နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးလိုက်တဲ့ နယ်သာလန် နည်းပြ ရော်နယ် ကိုးမန်း | ယူရို ၂၀၂၄

countdown banner

ရော်နယ် ကိုးမန်းရဲ့ နယ်သာလန်ဟာ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ်မှာ ရိုမေးနီးယားကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီးနောက် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ နယ်သာလန်က ရိုမေးနီးယားကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂက်ခ်ပို၊ မယ်လန် တို့ရဲ့ သွင်းဂိုးတွေနဲ့ လှပတဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အုပ်စု ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့တဲ့ နယ်သာလန်က မနေ့ညက ပွဲမှာတော့ ရိုမေးနီးယား ဘက်ကို အကြိမ်ကြိမ် ထိုးဖောက် တိုက်စစ်ဆင်ရင်း မိနစ် ၂၀ မှာ ကိုဒီ ဂက်ခ်ပိုက ဦးဆောင်ဂိုး၊ ၈၃ မိနစ်နဲ့ ၉၀+၃ မိနစ် တို့မှာ ဒွန်ရဲလ် မယ်လန်က အနိုင်သေချာစေမယ့် ဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ နယ်သာလန် တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းမွန်ခဲ့ပြီး ဂက်ခ်ပို၊ ဆီမွန်၊ ဒမ်းဖရီးစ်၊ မယ်လန် တို့ကတော့ အသင်း အတွက် အထိရောက်ဆုံး ကစားနိုင်ခဲ့ကြတာ တွေ့ရပါတယ်။ နယ်သာလန်ဟာ မယ်လန် ဝင်ရောက်လာချိန်မှာ တောင်ပံတွေ ပိုမို အသက်ဝင်လာခဲ့သလို တိုက်စစ် အတွက် ထိရောက်တဲ့ ပံ့ပိုးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ နယ်သာလန်ဟာ ပထမပိုင်းမှာ ဂိုးပေါက် ကန်ချက် ၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကတော့ ၄ ကြိမ် အထိ ရှိခဲ့ကာ ၂ ဂိုး ထပ်ရခဲ့တာ ဖြစ်ပါတယ်။

ကိုးမန်းရဲ့ အသင်းက လာမယ့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် တူရကီနဲ့ ကစားရဖို့ ရှိနေပြီး ဗိုလ်လုပွဲ သွားရာ လမ်းကြောင်း ကလည်း အနည်းငယ် ချောင်နေတာ ဖြစ်ပါတယ်။
နယ်သာလန်နဲ့ အတူ ကစားသမား ဘဝမှာ ဥရောပ အောင်မြင်မှု ရခဲ့ဖူးတဲ့ ရော်နယ် ကိုးမန်း

ဒါကြောင့် ရော်နယ် ကိုးမန်းက သူ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေး နှစ်သင် သဘောကျနေပြီး ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုးမန်းက သူ့ အသင်းရဲ့ ခြေစွမ်းက များစွာ တိုးတက် ကောင်းမွန်လာခဲ့ပြီး ဒီလို စွမ်းဆောင်ရည်တွေကို ပြိုင်ပွဲ ပြီးဆုံးချိန် အထိ ဆက်လက် ထိန်းသိမ်းထားရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားသွားပါသေးတယ်။

ကိုးမန်းက “တစ်ပွဲတည်း ကစားပုံ ဆိုးရွားခဲ့ရုံနဲ့ နောက်တစ်ဆင့် တက်လှမ်းဖို့ ဆိုတာ တစ်ခါတစ်ရံမှာ ပြောရခက်ပါတယ်။ ဒီနေ့ပွဲမှာ ပွဲအစကတည်းက ကျွန်တော် တို့ဟာ ထက်ထက်မြက်မြက် ရှိခဲ့ပြီး ဒါဟာ ခြားနားမှု တစ်ခု ဖြစ်စေခဲ့ပါတယ်။ ရလဒ်က အမြဲတမ်း အရေးကြီးဆုံးပါပဲ။ ဒါပေမယ့် ကျွန်တော် တို့က နယ်သာလန် ဖြစ်ပြီး နယ်သာလန် ဖြစ်လို့လည်း ကောင်းကောင်း ကစားနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ သိပါတယ်။ ဒီနေ့မှာတော့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က ထူးချွန်ခဲ့ပြီး ဒီပြိုင်ပွဲမှာ ဆက်သွားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါက အဆင့်ပါပဲ။ ကျွန်တော်တို့ ဒီအဆင့်နဲ့ ကျေနပ်လိုက်ရင် ယူရို ၂၀၂၄ ဖိုင်နယ်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ကိုးမန်းဟာ ဂျာမနီမှာ ကျင်းပသည့် ၁၉၈၈ ဥရောပ ချန်ပီယံရှစ်မှာ နယ်သာလန် အသင်းနဲ့ အတူ အောင်မြင်မှု ရရှိခဲ့တဲ့ ကစားသမားဟောင်း ဖြစ်ပြီး နည်းပြ ဘဝ မှာလည်း ဥရောပ အောင်မြင်မှု ရရှိဖို့ ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။ ကိုးမန်းရဲ့ အသင်းက လာမယ့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် တူရကီနဲ့ ကစားရဖို့ ရှိနေပြီး ဗိုလ်လုပွဲ သွားရာ လမ်းကြောင်း ကလည်း အနည်းငယ် ချောင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်