နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဩစတြီးယားက ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် ဖျော်ဖြေမှုတော့ ပေးနိုင်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ရန်းညက်ခ် | ယူရို ၂၀၂၄

countdown banner

ဩစတြီးယား ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဖြတ်မြင်း အသင်း အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် တူရကီကို ၁-၂ ရလဒ်နဲ့ အရေးနိမ့်ပြီး ရှုံးထွက်အဆင့် ကနေပဲ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ပွဲမစခင်က ဩစတြီးယား အနေနဲ့ တူရကီကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်မယ်လို့ အများစုက ယုံကြည်ခဲ့ကြပြီး ခန့်မှန်းမှုတွေနဲ့ လွဲချော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပွဲမှာ တူရကီက ပွဲချိန် ၁ မိနစ်မှာတင် ဗဟိုခံစစ်မှူး ဒါမီရယ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဩစတြီးယားတို့ နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဩစတြီးယားဟာ ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ဂိုးပေါက် ကန်သွင်းခွင့် အသာနဲ့ တူရကီကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် တူရကီ ကတော့ ရတဲ့ အခွင့်အရေးတွေကို အပိုင်အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။ ဒါမီရယ် သွင်းယူခဲ့တဲ့ နှစ်ဂိုး စလုံးက ထောင့်ကန်ဘောတွေက တဆင့် ရရှိခဲ့တာ ဖြစ်ပြီး ရန်းညက်ခ် အနေနဲ့ သူ့ အသင်းရဲ့ Set Piece ထိန်းချုပ်မှု ပုံစံ စိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ ဖြစ်သူ ရက်ဖ် ရန်းညက်ခ်က သူ့အသင်းရဲ့ set-piece ပိုင်း အားနည်းချက်တွေ အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရန်းညက်ခ်က သူ့အသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် ဖျော်ဖြေမှုပေးနိုင်ခဲ့တယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။

ရန်းညက်ခ်က “ကျွန်တော် တို့မှာ လိုအပ်တဲ့ ကံတရားတွေ မရှိခဲ့ပါဘူး။ တကယ်လို့ ဒီပွဲက အချိန်ပိုသာ ရောက်ခဲ့ရင် ကျွန်တော်တို့ အနိုင်ရဖို့ အခွင့်အရေးရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ တူရကီ အသင်း ကတော့ ပွဲပြီးချိန်မှာ ပင်ပန်းနွမ်းနယ်နေပေမယ့် ကြံ့ခိုင်မှုပိုင်း မှာတော့ အားသာချက် ရှိခဲ့ပါတယ်။”

ဆက်လက်ပြီး ရန်းညက်ခ်က “ကျွန်တော်တို့ လုံလောက်တဲ့ ဂိုးတွေ မသွင်းနိုင်ခဲ့ဘူး၊ လုံလောက်တဲ့ အခွင့်အရေးတွေလည်း မရခဲ့ပါဘူး။ နောက်ပြီး ကျွန်တော်တို့ ကာကွယ်မှု ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး၊ ဒုတိယဂိုး အတွက်၊ ကျွန်တော်တို့မှာ ခေါင်းတိုက်တာ အရမ်း ကောင်းတဲ့ ကစားသမား ၃ ယောက် ရှိခဲ့ပေမယ့် ဒါမီရယ်ရဲ့ သွင်းဂိုးတွေကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ နှစ်ဂိုး သွင်းဖို့ ဆိုတာ တကယ်တမ်းတော့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲ အပါအဝင် ကစားခဲ့တဲ့ ၄ ပွဲစလုံး အရမ်းကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ အရာအားလုံးက အတိအကျ မဖြစ်လာပါဘူး။ ကျွန်တော်တို့ ပိုကောင်းအောင်တော့ ကစားနိုင်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရန်းညက်ခ်ရဲ့ ဩစတြီးယားက ယူရို ၂၀၂၄ အုပ်စု (D) မှာ ပြင်သစ်၊ နယ်သာလန်တို့ကို ကျော်ဖြတ်ပြီး အုပ်စု ပထမနေရာနဲ့ ရှုံးထွက်တက်ခဲ့တာ ဖြစ်ပါတယ်။ အသင်းလိုက် ကစားပုံရော၊ စိတ်ဓာတ်ပိုင်းမှာပါ ကောင်းမွန်နေမှုကြောင့် အများစုက တူရကီကို အသာရသွားမယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူရကီ ကတော့ အားလုံးရဲ့ ခန့်မှန်းချက်တွေကို ဆန့်ကျင်ပြီး အကောင်းဆုံး လုပ်ပြနိုင်ခဲ့သလို သူတို့ဟာ လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ကြောင်း သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ယူရို ၂၀၂၄ ရဲ့ ဖျက်မြင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ဩစတြီးယား ဆီက လွှဲပြောင်းရယူသွားခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်