နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ခြေစွမ်းနဲ့ ပြင်သစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားတဲ့ စပိန် | ယူရို ၂၀၂၄ (ပွဲပြီးသုံးသပ်ချက်)

စပိန် ၂-၁ ပြင်သစ်

ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ စပိန်က ပြင်သစ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ စပိန် ကတော့ ပြိုင်ပွဲ တလျှောက် ထိန်းသိမ်းလာခဲ့တဲ့ သူတို့ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ အတူ ပြင်သစ်ကို အနိုင်ယူပြီး ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်ကို အသင်း သမိုင်းတလျှောက် ၅ ကြိမ်မြောက် တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ စပိန်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာပြီး ပြင်သစ် ကတော့ ၄-၃-၃ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ စပိန် ဘက်က ဂိုးမှာ အူနိုင်း ဆီမွန်၊ ခံစစ်မှာ နာချို၊ လာပေါ့တ်၊ နားဗက်စ်၊ ကူကာရယ်လာ၊ ကွင်းလယ်မှာ ရိုဒရီနဲ့ ရူအစ်ဇ်၊ အော်လမို၊ တောင်ပံ နှစ်ဖက်မှာတော့ နီကို ဝီလီယမ်စ်နဲ့ လမိုင်း ယာမယ်၊ အထောင် တိုက်စစ်မှာ‌တော့ မိုရာတာပဲ ပွဲထွက်လာခဲ့ပါတယ်။ ပြင်သစ် ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိခဲ့ပဲ မိုက်ဂ်နန်၊ အူပါမီကာနို၊ ဆလီဘာ၊ ကွန်ဒေး၊ ဟာနန်ဒက်ဇ်၊ ချူအာမန်နီ၊ ရာဘီယော့တ်၊ ကန်တေ၊ အမ်ဘာပေး၊ ဒမ်ဘီလီ တို့ ပါဝင်လာခဲ့ပါတယ်။

စပိန်ဟာ ဇွန်လ ၁၅ ရက်နေ့မှာတော့ နယ်သာလန် သို့မဟုတ် အင်္ဂလန်နဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။
ယူရို ပြိုင်ပွဲ သမိုင်းတလျှောက် ၅ ကြိမ်မြောက် ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ စပိန်

တကယ့်ကို ထိပ်တန်း အသင်းကြီးနှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်တာကြောင့် ပွဲစကတည်းက အကြိတ်အနယ် ရှိခဲ့ပြီး ပထမပိုင်းဟာ စပိန် အတွက် ဖြစ်ခဲ့ပြီး ဒုတိယပိုင်း ကတော့ ပြင်သစ် အတွက်လို့ပဲ ပြောရပါမယ်။ ဒါပေမယ့်လည်း အဆုံးသတ် သေချာမှုတွေက စကားပြောသွားခဲ့ပြီး စပိန်က သူတို့ ပိုသာခဲ့တဲ့ ပထမပိုင်းမှာ အရေးပါတဲ့ သွင်းဂိုးတွေကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်ဟာ ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ သွင်းဂိုးတွေ စောစောစီးစီး ရရှိဖို့ ဖိဖိစီးစီး ကစားခဲ့ပေမယ့် ဦးဆောင်ဂိုး ရသွားတာက ပြင်သစ် ဖြစ်ပါတယ်။ ပြင်သစ် အတွက် ဦးဆောင်ဂိုး ကိုတော့ အမ်ဘာပေးရဲ့ ကန်တင်ပေးပို့မှု ကနေ ကိုလို မူအာနီက အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရချိန်မှာတော့ စပိန်က ကစားအားကို နှစ်ဆ တင်လာခဲ့ပြီး တိုက်စစ် အကူးအပြောင်းတွေ ကလည်း တဖြည်းဖြည်း ပိုပြီး အချိတ်အဆက် မိလာခဲ့ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာတော့ လမိုင်း ယာမယ်က စပိန် အတွက် ချေပဂိုးကို ၁၈ ကိုက်စည်း ပြင်ပ ကနေ ဝေ့ဝိုက်ကာ လှလှပပ ကန်သွင်း ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ယာမယ်ရဲ့ စပိန် လက်ရွေးစင် အသင်း အတွက် ဒုတိယမြောက် သွင်းဂိုး ဖြစ်ခဲ့သလို ပြိုင်ပွဲကြီး တစ်ခုရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ၁၆ နှစ် ၃၆၂ ရက်နဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အဲ့နောက် စပိန် ကပဲ ပွဲကို ဆက်လက် ထိန်းချုပ်ပြီး ဒုတိယမြောက် သွင်းဂိုး ကိုတော့ ဒန်နီ အော်လမိုက သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

အဲ့နောက် လက်ကျန် မိနစ်တွေ မှာတော့ ပြင်သစ်က ချေပဂိုး ရရှိရေး အားစိုက် ကစားခဲ့ပေမယ့် စပိန် နောက်တန်းရဲ့ အမှား အနည်းဆုံးနဲ့ တုန့်ပြန်နိုင်ကြောင့် ပြင်သစ်တို့ ၂-၁ ရလဒ်နဲ့ပဲ ရှုံးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ပြင်သစ်ဟာ ဒီနှစ် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခံစစ်ပိုင်းက တော်တော်လေးကို ကောင်းမွန်ခဲ့ပေမယ့် စပိန်ရဲ့ ထက်မြတ်တဲ့ တောင်ပံ နှစ်ဖက်နဲ့ လျင်မြန်တဲ့ တိုက်စစ်တွေနဲ့ အတွေ့မှာတော့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီခြေစွမ်းအတိုင်းသာ ဆိုရင်တော့ စပိန်ဟာ ဗိုလ်လုပွဲကို ဘယ်အသင်းပဲ တက်လာလာ အကောင်းဆုံး ကျော်ဖြတ်နိုင်ဦးမှာပါပဲ။ 

စပိန်ဟာ ဇွန်လ ၁၅ ရက်နေ့မှာတော့ နယ်သာလန် သို့မဟုတ် အင်္ဂလန်နဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်