ဂျော်ဂျီယာ – ဂရိ
ဒီတစ်ပတ်မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲစဉ် တစ်ပွဲ အဖြစ် ဂျော်ဂျီယာက ဂရိနဲ့ ဂျော်ဂျီယာရဲ့ အိမ်ကွင်း Boris Paichadze Dinamo Arenaမှာ ကစားရမှာ ဖြစ်ပါတယ်။
ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ လူဇင်ဘက်ကို ခြေစွမ်း အသာနဲ့ ကစားပြီး ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဂျော်ဂျီယာ အတွက်တော့ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့်တော့ ဂျော်ဂျီယာတို့ မထင်မှတ်တာတွေ လုပ်ပြနိုင်မလား စောင့်ကြည့်ရပါမယ်။ ခြေစွမ်းပိုင်းအရတော့ ဂျော်ဂျီယာဟာ ပြိုင်ဘက်တိုင်းကို ခက်ခဲအောင် လုပ်နိုင်စွမ်း ရှိနေပြီး တိုက်စစ် ကလည်း ထက်မြတ်နေပါတယ်။ ဂျော်ဂျီယာဟာ နောက်ဆုံး ၅ ပွဲမှာ စပိန်ကိုသာ ရှုံးနိမ့်ထားပြီး ကျန် ၄ ပွဲနိုင်ပြီး ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။
ဂရိ ကတော့ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ကာဇက်စတန်ကို ၅-၀ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ယူပြီး ဗိုလ်လုပွဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၀၄ ချန်ပီယံဟောင်း ဂရိဟာ ဒီပြိုင်ပွဲကို ၄ ကြိမ်သာ ခြေစစ်ပွဲ အောင်မြင်ဖူးပြီး ဒီတစ်ကြိမ်နဲ့ဆို ၅ ကြိမ်မြောက်ပါ။ ဆာဂျီ ရီဘရော့ဗ်ရဲ့ ဂရိဟာ ဂျော်ဂျီယာ လိုပဲ နောက်ဆုံး ၅ ပွဲမှာ နယ်သာလန် တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန် ၄ ပွဲမှာတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ဂျော်ဂျီယာ – မာမာ ဒက်ရှ်ဗီလီ၊ ကာရှီယာ၊ ဒီဗလီ၊ ရှန်ဂီလီယာ၊ ကာကာဘက်ဒ်ဇီ၊ ကိုချိုရက်ရှ်ဗီလီ၊ ချက်ဗီတက်ဇီ၊ ကီတစ်ရှ်ဗီလီ၊ ဇစ်ဗ်ဇီဗက်ဒ်ဇီ
ဂရိ – ဗလာချိုဒီမော့စ်၊ အမ်ဗရိုပါးနို့စ်၊ ဟတ်ဇီဒီယာကို့စ်၊ ဆီမီကတ်စ်၊ ဘဲလ်ဒေါ့ခ်၊ ကူအာဘဲလစ်၊ မန်တဲလ်လို့စ်၊ ဘက်ကာဆီတက်စ်၊ ပဲလ်ကတ်စ်၊ မက်ဆိုရက်စ်၊ လုန်းနီဒစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက နောက်ဆုံး ၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဂရိက ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပြီး ဂျော်ဂျီယာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ကြိမ် စလုံး ဂရိတို့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်က ဂျော်ဂျီယာ ကတော့ အိမ်ကွင်း နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ ဂျော်ဂျီယာ နိုင်ရင် ၃.၁၄ ဆ၊ ဂရိ နိုင်ရင် ၂.၂၃ ဆ၊ သရေ ဆိုရင်တော့ ၂.၉၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းအရ ဘယ်အသင်းအသာရနိုင်သလဲ ဆိုတာ ပြောရခက်ပါတယ်။ ဂျော်ဂျီယာဟာ ယူရို ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ရေး အားစိုက်လာမှာ မှန်ပေမယ့် ဂရိလို အတွေ့အကြုံ ရင့် အသင်း တစ်သင်းကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး။ ဂရိ ကပ်နိုင်သွားမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
ဂျော်ဂျီယာ ၁-၂ ဂရိ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.