နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာအတိုင်း ပရီးမီးယားလိဂ်ချန်ပီယံတို့ ခက်ခက်ခဲခဲ ဖြေရှင်းရဦးမယ့် မာဆေးလ်ဆိုဒ် ပုစ္ဆာ

အဲဗာတန် vs လစ်ဗာပူးလ်

အခုတစ်ပတ် စနေနေ့မှာတော့ ဥရောပအမှတ်ပေးဘောလုံးပြိုင်ပွဲတွေ ဆက်လက်ကစားသွားဖို့ ရှိနေပြီး ထိပ်သီးအသင်း တော်တော်များရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ အတူ ပရီးမီးယားလိဂ်ကတော့ ပြန်လည်ကြိုဆိုနေ ခဲ့ပါပြီ။ အောက်တိုဘာလ ၁၇ ရက်နေ့ စနေနေ့ ညနေ ၆ နာရီမှာတော့ မာဆေးလ်ဆိုဒ်ဒါဘီ ပွဲစဉ် အဖြစ် အဲဗာတန်နဲ့ လစ်ဗာပူးလ် ကစားဖို့ရှိနေပြီး လက်ရှိချန်ပီယံ ကြိုးကြာနီတွေအနေနဲ့ ခက်ခဲတဲ့ ပရီးမီးယားလိဂ် ပုစ္ဆာ တစ်ပုဒ်ကို ထပ်ပြီး အဖြေထုတ်ရဖို့ရှိနေပါတယ်။

ကမ္ဘာ့အကောင်းဆုံးနည်းပြ ဂျာဂျင်ကလော့ပ် လက်ထက်မှာ စနစ်တကျ ပြန်လည်တည်ဆောက်ပြီး ဥရောပနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်း ဖြစ်ကြောင်း သက်သေပြထားခဲ့တဲ့ လစ်ဗာပူးလ်တို့ ဒီရာသီမှာတော့ ကစားပုံ အနည်းငယ် ပျက်ယွင်းစပြု လာပါတယ်။ လစ်ဗာပူးလ်တို့ ၂၀၂၀ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ခံစစ်ပိုင်းက ပြောစရာရှိခဲ့တာပါ။ အဲ့ဒီနောက် စတန်းဖိုဒ့် ဘရစ်ချ်မှာ ချဲလ်ဆီးကို ၂ဂိုးပြတ်အနိုင်ရပြီး၊ အာဆင်နယ် ကိုလည်း ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့လို့ လစ်ဗာပူးလ်တို့ အရင်ပုံစံကောင်းပြန်ရပြီ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ပတ်အတွင်း နောက်ထပ်တစ်ကြိမ် တွေ့ဆုံမှုအနေနဲ့ ခရာဘောင်ဖလားမှာ အာဆင်နယ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ အက်စတွန်ဗီလာကို သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ၇-၂ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ကစား သမားသစ်ခေါ်ယူမှု သိပ်မလုပ်ပဲ အသင်းမှာရှိပြီးသား ကစားသမားဟောင်းတွေကို အပြည့်အဝ ယုံကြည်ထားတာက ဂျာဂျင်ကလော့ပ်အတွက် အားနည်းချက် တစ်ခုဖြစ်လာနိုင်ပေမယ့် သီယာဂို၊ ဂျော့တာတို့ နှစ်ဦးကို ခေါ်ယူထားတာနဲ့တင် လုံလောက်ပါတယ်။ တကယ်တမ်း ပြသနာက ခံစစ်လိုင်းမြင့်မြင့်ကစားတဲ့ ပုံစံ ကြောင့် ဖြစ်ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ တစ်ဖက်အသင်း တိုက်စစ်ကို လူကျွံဖမ်းပြီး ထိန်းချုပ်ကစားတာ ဖြစ်ပေမယ့် လက်တွေ့ မှာ အန္တရာယ် များ လွန်းတယ်ဆိုတာကို အက်စတွန်ဗီလာက သက်သေပြခဲ့ ပြီးပါပြီ။ လက်ရှိ တွေ့ဆုံနေတဲ့ အဲဗာတန် ဟာလည်း ဒီရာသီမှာ တိုက်စစ် အကောင်းဆုံးအသင်း ဖြစ်နေလို့ ကလော့ပ်အနေနဲ့ သတိထားဖို့ လိုအပ်နေပါပြီ။ နောက်ပြီးတော့ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေ ပိုင်ဆိုင်ထားတဲ့ အသင်း တစ်သင်းအနေနဲ့ ၄ပွဲကစားပြီးချိန်မှာ ပေးဂိုး ၁၁ ဂိုးအထိ ရှိနေတာကတော့ မဖြစ်သင့်တဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရာသီအစ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၂၄ဂိုး သွင်းယူထားပြီးတော့ ၁ဂိုးတည်းနဲ့ အနိုင်ရခဲ့တဲ့ ပွဲဟာလည်း တစ်ပွဲပဲရှိပါတယ်။
နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အဲဗာတန်

အဲဗာတန်ကတော့ အသင်းရဲ့ ပေါ်လစီတချို့ကိုပြောင်းလဲပြီး ကမ္ဘာ့အဆင့်ရှိတဲ့ နည်းပြ ကာလို အန်ဆယ်လော့တီ ကို အရင်ဆုံး ခေါ်ပါတယ်။ အဲ့နောက် အခုရာသီ မစတင်ခင်မှာ နည်းပြ စိတ်တိုင်းကျ ကစားသမား ခေါ်ယူခွင့်တွေ ပေးခဲ့ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ အဲလန်၊ ဒူကိုရေး၊ ဂေါ့ဖရေး၊ အန်ကွန်ကူတို့ကို ခေါ်ယူ ထားနိုင်ခဲ့ပါတယ်။ အသက် ၂၃ နှစ် အရွယ် လူငယ်တိုက်စစ်မှူး ဒေါမနစ် ကလဲဗက်လီဝင်းအနေနဲ့ ရာသီအစ ၄ ပွဲမှာ ၆ ဂိုးသွင်းယူခဲ့သလို ခါရာဘောင် ဖလားပွဲစဉ်ပါ ထည့်တွက်ရင်တော့ ဟက်ထရစ်နှစ်ကြိမ်တောင် ရရှိထားပြီး ဖြစ်လို့ အကောင်းဆုံးပုံစံမှာ ရှိနေတယ် လို့ ဆိုနိုင်ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်လို ကစားသမားကို အရခေါ်နိုင်ခဲ့တာဟာ တကယ့်ကို အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်ပြီး အဲဗာတန်တို့ နိုင်ပွဲဆက်နေရခြင်းရဲ့ အဓိကသော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဗာတန်တို့ ပရီးမီးယားလိဂ် ရာသီအစ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၂၄ဂိုး သွင်းယူထားပြီးတော့ ၁ဂိုးတည်းနဲ့ အနိုင်ရခဲ့တဲ့ ပွဲဟာလည်း တစ်ပွဲပဲရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယားလိဂ် ဒါဘီတိုင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသလို အဲဗာတန်နဲ့ လစ်ဗာပူးလ် တို့ရဲ့ မာဆေးလ်ဆိုဒ်ဒါဘီ ကလည်း တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ်ရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၂၃ ကြိမ်မှာ အဲဗာတန်တို့ လစ်ဗာပူးလ်ကို ၁၁ကြိမ် ရှုံးနိမ့်ထားပြီး ၁ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ ကျန် ၁၁ ကြိမ်ကတော့ သရေရလဒ် ထွက်ပေါ်ထားပြီး ဂူဒီဆင်ပါ့ခ်မှာဆို လစ်ဗာပူးလ်တို့ အနိုင်ရဖို့ ခက်ခဲခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေ့ဆုံမှု ၃ကြိမ်မှာ လစ်ဗာပူးလ်က ၂ကြိမ်အနိုင်ရပြီး ၁ကြိမ်ကတော့ သရေကျထားပါတယ်။ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ၂ပွဲမှာ လစ်ဗာပူးလ်တို့ အနိုင် ရထားပေမယ့် အဲဗာတန် ကွင်းမှာတော့ ဂိုးမရှိ သရေကျထားပါတယ်။ အခုပွဲစဉ်ဟာ ဂူဒီဆင်ပါ့ခ်မှာ ကစားရမှာဖြစ်လို့ လစ်ဗာပူးလ်တို့ ကျိန်းသေပေါက် ရုံးကန်ရဖို့ရှိနေသလို အရင်နှစ်တွေက အဲဗာတန် မဟုတ်တော့လို့ နိုင်ပွဲရဖို့ထက် ရှုံးပွဲမဖြစ်သွားဖို့ အာရုံစိုက်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။ နောက်ပြီး လစ်ဗာပူးလ်တို့ အဓိကကစားသမားတွေ ဖြစ်တဲ့ အလီဆွန် ဘေကာ၊ မာနေး၊ မက်တစ်ပ်၊ ချိန်ဘာလိန်၊ နာဘီကိုင်တာတို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖို့ မသေချာတဲ့ အချိန်မှာ ရယ်ရီမီနာ ကလွဲလို့ ဒဏ်ရာရပွဲပယ်ကင်းနေတဲ့ အဲဗာတန်ကို ရင်ဆိုင်ဖို့ဆိုတာ ခက်ခဲနေဦးမှာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အဲဗာတန် vs လစ်ဗာပူးလ် 1X2 လစ်ဗာပူးလ် @ ၁.၉၄ဆ
အောက်တိုဘာ ၁၇ ရက်, ညနေ ၆:၀၀ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၃.၅၅ဆ၊ ဧည့်သည်ဘက်က ၁.၉၄ ဆနဲ့ သရေအတွက် ၃.၆၅ဆ ကြေးဖွင့်ထားပါတယ်။ ကြေးအရကြည့်မယ်ဆိုရင်တော့ လစ်ဗာပူးလ်တို့ အနိုင်ရဖို့များပေမယ့် လက်ရှိခြေစွမ်းပိုင်း အရတော့ လစ်ဗာပူးလ်ကို ယုံကြည်ဖို့ ခက်ခဲနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်ကအမှားတွေကို ကျိန်းသေပေါက် ပြင်ဆင်လာမယ့် နည်းပြဂျာဂျင်ကလော့ပ်အနေနဲ့ ရှုံးပွဲမဆက်ဖို့အတွက် ကျိန်းသေပေါက် အာရုံစိုက်လာမှာပါ။ အဲဗာတန်မှာ ကစားသမားကောင်းတွေ အများကြီးရှိနေသလို လစ်ဗာပူးလ်မှာလည်း ဒိတ်ဒိတ်ကြဲကစားသမားတွေ ရှိနေပါတယ်။ အဝေးကွင်းမှာ လာရောက်ကစားမယ့် လစ်ဗာပူးလ်တို့ အနိမ့်ဆုံးသရေကစားနိုင်မှာ သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်