နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ်တူဂီက ယုံကြည်စရာ မရှိခဲ့ဘူးလို့ ဆိုလိုက်တဲ့ မော်ရင်ဟို | ယူရို ၂၀၂၄

နာမည်ကျော် နည်းပြ စပယ်ရှယ်ဝမ်း ဟိုဆေး မော်ရင်ဟို ကတော့ လက်ရှိ ကျင်းပနေတဲ့ ယူရို ၂၀၂၄ မှာ စပိန်က အံ့အားသင့်စရာ အကောင်းဆုံး အသင်းလို့ ချီးကျူးခဲ့ပြီး သူ့ရဲ့ နိုင်ငံအသင်း ပေါ်တူဂီ ကိုတော့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ 

စပိန်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ် မှာတော့ ပြင်သစ်ကို ၁-၂ ရလဒ်နဲ့ အနိုင်ယူပြီး ယူရို ၂၀၂၄ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စပိန်က ကစားထားခဲ့တဲ့ ပွဲစဉ် ၆ ပွဲစလုံး အနိုင်ရရှိထားသလို အကောင်းဆုံး ခြေစွမ်းတွေနဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးလည်း ဖြစ်နေခဲ့ပါပြီ။ စပိန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အီတလီ၊ ခရိုအေးရှား၊ အဲလ်ဘေးနီးယား တို့ပါဝင်တဲ့ ခက်ခဲတဲ့ အုပ်စုမှာ ကျရောက်ခဲ့ပေမယ့် အုပ်စုတွင်း ပေးဂိုး လုံးဝ မရှိပဲ ရာနှုန်းပြည့် နိုင်ပွဲ ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၆ သင်း အဆင့် ရှုံးထွက်မှာ ဂျော်ဂျီယာကို ဂိုးပြတ် အနိုင်ရခဲ့သလို ကွာတားဖိုင်နယ် မှာလည်း အိမ်ရှင် ဂျာမနီကို ကျော်ဖြတ်ပြခဲ့ပါတယ်။ အခုနောက်ဆုံး ဆီမီးဖိုင်နယ် မှာတော့ ခံစစ် ကစားပုံ ကောင်းပါတယ် ဆိုတဲ့ ပြင်သစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်လှမ်းထားခဲ့တာ ဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ လက်ရှိ တူရကီ ကလပ် ဖီနာဘာချီ နည်းပြ ဟိုဆေး မော်ရင်ဟိုက စပိန်ရဲ့ ခြေစွမ်းကို အထူးတလည် ချီးကျူးလာခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုက “စပိန်က ကျွန်တော့် အတွက်တော့ အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ အသင်း ဖြစ်နေပါတယ်။ သူတို့ အသင်းရဲ့ တိုးတက်မှုတွေ အပြင် အသင်းသစ် တစ်သင်း အဖြစ် လက်တွေ့ကျကျ ပြောင်းလဲနိုင်ခဲ့တာကြောင့်ပါ။ ပုဂ္ဂိုလ်ရေး အမြင်အရ ဆိုရင်တော့ စပိန်က လက်ရှိအချိန်မှာ အကောင်းဆုံး ကစားနေနိုင်တဲ့ အသင်း တစ်သင်း ဖြစ်နေတယ်လို့ မြင်ပြီး ပြိုင်ပွဲ တစ်လျှောက်လုံး အကောင်းဆုံး ကစားနေတဲ့ အသင်းလို့လည်း ဆိုချင်ပါတယ်။” လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး မော်ရင်ဟိုက ယူရို ၂၀၂၄ ကွာတားဖိုင်နယ် အဆင့် ကနေ လှည့်ပြန်ခဲ့ရတဲ့ ပေါ်တူဂီနဲ့ ပတ်သတ်လို့တော့ “ပေါ်တူဂီက ကွာတားဖိုင်နယ် ရောက်ခဲ့ပေမယ့် ထူးထူးဆန်းဆန်း လုပ်ပြနိုင်တာ မရှိခဲ့ပါဘူး။ ကျွန်တော့် အနေနဲ့ ပေါ်တူဂီကို ဒီထက် ပိုပြီး မျှော်လင့်ခဲ့တာပါ။ ဒီပြိုင်ပွဲ မတိုင်ခင် ခရိုအေးရှားနဲ့ ကစားတဲ့ ခြေစမ်းပွဲကို ကြည့်လိုက်ချိန်ကတည်း ပေါ်တူဂီ သိပ်ပြီး အခြေအနေ မကောင်းလောက်ဘူး ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ပြိုင်ပွဲ မှာတော့ ကျွန်တော်တို့ အသင်းက တိုးတက်မှုတွေ ရှိခဲ့ပေမယ့်လည်း ယုံကြည်ရလောက်တဲ့ အတိုင်းအတာမျိုးမှာ ရှိမနေခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဟိုဆေး မော်ရင်ဟို ကတော့ ဘင်ဖီကာ၊ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ စပါး၊ ရိုးမား တို့လို အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ အသက် ၆၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မော်ရင်ဟိုက ကလပ် အသင်းကြီးတွေနဲ့ အတူ အောင်မြင်မှု ရရှိခဲ့သလို နိုင်ငံလက်ရွေးစင် အသင်း တစ်သင်းကို ပြောင်းလဲ ကိုင်တွယ်မယ်လို့ သတင်းတွေ ထွက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ မော်ရင်ဟိုက ကလပ် အသင်းတွေမှာပဲ ကျင်လည်နေဆဲ ဖြစ်ပြီး လာမယ့် ရာသီ မှာတော့ တူရကီ ထိပ်သီး ဖီနာဘာချီကို စတင် ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်