင်ခုန်ရဦးမယ့် ပရီးမီးယားလိဂ်

ကမ္ဘာပေါ်က ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဟာဆိုရင်တော့ လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပွဲစဉ်ရေးဆွဲမှုအရ ခရစ်စမတ် နားရက် မတိုင်ခင် အသင်းကြီးတော်တော်များများ ဟာ ထိပ်တိုက် တွေ့ဆုံ‌နေခဲ့လို့ ထုံးစံအတိုင်း ပရီးမီးယားလိဂ် ကတော့ SBOTOP ရဲ့ ဘောလုံးပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အ၀ပေးဦးမှာပါ။

လက်ရှိချန်ပီယံ လစ်ဗာပူးလ်အသင်းကတော့ အခုနှစ်မှ တန်းပြန်တက်လာတဲ့ တစ်ချိန်ကနာမည်ကြီး လိဒ်စ်ယူနိုက်တက်ကို ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားသွားရဖို့ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ချဲလ်ဆီး၊ အာဆင်နယ် တို့နဲ့ ဆက်တိုက် ကစားရဖို့ရှိနေပါတယ်။ အောက်တိုဘာလထဲမှာတော့ မာဆေးလ်ဆိုဒ်ဒါဘီ အဖြစ် အဲဗာတန်အသင်းနဲ့ကစားရဖို့ရှိနေပြီး နိုဝင်ဘာလထဲမှာ မန်စီးတီး၊ လက်စတာစီးတီး တို့နဲ့တွေ့ဆုံနေသလို ဒီဇင်ဘာလထဲမှာတော့ ဝုဗ် တော့တင်ဟမ်ဟော့စပါးတို့နဲ့ ကစားရဖို့ရှိနေပါတယ်။ ခြုံငုံသုံးသပ်ကြည့်ရင်တော့ လစ်ဗာပူးလ် တို့ရဲ့ ရာသီအစကတော့ ပွဲကြပ်တွေနဲ့ပြည့်နှက်နေပြီး ရုန်းကန်ရဖို့ရှိ‌ နေပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ လာမယ့်နှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးကရေပန်းစားနေတဲ့ အသင်းဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကမှ ဥရောပချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားပြီးခဲ့တာကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကစားရမယ့် အက်စ်တန်ဗီလာနဲ့ ပွဲကို ရွှေ့ဆိုင်းထားပြီး ဒုတိယပွဲစဉ်အရောက်မှ စတင်ကစားရမှာပါ။ စက်တင်ဘာလ ၂၂ရက်‌နေ့မှာ တော့ ပြီးခဲ့တဲ့ရာသီက နှစ်ကျော့စလုံး အရှုံးပေးထားခဲ့ရတဲ့ ဝုဗ်နဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစား ရမှာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လက်စတာစီးတီး၊ လိဒ်စ်၊ အာဆင်နယ် တို့နဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး နိုဝင်ဘာလထဲမှာတော့ လစ်‌ဗာပူးလ်၊ စပါးတို့နဲ့ကစားရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာတော့ မန်ယူနိုက်တက် အသင်းနဲ့ ဒါဘီပွဲကစားရဖို့ရှိနေပါတယ်။

ပရီမီးယားလိဂ် ကတော့ SBOTOP ရဲ့ ဘောလုံးပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အ၀ပေးဦးမှာပါ။
ရာသီအစကတည်းက ထိပ်သီးအသင်း တွေ ဆက်တိုက်တွေ့ဆုံနေတဲ့ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ဟာ တခြားအသင်းကြီးတွေနဲ့ယှဉ်ရင် တော်တော်လေးပွဲချောင်နေတယ်လို့ ဆိုရမှာပါ။ မန်ချက်စတာစီးတီးအသင်းလိုပဲ ပွဲဦးထွက်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲကို ရွှေ့ဆိုင်းထားခဲ့လို့ စက်တာဘာလ ၁၉ရက်နေ့မှ ခရစ်စတဲလ်ပဲလေစ့်နဲ့ စတင်ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပွဲကြပ်ကာလကတော့ အောက်တိုဘာလလို့ဆိုရမှာ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီး၊ အာဆင်နယ် တို့နဲ့ ဆက်တိုက်ကစားရဖို့ရှိပါတယ်။ နို၀င်ဘာလထဲမှာတော့ အသင်းကြီးတွေထဲက အဲဗာတန်နဲ့ပဲ ကစားရဖို့ရှိနေပြီး ဒီဇင်ဘာလထဲမှာ‌တော့ မန်စီးတီး၊ လိဒ်စ်ယူနိုက်တက်တို့နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

လန်ဒန်မြို့ခံပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါး တို့ဟာလည်း ပွဲကြပ်တွေ ဆက်တိုက်ကစားရဖို့ရှိနေကြပါတယ်။ အာဆင်နယ်ကတော့ အဖွင့်ပွဲမှာ လန်ဒန်မြို့ခံ တန်းတက် ဖူလ်ဟမ်နဲ့ ကစားရမှာ ဖြစ်ပြီး ခရစ်စမတ်ကာလမတိုင်ခင်အထိ ထိပ်သီးအသင်းတွေထဲက ချဲလ်ဆီးကလွဲလို့ ကျန်အသင်းတွေအားလုံးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ စပါးတို့ အောက်တိုဘာလထဲမှာ မန်ချက်စတာယူနိုက်တက် နဲ့ တွေ့ဆုံနေပြီး ပွဲစဉ်ရေးဆွဲမှုအရ နို၀င်ဘာလကုန်ကစပြီး‌ နိုင်ပွဲရဖို့တော်တော်လေးရုံးကန်ရမယ့် အခြေအနေမှာရှိနေပါတယ်။ နို၀င်ဘာလ ၂၁ရက်နေ့မှာကစားရမယ့် မန်ချက်စတာစီးတီးနဲ့ ပွဲအပြီး ၂၈ရက်နေ့မှာ ချဲလ်ဆီးနဲ့ ဆက်ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလထဲမှာ အာဆင်နယ်၊ ခရစ်စတယ်ပဲလေ့စ်၊ လစ်ဗာပူးလ်၊ လက်စတာစီးတီး တို့နဲ့ ဆက်တိုက်ကစားရမှာ ဖြစ်ပါတယ်။ နောက်ထပ်လန်ဒန်ကလပ် ချဲလ်ဆီးကတော့ ရာသီအဖွင့် ဒုတိယပွဲစဉ်မှာ လစ်ဗာပူးလ်၊ အောက်တိုဘာလမှာ မန်ယူနိုက်တက်၊ နို၀င်ဘာလမှ တော့တင်ဟမ်ဟော့စပါးတို့ နဲ့ ကစားရမယ့် ပွဲတွေကလွဲရင် ခရစ်စမတ်ကာလမတိုင်ခင်အထိ ပွဲတော်တော်ချောင်နေတာကို တွေ့ရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်