နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သူ့ကိုယ်သူ ရော်နယ်ဒိုလို့ ခံစားလိုက်ရတယ် ဆိုတဲ့ ဘယ်လင်ဟမ် | ယူရို ၂၀၂၄

countdown banner

အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဆလိုဗေးနီးယားနဲ့ ယူရို ၂၀၂၄ ရှုံးထွက်ပွဲစဉ်မှာ ရုန်းကန်ခဲ့ရပေမယ့် ဘယ်လင်ဟမ်ရဲ့ နောက်ကျ ချေပဂိုး၊ ကိန်းရဲ့ အချိန်ပို သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်က တစ်ပွဲလုံးမှာ ခြေစွမ်းပိုင်းက လုံးဝ အားရစရာ မရှိခဲ့ပေမယ့် ဘယ်လင်ဟမ်နဲ့ ကိန်းတို့ ကယ်လို့သာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အရေးကြီးတဲ့ ချေပဂိုး ရယူပေးခဲ့တဲ့ ဘယ်လင်ဟမ် ကတော့ မာ့ခ် ဂီဟီ ဖန်တီးပေးတဲ့ ဘောလုံးကို မြေမကျ နောက်ပြန် ကန်ချက်နဲ့ သွင်းယူပေးခဲ့တာပါ။ ဒါကြောင့်လည်း ဘယ်လင်ဟမ်က ဒီဂိုးကို သွင်းယူလိုက်ချိန်မှာ သူ့ကိုယ်သူ ခရစ္စတီယာနို ရော်နယ်ဒိုလို့ ခံစားလိုက်ရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

လက်ရှိ ဘောလုံးလောကရဲ့ GOAT တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုက ၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘယ်လင်ဟမ်လိုပဲ မြေမကျ ကန်ချက်နဲ့ ရီးရဲလ်မက်ဒရစ် အတွက် လှပတဲ့ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လင်ဟမ်က သူ့ကိုယ်သူ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ် အတွက်လည်း အရေးကြီးတဲ့ အချိန်မှာ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရယူပေးခဲ့တဲ့ ကစားသမား ဖြစ်ပြီး အင်္ဂလန် ကိုလည်း သူ့ရဲ့ သွင်းဂိုးနဲ့ အိမ်ပြန်ရမယ့် အရေး ကနေ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်က လက်ရှိ ယူရို ၂၀၂၄ မှာ သွင်းဂိုး ၄ ဂိုး ရရှိထားပြီး ဘယ်လင်ဟမ် (၂ ဂိုး)၊ ကိန်း (၂ ဂိုး) သွင်းယူပေးထားတာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်က ‘Diary Room’ ရှိုးတစ်ခုမှာ “အဲ့ဒီအရာက သာမန် လုပ်ဆောင်နိုင်တာထက် ပိုခဲ့ပါတယ်။ နည်းနည်းလေး နောက်ကျခဲ့ပေမယ့် ချိန်သားကိုက် ထိချက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် လေထဲမှာ ရှိတုန်းက မြေပြင်နဲ့ ခြောက်ပေလောက် ကွာသွားတယ်လို့ ထင်ခဲ့ပါတယ်။ ရော်နယ်ဒို လိုပါပဲ” ဒါပေမယ့် ကျွန်တော် ပြန်ကြည့်တော့ လက်တစ်ဖက်က မြေကြီးပေါ်မှာ ရှိနေတုန်းပဲ၊ ဒါကြောင့် ဒါက Acrobatic ကန်ချက်တော့ မဟုတ်ခဲ့ပါဘူး။”

“ဒါပေမယ့် ဒါဟာ ကောင်းမွန်တဲ့ ထိချက်တစ်ခုပါ။ သေချာတာ ကတော့ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်း ကာလ တစ်လျှောက် အရေးကြီးဆုံးနဲ့ အမှတ်ရစရာ အခိုက်အတန့်တွေ ထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဘယ်လင်ဟမ်က သူဒီဂိုးကို မသွင်းယူခင် သူတို့ အသင်းအနေနဲ့ ပြိုင်ပွဲ ကနေ ထွက်ခွာရတော့မယ်လို့ ထင်ခဲ့ပေမယ့် အသင်းရဲ့ ယုံကြည်ချက် အတိုင်း လုပ်ဆောင်နိုင်ခဲ့လို့ ပျော်ရွှင်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဘယ်လင်ဟမ်က “တကယ်ကို ရိုလာကိုစတာ ခံစားချက်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲကို အနိုင်ရခဲ့ပေမယ့် ပျော်ရွှင်စရာ နည်းလမ်းနဲ့တော့ မဟုတ်ခဲ့ပါဘူး။ ခင်ဗျားတို့ အနေနဲ့ သက်တောင့်သက်သာ ကစားပြီး ထိန်းချုပ်ချင်ပေမယ့် အနိုင်ရဖို့ နည်းလမ်း ရှာရပါမယ်။ အင်္ဂလန်ဟာ လာမယ့် စနေနေ့မှာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဆွစ်ဇာလန်နဲ့ ကစားရဖို့ ရှိနေပါတယ်။ အကယ်၍ ဆွစ်ဇာလန်ကို ကျော်ဖြတ်နိုင်ရင်တော့ နယ်သာလန် သို့မဟုတ် တူရကီနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်