နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရောမမြေမှာ အေဂျက်စ်တို့ ထပ်ပြီး ရုန်းကန်ရဦးမယ် – ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်

ရိုးမား – အေဂျက်စ်

ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားပြီး နောက်တစ်ရက်မှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲတွေ ဆက်လက်ကစားဖို့ ရှိနေပြီး ရိုးမားနဲ့ အေဂျက်စ်တို့ ကစားမယ့် ပွဲဟာပထမအကျော့လိုပဲ အကြိတ်အနယ်ရှိပြီး စိတ်ဝင်စားဖို့ ကောင်းလာဖို့ ရှိနေပါတယ်။ရိုးမားကို ဒက်ချ်မြေမှာ ရုန်းကန်ရမယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ မထင်မှတ်တဲ့ ခြေစွမ်းတွေနဲ့ အတူ အေဂျက်စ်ကို ၁-၂ နဲ့အနိုင်ရသွားပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

 
ရိုးမားတို့ ပထမအကျော့တုန်းက အေဂျက်စ်ရဲ့ ဖိအားပေးမှုအောက်မှာ ကစားခဲ့ရပြီး ပွဲချိန်တော်တော်များများမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်အသင်း တိုက်စစ်မှူး ပင်နယ်တီလွဲချော်မှုဟာ ပွဲအတွက် အလှည့်အပြောင်း ဖြစ်ခဲ့ပြီး အပိုင်အခွင့်အရေးတွေကို အမိအရအသုံးချနိုင်ခဲ့တဲ့ ရိုးမားတို့ နိုင်ပွဲအပြင် အဝေးကွင်း သွင်းဂိုး ၂ ဂိုးပါ ရရှိလာခဲ့ပါတယ်။ရိုးမားရဲ့ယူရိုပါလိဂ် ခြေစွမ်းကတော်တော်လေးကို အားရစရာကောင်းနေပြီး ဘရာဂါ၊ ရှက်တာဒိုးနတ်စ် တို့ကို အိမ်ကွင်းရော၊ အဝေးကွင်းမှာပဲ အနိုင်ယူဖြတ်ကျော်ကာ ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အခုဆိုရင် အေဂျက်စ်ကို ပထမအကျော့ အဝေးကွင်းမှာ အနိုင်ရထားပြန်တာကြောင့် အိမ်ကွင်းမှာ ဘယ်လောက်အထိ ရလဒ်ကောင်းအောင် စွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ရိုးမားတို့ရဲ့ ယူရိုပါလိဂ် နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲ အနိုင်ရထားပြီး အနိုင်ရခဲ့တဲ့ ပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းယူထားခဲ့ပါတယ်။ အခုပွဲမှာတော့ မက်ခီတာယန် ပြန်ကစားနိုင်ဖို့ရှိလို့ ရိုးမားတိုက်စစ်နဲ့ ကွင်းလယ်က ပိုပြီးတောင့်တင်းလာဖို့ ရှိနေပေမယ့် အဓိက ကွင်းလယ် ကစားသမား လီယိုနာဒို စပင်နက်ဇ်ဇိုလာ ပထမအကျော့တုန်းက ဒဏ်ရာရသွားတာကြောင့် အခုပွဲနဲ့ လွဲချော်မှာ ဖြစ်သလို နောက်ခံလူ စမောလင်း ကလည်း အခုအချိန်အထိ ကြံ့ခိုင်မှု မပြည့်ဝသေးလို့ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

အေဂျက်စ်တို့ယူရိုပါလိဂ်အပါအဝင်ပြိုင်ပွဲစုံ၂၁ပွဲမှာရိုးမားတစ်သင်းတည်းကိုရှုံးနိမ့်ထားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က ယူရိုပါလိဂ် မှာ ဒုတိယရခဲ့တဲ့ အေဂျက်စ်

အေဂျက်စ် ကတော့ယူရိုပါလိဂ် နောက်တစ်ဆင့်တက်ရေး အတွက် ရောမမြို့မှာ ဖောင်ဖျက်ကစားရတော့မှာ ဖြစ်ပါတယ်။ တာဒစ်ရဲ့ ပင်နယ်တီသာ ဝင်သွားခဲ့ရင် ပွဲအဖြေက တမျိုး ပြောင်းလဲသွားနိုင်ပေမယ့် အခုတော့ ဒက်ချ်ချန်ပီယံတို့ ဖိအားတွေ အောက်မှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ အေဂျက်စ်တို့ ပထမအကျော့က ရှုံးမယ့်သာ ရှုံးခဲ့ပေမယ့် ခြေစွမ်းတော့ လုံးဝ မညံ့ခဲ့ပါဘူး။ တစ်ပွဲလုံး ပြိုင်ဘက်ကို တစ်ဖတ်သတ် ဖိအားပေးကစားနိုင်ခဲ့ပြီး ရိုးမား ဂိုးသမား လိုပက်ဇ်နဲ့ ခရစ်စတန်တီ၊ မန်ချီနီ၊ အိုင်ဘန့်ဇ်တို့ အကောင်းဆုံး ပိတ်ဆို့တားဆီးနိုင်ခဲ့လို့သာ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရတာပါ။ အေဂျက်စ်တို့ ယူရိုပါလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ရိုးမား တစ်သင်းတည်းကို ရှုံးနိမ့်ထားခဲ့ပါတယ်။ အခုပွဲမှာတော့ အေဂျက်စ် က ဒါလေးဘလိုင်း၊ စတယ်ကယ်လန်ဘတ် တို့ ဒဏ်ရာရနေလို့ ပါဝင်လာမှာ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ပြီးခဲ့တဲ့ပွဲ အပါအဝင် အေဂျက်စ်နဲ့ ရိုးမားတို့ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ၃ ကြိမ် တွေ့ဆုံခဲ့ထားပြီး တစ်ပွဲစီ အနိုင်ရထားကြပြီး သရေပွဲ ၁ ပွဲ ရှိထားပါတယ်။အေဂျက်စ်တို့ ချန်ပီယံလိဂ် ဖလား ၄ ကြိမ်အထိ ရရှိထားခဲ့ပေမယ့် ယူရိုပါလိဂ် မှာတော့ ၁၉၉၁ ခုနှစ်က တစ်ကြိမ် ချန်ပီယံ ဖြစ်ဖူးပါတယ်။ ရိုးမားကတော့ ယူရိုပါလိဂ်မှာ ၁၉၉၁ ခုနှစ်က ဒုတိယ တစ်ကြိမ် ဖြစ်ခဲ့တာဟာ အမြင့်ဆုံး အောင်မြင်မှုဖြစ်ပြီး ၂၀၁၅၊ ၂၀၁၇နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ၁၆ သင်းအဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရိုးမား – အေဂျက်စ် 1X2 ရိုးမား @ ၂.၇၀ ဆ
ဧပြီလ ၁၆ ရက်, မနက်၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၂.၇၀ ဆနဲ့ဧည့်သည်အသင်းအတွက်၂.၃၇ ဆကြေးဖွင့်ပြီးသရေအတွက်၃.၈၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။အေဂျက်စ်ဟာ ချန်ပီယံလိဂ်မှာ အရှိန်အဝါ ရှိခဲ့ပေမယ့် အခုကစားနေရတာ ယူရိုပါလိဂ်ပါ။ ချန်ပီယံလိဂ်မှာ မထင်မှတ်တာတွေ လုပ်ပြခဲ့ အေဂျက်စ်တို့ အဲ့တုန်းက လူစာရင်းနဲ့ အခုလူစာရင်းဘာမှကိုမဆိုင်တော့လို့ ကစားသမား စုဖွဲ့မှုနဲ့ ယူရိုပါလိဂ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ ရိုးမားကိုပဲ ယုံကြည်ထားချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်