နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗိုလ်လုပွဲမှာ စပိန်နဲ့ ရင်ဆိုင်ချင်တယ်လို့ ဆိုလိုက်တဲ့ ဘယ်လင်ဟမ် | ယူရို ၂၀၂၄

အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ ဒီကနေ့ ညမှာ နယ်သာလန် အသင်းနဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အင်္ဂလန်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် ကတော့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်နဲ့ တွေ့ဆုံချင်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အင်္ဂလန်ဟာ ဒီနှစ် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပိုင်းအရ အားရစရာ မရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဆီမီးဖိုင်နယ် အဆင့်အထိ ရောက်ရှိလာခဲ့ပြီး အသင်း ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားနေစေခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ဆောက်ဂိတ် လက်ထက်မှာ ပြိုင်ပွဲကြီး ၄ ခုရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ၃ ကြိမ်မြောက် တက်လှမ်းလာနိုင်ခဲ့တဲ့ အင်္ဂလန်က ယူရို ၂၀၂၄ရဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း တစ်သင်း အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။  အင်္ဂလန်က (၁၆) သင်း ရှုံးထွက်အဆင့်မှာ ဆလိုဗက်ကီးယား၊ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန် တို့ကို ကျော်ဖြတ်လာခဲ့ပြီး တစ်ဖက်က တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းကောင်းမွန်လာတဲ့ နယ်သာလန်နဲ့ တွေ့ဆုံရမှာ ဖြစ်လို့ ခက်ခဲဦးမှာတော့ သေချာပါတယ်။

အင်္ဂလန် ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ဘယ်လင်ဟမ် ကတော့ နယ်သာလန်နဲ့ ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ် မတိုင်ခင် အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်က“ပြီးခဲ့တဲ့ (၃)ပတ် အတွင်းမှာ စပိန် ကစားသွားတာ တော်တော်လေး ကောင်းပါတယ်။ ဘာမဆိုလည်း ဖြစ်သွားနိုင် ပါတယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲမှာ စပိန်နဲ့ ရင်ဆိုင်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ သူတို့ ကစားပုံက အရမ်းကို ကောင်းမွန်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်ရဲ့ အင်္ဂလန်ဟာ ဥရောပချန်ပီယံရှစ် သမိုင်းတလျှောက် တစ်ကြိမ် တစ်ခါမှ ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာသာ ဗိုလ်လုပွဲ အဆင့်ကို ပထမဦးဆုံး အကြိမ် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ လက်ရှိ ယူရို ၂၀၂၄ မှာ ပြိုင်ပွဲ မကျင်းပခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ရဲ့ အသင်း ကတော့ ပြိုင်ပွဲတစ်လျှောက်လုံး မှာလည်း ချန်ပီယံ ခြေစွမ်းမျိုး ရှိမနေပဲ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၂၄ အုပ်စု အဆင့်မှာလည်း အားရစရာ ခြေစွမ်းမျိုး မပြသနိုင်ခဲ့သလို နည်းပြရဲ့ လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေ အနေနဲ့လည်း ကလပ် အသင်းတွေ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နိုင်ငံလက်ရွေးစင် အသင်း အတွက် ကစားပေးချိန်မှာတော့ အပြည့်အဝ အားထည့်ခြင်း မရှိဘူးလို့ ပရိသတ်တွေက ယုံကြည်နေကြတာပါ။

ရော်နယ် ကိုးမန်းရဲ့ နယ်သာလန် ကတော့ ယူရို ၂၀၂၄ အုပ်စု အဆင့်မှာ ပိုလန်ကို နိုင်၊ ပြင်သစ်နဲ့ သရေ၊ ဩစတြီးယား ကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်က ရှုံးထွက်အဆင့်က စပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့နောက် ရိုမေးနီးယားကို ဂိုးပြတ် နိုင်ခဲ့သလို ကစားရခက်တဲ့ တူရကီ ကိုလည်း အနိုင်ယူ ကျော်ဖြတ်ထားတာ ဖြစ်ပါတယ်။

ဒီနှစ်သင်းက ၄ ကြိမ် တွေ့ဆုံခဲ့ဖူးရာမှာ နယ်သာလန်က ၃ ကြိမ်နိုင်ပြီး အင်္ဂလန် ကတော့ ၁ ကြိမ်သာ အနိုင်ရခဲ့လို့ အင်္ဂလန်ဟာ နယ်သာလန်နဲ့ တွေ့ဆုံချိန်တိုင်းမှာ အသာမရခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်