နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုဗစ်ရောဂါကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ နောက်ကျကျန်ရစ်ခဲ့တဲ့ လာလီဂါ

အောက်တိုဘာလ ၅ ရက်နေ့က ဥရောပဘောလုံးလောက အပြောင်းအရွှေ့အားလုံး ပိတ်သိမ်းခဲ့ပြီး ပရီးမီးယားလိဂ် အနေနဲ့ ကစားသမားခေါ်ယူမှု အတွက် ၁ ဘီလီယံကျော် သုံးစွဲပြီး ထိပ်ဆုံးက ဦးဆောင်ခဲ့သလို စီးရီးအေက ပေါင်သန်း ၆၀၀ ကျော်သုံးစွဲခဲ့ပါတယ်။ ကစားသမားအပြောင်းအရွှေ့နဲ့ ပတ်သတ်လို့စပိန်လာလီဂါဟာ ဒီနှစ်မှာတော့ ထူးထူးခြားခြားပဲ ငွေကြေးသိပ်ပြီး သုံးစွဲနို်ငခြင်းမရှိတာ တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ကိုဗစ်ကပ်ရောဂါကြောင့်လို့ သိရပြီး ကလပ်တွေ အနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေကို အရင်ဆုံး ထုတ်ရောင်းပြီးမှ ထပ်ပြီး ဝယ်ယူလို့ ရနိုင်မှာ ဖြစ်တာကြောင့်လာလီဂါ အနေနဲ့ အခုတစ်ခါ အပြောင်းအရွှေ့ ဈေးကွက်မှာ နောက်ကျ ကျန်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဘာစီလိုနာ

ဘာစီလိုနာ ကတော့ ကိုဗစ် ကပ်ရောဂါကြောင့် သူတို့အနေနဲ့ ပေါင်သန်း ၁၀၀ နီးပါးလောက် အရှုံးပေါ်ခဲ့တယ် ဆိုပြီးတော့ တရားဝင် ကြေညာထားခဲ့တာပါ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် လာလီဂါထိပ်သီးအနေနဲ့ ကစားသမားဟောင်း တချို့ကို ရောင်းထုတ်ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ကစားသမားသစ် တချို့ကို ခေါ်ယူဖို့လည်း ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကောလာဟလတွေနဲ့ ပဲ အဆုံးသတ်ခဲ့တာ တွေ့ရပါတယ်။ လိုင်ယွန်အသင်းက မန်းဖစ်ဒီပေးကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပေမယ့် လုပ်ခလစာ စည်းမျဉ်းအရ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပြီး တောင်ပံကစားသမား အူစမန်နီ ဒမ်ဘီလီကိုလည်း ယူနိုက်တက်နဲ့ သဘောတူညီမှု မရခဲ့လို့ ရောင်းထုတ် နိုင်ခြင်းမရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် နည်းပြသစ်‌ ရော်နယ်ကူးမန်း ရောက်ရှိလာချိန်မှာ  အဓိက ကစားသမား တော်တော်များများကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး ဆွာရက်ဇ်၊ အာတူရို ဗီဒယ်၊ ရာကီတစ်ချ်၊ ဆီမန်ဒို၊ ရာဖင်ဟာတို့လို ကစားသမားတွေကို ထွက်ခွာခွင့် ပေးခဲ့ပါတယ်။ ဆွာရက်ဇ်က အက်သလက်တီကို၊ ဗီဒယ်က အင်တာမီလန်၊ ဆီမန်ဒိုက ဝုဗ်၊ ရာကီတစ်ချ်က ဆီဗီလာ၊ ရာဖင်ဟာက ပီအက်စ်ဂျီတို့ကို ပြောင်းရွှေ့ သွားခဲ့ပါတယ်။ ကစားသမား အဝင်စာရင်းအရတော့ ဘရာဂါက ထရင်ကာအိုကို ပေါင် ၂၈ သန်း၊ ဂျူဗင်တပ်စ်က ပီယာနစ်ကို ပေါင်သန်း ၅၅ သန်း၊ ဆာဂျီနို ဒက်စ်ကို ၁၉ သန်း နဲ့ခေါ်ယူခဲ့ပြီး ပက်ဒရီ၊ မားသီးယက်စ် ဖာနန်ဒက်စ်၊ ဘရေ့ဝိတ်တို့ကိုလည်း ခေါ်ယူထားခဲ့ပါတယ်။

 

(BANNER)

 

ရီးရဲမက်ဒရစ်

ရီးရဲမက်ဒရစ်ကတော့  ကလပ်ရဲ့ ကုန်ကျစရိတ်တွေကို အနိမ့်ဆုံး လျှော့ချဖို့  စီမံကိန်းချ လုပ်ဆောင်နေတာဖြစ်လို့ ကစားသစ်ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ လုံးဝပါဝင် ပတ်သတ်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ လာလီဂါထိပ်သီးအနေနဲ့ အခုနောက်ပိုင်း နှစ်တွေမှာ ငွေသုံးစွဲမှု လျော့ချနေခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားတော်တော်များများကိုတော့ အငှားချတာတွေ အပြီးသတ်ရောင်းချတာတွေ ပြုလုပ်ခဲ့ပြီး ရက်ဂီလွန်ကို တော့တင်ဟမ်ဟော့စပါး၊ အော်စကာရိုဒရီဂွက်ဇ်ကို ဆီဗီလာ၊ အာချရက်ဖ် ဟာကီမီကို အင်တာမီလန်ဆီ အပြီးသတ်ရောင်းချခဲ့ပါတယ်။ ကူဘို၊ ဆယ်ဘာယော့စ်၊ ရိန်နီရာ၊ ဗယ်လီဂျို၊ ဘရာဟင်ဒီးရာ့ဇ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဂါရက်ဘေးလ်၊ မွန်ရိုဝယ်၊ တို့ကိုတော့ အငှားချထားခဲ့ပါတယ်။

လာလီဂါထိပ်သီးအနေနဲ့ အခုနောက်ပိုင်း နှစ်တွေမှာ ငွေသုံးစွဲမှု လျော့ချနေခဲ့တာလည်း ဖြစ်ပါတယ်။
အသင်းမှာရှိတဲ့ ကစားသမားတွေကိုသာ အပြီးသတ်ရောင်းချတာနဲ့ အငှားချတာတွေသာ ပြုလုပ်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ်

 

အက်သလက်တီကိုမက်ဒရစ်

အက်သလက်တီကို အသင်းကတော့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ်ကွင်းလယ် ကစားသမား လူးကပ်စ် တော်ရိုင်းရားကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် သောမက်စ်ပါတေး ကိုတော့ အာဆင်နယ် အသင်းဆီ ပေါင် ၄၅ သန်းနဲ့ လက်လွှတ်ထားခဲ့ ရပါတယ်။  အစောပိုင်းက မိုရာတာကို ဂျူဗင်တပ်စ်၊ အာရီးယက်စ်ကို လေဗာကူဆင်၊ နီကိုလာကယ်လီနစ် ကို ဟဲလက်စ်ဗီရိုနာ အသင်းတွေဆီ ရောင်းထုတ်ထားခဲ့ပြီး နာမည်ကြီး ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဇ်ဆွာရက်ဇ် ကို ဘာစီလိုနာ အသင်းဆီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ယန်နစ်ခ် ကာရက်စကိုကိုလည်း အသင်းဆီပြန်လည်ခေါ်ယူထားနိုင်ခဲ့ပါတယ်။

 

ဗီလာရီးရဲယ်

ဗီလာရီးရဲယ်အသင်းကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ကစားသမားတော်တော်များ ခေါ်ယူခဲ့တဲ့ စပိန်လာလီဂါ ကလပ်တစ်ခု ဖြစ်ပြီး ဗလင်စီယာက ကိုကွီလင်၊ ဒေါ့မန်က ပက်ကိုအဲလ်ကာဆာ၊ ဗလင်စီယာက ဒန်နီရယ် ပယ်ရီဂျို၊ ဆိုစီဒက်စ်က ဂျီရိုနီမို၊ ဝက်ဖိုဒ့်က ပါဗစ်အက်စ်တူပီနန်၊ ဘာစီလိုနာက ဂျော့ဂျ် ကူအန်ကာ တို့ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ အငှားအနေနဲ့ကတော့ တော့တင်ဟမ်က ဂျူအန်ဖွိုက်နဲ့ ရီးရဲယ်မက်ဒရစ်က ကူဘိုတို့ကို အငှားတွေနဲ့ ခေါ်ယူထားပါတယ်။ နည်းပြအန်မရီ အနေနဲ့ကတော့ ဒီရာသီမှာ ဗီလာရီးရဲယ်ကို ပြောင်းရွှေ့ကိုင်တွယ်ပြီး ကစားသမားသစ်ခေါ်ယူမှု အများအပြားပြုလုပ်ပြီး အသင်းကိုပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်