နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်တို့ ဗိုလ်လုပွဲ တက်ခဲ့တာက အကောင်းဆုံး အောင်မြင်မှုပါပဲလို့ ပြောလာတဲ့ ဆောက်ဂိတ် | ယူရို ၂၀၂၄

အင်္ဂလန် ကတော့ ညက ယှဉ်ပြိုင်ကစားသွားတဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ နယ်သာလန်ကို ၁-၂ ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်က ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာလည်း ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ထားခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်က ဒေါ့မန်ကွင်းမှာ အိုလီ ဝက်ကင်န်ရဲ့ နာကျင်အချိန်ပို နောက်ကျ အနိုင်ဂိုးနဲ့ နယ်သာလန်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ယူရို ၂၀၂၄ ဗိုလ်လုပွဲ မှာတော့ တစ်ဖက်မှာ ပြင်သစ်ကို အနိုင်ယူလာတဲ့ စပိန်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ စပိန် ကလည်း ပြင်သစ်ကို ၂-၁ ရလဒ်နဲ့ပဲ အနိုင်ရလာခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း နေရာမှာ လူစားလဲ ဝင်ရောက်လာတဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး ကတော့ နယ်သာလန် နောက်တန်းရဲ့ ပေါ့လျော့မှုကို အခွင့်ကောင်းယူပြီး အပိုင်အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်ဟာ ဥရောပ ချန်ပီယံရှစ် ဖိုင်နယ်ကို နှစ်ကြိမ် ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ စတုတ္ထမြောက် နိုင်ငံအသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး သူတို့ရဲ့ ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှုကို ပြန်လည် ရရှိဖို့ လက်တကမ်း အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ အင်္ဂလန် နည်းပြ ဂါရက်သ် ဆောက်ဂိတ်က ITV Sportနဲ့ အင်တာဗျူးမှာ အခုလိုပဲ ဝမ်းမြောက် ဝမ်းသာစွာနဲ့ ဖြေကြားလာခဲ့ပါတယ်။

ဆောက်ဂိတ်က “ဒါက အကောင်းဆုံး (အောင်မြင်မှု) ဖြစ်ပါတယ်။ အရမ်းကို ထူးခြားတဲ့ ညတစ်ည ဖြစ်ခဲ့ပြီး ပြည်တွင်း ကနေ အားပေးနေတဲ့ လူတိုင်း အတွက်လည်း အရမ်းထူးခြားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ ကစားပွဲ တစ်ခုပါ။ သူတို့ (နယ်သာလန်)က တိုးတက် ပြောင်းလဲနေတဲ့ အသင်းပါ၊ ဒါကို ​​ကျွန်တော်တို့ တုံ့ပြန်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို တစ်ညလုံး ဒုက္ခပေးနိုင်ခဲ့ပြီး အဆုံးသတ်က အသင်း အတွက် အရမ်းကို ထူးခြားခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဆောက်ဂိတ်က“နယ်သာလန်က သူတို့မှာ အရည်အသွေး ပိုရှိခဲ့ပါတယ်၊ ဒါကြောင့် သူတို့က မင်းကို သူတို့ လုပ်နိုင်သမျှ ကျွန်တော် တို့ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ 

“အရေးကြီးဆုံးက ကျွန်တော်တို့ တစ်သင်းလုံးက ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့ (လူစားထိုး) ကိစ္စတွေနဲ့ အချိန်တွေ အများကြီး ဖြုန်းမိခဲ့ပြီး အိုလီ အတွက်လည်း ဒွိဟ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဖိအားတချို့ လျှော့ချနိုင်ခဲ့ပါတယ်။ အိုလီက ကောင်းကောင်း ဖိအားပေး ကစားနိုင်ပြီး သူရဲ့ ပြေးအားနှုန်း ကလည်း ကောင်းပါတယ်။ သူ့ကို စမ်းကြည့်ဖို့ အချိန်ကောင်း တစ်ခုလို့ ကျွန်တော်တို့ ထင်ခဲ့တယ်။ ဒီည နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့ ပုံစံ အရ အရမ်းကို အရည်အသွေး ရှိခဲ့ပြီး နောက်တန်း သုံးယောက် သာမကဘဲ အချိန်တိုင်း လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်ခဲ့ပြီး ကစားသမားတွေက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချနိုင်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်နဲ့ စပိန် တို့ရဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ ကတော့ လာမယ့် ဇူလိုင် ၁၅ ရက်နေ့ ဘာလင်မြို့က အိုလံပစ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်