နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

‘ဂုဏ်ယူရဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်’ ဆိုတဲ့ အနိုင်ဂိုးရှင် ဒန်နီ အော်လမို | ယူရို ၂၀၂၄

စပိန် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကျော်ဖြတ်ပြီး အခုဆိုရင်တော့ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ စပိန်ဟာ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်ကို ၅ ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် မှတ်တမ်းသစ် ရေးထိုးဖို့လည်း အဆင်သင့် ဖြစ်နေခဲ့ပြီလို့ ဆိုရပါမယ်။ 

ပြင်သစ်ကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ အနိုင်ဂိုးရှင် ဒန်နီ အော်လမို ကတော့ ‘ဂုဏ်ယူရဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်’ လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ်ဟာ ရန်းဒဲလ် ကိုလိုမူအာနီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် စပိန် ဘက်က လမိုင်း ယာမယ်ရဲ့ ချေပဂိုး၊ ဒန်နီ အော်လမိုရဲ့ အနိုင်ဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဒန်နီ အော်လမို ကတော့ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာ သုံးပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး စပိန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အော်လမိုက ယူရို ၂၀၂၄ မှာ ၃ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးမှု ပြုလုပ်ထားပြီး ဒါကလည်း ဒါးဗစ် ဆေးလ်ဗား (၂ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး) နောက်ပိုင်း အဓိက ပြိုင်ပွဲ တစ်ခုမှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်တဲ့ စပိန် ကစားသမား ဖြစ်လာပါတယ်။ 

ဒါ့အပြင် ချေပဂိုး သွင်းယူပေးခဲ့တဲ့ လမိုင်း ယာမယ် ကလည်း အသက် ၁၆ နှစ်နဲ့ ၃၆၂ ရက်သာ ရှိနေသေးတာကြောင့် အဓိက နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ခုမှာ ပီလီ (၁၇ နှစ်နဲ့ ၂၃၉ ရက်) လို ကစားသမားကို ကျော်ဖြတ်ပြီး အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဒန်နီ အော်လမိုက “ကျွန်တော်တို့က ဒီပွဲကို ကောင်းကောင်း စီစဉ်ထားခဲ့ပြီး ဂိုးပေးလိုက်ရပေမယ့် လမိုင်းရဲ့ အံ့မခန်း သွင်းဂိုးက ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ပွဲကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာ သိခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် မှတ်တမ်းသစ် ရေးထိုးဖို့လည်း အဆင်သင့် ဖြစ်နေခဲ့ပြီလို့ ဆိုရပါမယ်။
ယူရို ၂၀၂၄ မှာ စံချိန်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ စပိန် ကစားသမားများ

စပိန် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူပြီးနောက် ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း (ချန်ပီယံ ၄ ကြိမ်) အဖြစ် အောင်ပွဲခံနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲဟာ စပိန် အတွက် ၅ ကြိမ်မြောက် ကစားရမှာ ဖြစ်ပြီး အင်္ဂလန် သို့မဟုတ် နယ်သာလန်နဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာပြီးနောက် ဆော်ဒီအာရေဗျကို ပြောင်းရွှေ့သွားခဲ့တဲ့ စပိန် ဗဟိုနောက်ခံလူ နာချို ကတော့ ချန်ပီယံလိဂ်နဲ့ လာလီဂါ ချန်ပီယံဆုတွေ ကိုင်မြှောက်နိုင်ခဲ့သလို ဥရောပ ချန်ပီယံရှစ် အောင်မြင်မှု ထပ်ရခဲ့မယ် ဆိုရင်တော့ သူ့အတွက် နောက်ထပ် ပျော်ရွှင်မှု ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

စပိန်သတင်းစာ Mundo Deportivo နဲ့ အင်တာဗျူး မှာတော့ နာချိုက “ဒီဖိုင်နယ် ကစားရမှာက မှော်ဆန်တဲ့ အိပ်မက် တစ်ခုပါပဲ၊ ယူရိုကို အနိုင်ရတာက ကြီးကျယ် ခမ်းနားတဲ့ အသက်မွေးဝမ်းကြောင်း ကာလ အတွက် အချိုပေါ် သကာလောင်းလိုက် သလိုပါပဲ။ မယုံကြည်နိုင်လောက်စရာ ဗိုလ်လုပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အသင်းက ကစားသမားကောင်းတွေ အများကြီး ရှိနေတဲ့ အသင်းပါ၊ ကစားသမားဟောင်းတွေနဲ့ လူငယ် ကြယ်ပွင့်တွေရဲ့ ပေါင်းစပ်မှုက ကျွန်တော် တို့ကို အရမ်းကို အားကောင်းသွားစေတယ်လို့ပဲ ဆိုရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်