နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်က ပြိုင်ပွဲမှာ ဘယ်လို ရှေ့ဆက်ရမယ် ဆိုတာ သိလာပေမယ့် နယ်သာလန် ကိုတော့ သတိထားရမယ် ဆိုတဲ့ နဗီးလ် | ယူရို ၂၀၂၄

အင်္ဂလန် လက်ရွေးစင် အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဘယ်လိုမျိုး တိုက်ပွဲဝင်ရမယ် ဆိုတာ နယ်သာလန်နဲ့ တွေ့ဆုံတဲ့ ပွဲမှာတော့ သတိထားဖို့ လိုအပ်ကြောင်း ဂယ်ရီ နဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန် ဂန္တဝင်၊ လက်ရှိ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီ နဗီးလ်က အင်္ဂလန်ကို ချီးကျူးစကား ပြောကြားသွားခဲ့သလို တစ်ဆက်တည်းမှာပဲ သတိပေးစကား ပြောခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်က အင်္ဂလန်ဟာ ဂါရတ်သ် ဆောက်ဂိတ်ရဲ့ လက်အောက်မှာ ပြိုင်ပွဲကြီး တစ်ပွဲကို ဘယ်လိုမျိုး ယှဉ်ပြိုင်ရမလဲ ဆိုတာ နားလည်တဲ့ အထူးကျွမ်းကျင်သူတွေ ဖြစ်လာပြီလို့ ခံစားမိပေမယ့် ယူရို ၂၀၂၄ မှာ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံတွေ့ရဦးမယ်လို့ ယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂယ်ရီ နဗီးလ်က အင်္ဂလန် အနေနဲ့ နယ်သာလန်နဲ့ ကစားရမယ့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် ပွဲမှာလည်း အရင်ပွဲတွေထက် တိုးတက်ဖို့ လိုအပ်တယ်လို့ လက်ခံထားတာပါ။

အင်္ဂလန်ဟာ ယူရို ၂၀၂၄ မှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက်တိုက် သာမန် ပွဲချိန် အတွင်း သရေတွေချည်းကျခဲ့တာ ဖြစ်ပါတယ်။ အုပ်စု အဆင့်မှာ ဒိန်းမတ်ကို တစ်ဖက် တစ်ဂိုးစီ သရေကျပြီးနောက် ဆလိုဗေးနီးယားနဲ့လည်း ဂိုးမရှိ သရေကျခဲ့ပါတယ်။ ရှုံးထွက် အဆင့်မှာ ဆလိုဗက်ကီးယားကို အချိန်ပို သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပေမယ့် မိနစ် ၉၀ အတွင်းမှာတော့ သရေသာ ကစားနိုင်ခဲ့သလို ဆွစ်ဇာလန် ကိုလည်း ပင်နယ်တီ ရောက်မှသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်က ဂါရက်သ် ဆောက်ဂိတ်ရဲ့ လက်အောက်မှာ အဓိက ပြိုင်ပွဲကြီး ၄ ခု ပါဝင်ကစားထားပြီး ပြိုင်ပွဲ ၃ ခုမှာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အင်္ဂလန်ရဲ့ အခြေအနေက ခြေစွမ်းပိုင်း အားရစရာ မရှိပေမယ့် ပြိုင်ပွဲ တစ်ခုမှာ နောက်တစ်ဆင့်ကို ဘယ်လို တက်လှမ်းရမလဲ ဆိုတာ ကောင်းကောင်း နားလည်နေတဲ့ အသင်း ပုံစံမျိုး ဖြစ်လာတာ တွေ့ရပါတယ်။ ဆွစ်ဇာလန်နဲ့ ပွဲမှာ 3-4-3 အခင်းအကျင်းကို ပြောင်းလဲ အသုံးပြုခဲ့ပြီးနောက် အင်္ဂလန်ရဲ့ ခြေစွမ်းက တိုးတက် ကောင်းမွန်လာကြောင်း ကျွမ်းကျင်သူ အများစုက ယုံကြည်နေကြပါတယ်။ ဒါ့အပြင် ဒီအခင်းအကျင်းက ဆောက်ဂိတ်ရဲ့ အသင်းလည်း လိုက်ဖက်တယ်လို့ ယူဆနေကြပါတယ်။

ဂယ်ရီနဗီးလ်က Sky Sports News နဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့မှာ ပိုကောင်းတဲ့ ဟန်ချက်ညီတဲ့ အသင်းရှိလာပြီလို့ ခံစားမိပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ဘောလုံးကို ပိုပြီး အေးအေးဆေးဆေး ကစားနိုင်လာပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဘောလုံးကို ဘေးကင်းစွာ ကစားနိုင်ဖို့ ကြိုးစားပေမယ့် ပထမပိုင်းရဲ့ တစ်ဝက်ပဲ ကစားနိုင်ခဲ့ပါတယ်။ အချိန်ပိုက အရမ်းအန္တရာယ်ရှိပါတယ်၊ အရမ်းသတိထားရပါတယ်။ ဒါပေမယ့် ဒီအသင်းက ပြိုင်ပွဲမှာ ကျွမ်းကျင်လာပါပြီ။ ဆီမီးဖိုင်နယ် ကိုလည်း ရောက်သွားပါပြီ။ သရေကျခဲ့တဲ့ ဖြတ်သန်းမှု လမ်းတစ်လျှောက်မှာ ကံကြမ္မာ ရှိပါတယ်။ ကျွန်တော်တို့ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆလိုဗက်ကီးယားနဲ့ ဆွစ်ဇာလန် တို့နဲ့ သရေကျခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး နဗီးလ်က “ဒါဟာ အသင်း တစ်သင်း အတွက် ကောင်းတဲ့ လက္ခဏာပါပဲ၊ ခက်ခဲတဲ့ပွဲတွေကို ဖြတ်ကျော်ရမှာပါ၊ ဒါပေမယ့် တစ်ချိန်လုံး အားကိုးနေလို့ မရပါဘူး။ မင်းရဲ့ စွမ်းဆောင်ရည် အဆင့်ကို တက်မလာဘူး ဆိုရင် နောက်ဆုံးမှာ မင်းခံစားသွားရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပွဲက ကျွန်တော် တို့ရဲ့ ဟန်ချက်ညီမှုနဲ့ ပတ်သက်လာရင် သေချာပေါက် ခြေလှမ်းသစ် တစ်ခုပါပဲ၊ အခု ဗုဒ္ဓဟူးနေ့မှာ နယ်သာလန် အသင်းနဲ့ ထပ်ပြီး ယှဉ်ပြိုင်ရမယ်။ သူတို့မှာ ကစားသမား ကောင်းတွေ ရှိနေတာကြောင့် နည်းနည်းတော့ ကျော်ဖြတ်ဖို့ ခက်ခဲမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်