နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်ဂျီယံကို အနိုင်ကစားပြီး ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အေ အုပ်စု ၂ ကိုဦးဆောင်နိုင်ခဲ့တဲ့ အင်္ဂလန်

အင်္ဂလန် ၂ – ၁  ဘယ်ဂျီယံ

အောက်တိုဘာလ မြန်မာစံတော်ချိန် ည ၁၀နာရီခွဲအချိန်မှာ  ယူအီးအက်ဖ်အေနေးရှင်းလိဂ်အေ အုပ်စု ၂ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး အင်္ဂလန်က ဘယ်ဂျီယံကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်တို့ အခုနိုင်ပွဲကြောင့် နေးရှင်းလိဂ်အေ အုပ်စု ၂ရဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့သလို ဘယ်ဂျီယံကတော့ နှစ်နှစ်နီးပါး ထိန်းသိမ်းလာခဲ့တဲ့ ၁၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်လည်း ရပ်တန့်သွားခဲ့ပါတယ်။
 

ပွဲမှတ်တမ်းနဲ့  အချက်အလက်များ

အင်္ဂလန်နဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်ဟာ နှစ်နှစ်အတွင်း ပထမဦးဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ရပါတယ်။
နှစ်နှစ်အတွင်း ပထမဦးဆုံးရှုံးပွဲတွေ့ခဲ့တဲ့ ဘယ်ဂျီယံ

နောက်ခံလူ ၃ ယောက်ထားတဲ့ ကစားပုံနဲ့ဆို ရလဒ်ပိုကောင်းလေ့ရှိတဲ့ အင်္ဂလန်တို့ ဒီပွဲမှာ ၃-၄-၂-၁ ကစားပုံနဲ့ ပွဲထွက် လာပါတယ်။ နောက်တန်းမှာ ဝေါလ်ကာ၊ ဒိုင်ယာ၊ မက်ဂွိုင်းယား၊ တောင်ပံနှစ်ဖက်မှာတော့ ထရန့်အာနိုးလ်နဲ့ ကီရန် ထရစ်ပီယာ၊ ကွင်းလယ် မှာ ဟန်ဒါဆင်၊ မေဆင်မောင့်၊ ဒီကလန်ရိုက်စ်၊ မားကပ်စ်ရက်ရှ်ဖိုဒ့်နဲ့ တိုက်စစ်မှာတော့ ဒေါမနစ်ကလဲဗက် လီဝင်း တစ်ဦးတည်းကို အထောင်ထားခဲ့ပါတယ်။ ဘယ်ဂျီယံကလည်း ၃-၄-၂-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး အထောင်တိုက်စစ်မှူး နေရာမှာ ရိုမယ်လူကာကူ၊ နောက်မှာတော့ ယန်ကစ် ကာရက်စ်ကို နဲ့ ကီဗင်ဒီဘရိုင်း၊ ကွင်းလယ်မှာ တိုင်လီမန့်စ်နဲ့ ဝစ်တ်ဆဲလ်၊ တောင်ပံနှစ်ဖက်မှာတော့ ကတ်စတန်ဂီနဲ့ သောမက်စ်မြူနီယာ၊ နောက်ခံလူတွေအဖြစ် ဘိုယာတာ၊ ဒီနေယာ၊ တိုဘီအန်ဒါဝီရယ် တို့ကိုအသုံးပြုလာခဲ့ပါတယ်။ ဂိုးသမားတွေ အဖြစ်  အင်္ဂလန်မှာ ဂျော်ဒန် ပစ်ခ်ဖို့ဒ်၊ ဘယ်ဂျီယံကတော့ နံပါတ် ၁ ဂိုးသမား ကော့တွိုက်စ် ဒဏ်ရာရနေလို့ မစ်ဂနိုလတ်ပဲ ပွဲထွက်လာပါတယ်။ ပွဲစတင်ချိန်ကတည်းက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့လို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာတော့ တောင်ပံကနေ သောမက်စ်မြူနီယာ ချိုးပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး ကာရက်စ်ကို အကောင်းဆုံး ကန်သွင်းခဲ့ပေမယ့် ကတ်စတန်ဂီ လူကျွံနေလို့ VAR ပြန်ကြည့်ပြီး ဂိုးအဖြစ် မသတ်မှတ် ခဲ့ပါဘူး။ အဲ့နောက် ဘယ်ဂျီယံတို့ ဆက်လက်ထိုးဖောက်လာခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကို အင်္ဂလန် နောက်တန်းက အဲရစ်ခ် ဒိုင်ယာ ဂိုးဧရိယာအတွင်းမှာ ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့ ပါတယ်။ ပင်နယ်တီကိုတော့ လူကာကူကပဲ အမှားအယွင်းမရှိကန်သွင်းခဲ့လို့ ဘယ်ဂျီယံတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။  အင်္ဂလန် တိုက်စစ်က ကလဲဗက်လီဝင်း အခွင့်ရေးတချို့ဖြုန်းတီးခဲ့ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ် ဟာလည်း ထိရောက်တဲ့ ထိုးဖောက်တိုက်စစ် ဆင်မှု မပြုလုပ်နိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၉ မိနစ်မှာတော့ အိမ်ရှင်တို့ ပင်နယ်တီပြန်ရခဲ့ပြီး ရက်ရှ်ဖို့ဒ်က သွင်းယူပေး ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း နှစ်သင်းစလုံး အပြန်အလှန်ရှိခဲ့ပေမယ့် ဘယ်ဂျီယံ တိုက်စစ်က ကာရက်စ်ကို အပိုင်အခွင့်အရေး တချို့ကို ဖြုန်းတီးပစ်ခဲ့လို့ သွင်းဂိုးရမယ့်အခွင့်အရေးတွေကနေ အကြိမ်ကြိမ် လွဲချော်နေခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး လူကာကူက လွဲလို့ ကျန်ကစားသမားတွေအကုန်လုံး ခြေစွမ်းမပြနိုင်ခဲ့သလို နည်းပြ မာတီနက်ဇ်ရဲ့ နည်းစနစ်ပိုင်း မှားယွင်းခဲ့ ပုံပေါ်ပါတယ်။ ပွဲကစားချိန် ၆၅ မိနစ်အရောက်မှာတော့  အင်္ဂလန်ကွင်းလယ်က မေဆင်မောင့်ရဲ့ လှပတဲ့ သွင်းဂိုးကြောင့်  အင်္ဂလန်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ မေဆင်မောင့် အနေနဲ့ ဂိုးဧရိယာထိပ်ကနေ ဂိုးသမား မစ်ဂနိုလတ်ကို ကျော်ပြီး ဂိုးထောင့်ထဲကို ကျော်သွင်းသွား  ခဲ့တာ လည်း ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ ပါတယ်။ အင်္ဂလန် အသင်းဟာ ပရိသတ်လုံးဝ ဝင်ခွင့်မပြုထားသေးတဲ့ ဝင်ဘာလေကွင်းကြီးထဲမှာ ပြီးခဲ့တဲ့ ရှုံးကြွေးတွေကို ပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါ တယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ကစားကွက်ရော လူထုတ်ပုံပါမှန်ကန်ခဲ့တယ်လို့ဆိုရမှာပါ။ နောက်ခံလူ ၃ ယောက်မှာ တော့ ကိုင်လီဝေါလ်ကာတစ်ဦးတည်း ခြေစွမ်းပြသွားနိုင်တာတွေ့ရပြီး ဒိုင်ယာနဲ့ မက်ဂွိုင်းယားတို့ရဲ့ ကစားပုံက အားရစရာတော့ မရှိသေးပါဘူး။ တောင်ပံမှာ ထရစ်ပီယာ အကောင်းဆုံးကစားသွားပြီး အခွင့်အရေး ၃ ကြိမ်ဖန်တီးပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ် သွားခဲ့ပါတယ်။ မေဆင်မောင့်ကတော့ သွင်းဂိုး ၁ဂိုး ရယူပေးခဲ့တယ်ဆိုပေမယ့် ခြေစွမ်းသိပ်မပြနိုင်ခဲ့သလို မျှော်လင့်ထားခဲ့တဲ့ ဒေါမနစ်ကလဲဗက်လီဝင်းရဲ့ စိတ်ပျက်စရာပါ။ ၆ ပွဲဆက်ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်မှူးကတော့ အပိုင်အခွင့်အရေး ၄ကြိမ် မှာ ၁ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဘယ်ဂျီယံရဲ့ လက်ရှိခြေစွမ်းကတော့ အဆိုးရွားကြီးမဟုတ်ပေမယ့် မာတီနက်ဇ်ရဲ့ နည်းစနစ် အမှားအယွင်း က ရှုံးပွဲရဲ့အဓိက အဖြေဖြစ်ခဲ့တာပါ။ လက်ရှိ ဖီဖာအဆင့် ရပ်တည်မှု ထိပ်ဆုံးမှာရှိနေတဲ့ အသင်းတစ်သင်းအတွက် အင်္ဂလန်နဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်ဟာ နှစ်နှစ်အတွင်း ပထမဦးဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ နေးရှင်းလိဂ် အုပ်စုပွဲစဉ် အဖြစ် အင်္ဂလန်က ဒိန်းမတ်နဲ့ ကစားဖို့ရှိသလို ဘယ်ဂျီယံ ကတော့ အိုက်စလန်နဲ့ ကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်