နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်တို့ သရေလောက်ပဲ မျှော်လင့်ခွင့်ရှိမယ့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အေ အုပ်စု ၂ ပွဲစဉ် ၃

အင်္ဂလန် vs ဘယ်ဂျီယံ

လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁နာရီ ၁၅မိနစ်မှာတော့ အင်္ဂလန် နဲ့ ဘယ်ဂျီယံ တို့ဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အေ အုပ်စု ၂ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အသင်းကြီး နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ် ရှိလာမယ့် ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး SBOTOP ဘောလုံးပရိသတ်တွေ အတွက် ကြိုတင်ခန့်မှန်း သုံးသပ်ပေး ချင်ပါတယ်။

အင်္ဂလန်တို့  ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ် နှစ်ပွဲကစားထားချိန်မှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စု ၂ ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အရှေ့နှစ်ပွဲမှာ အိုက်စလန်ကို အနိုင်ရပြီး ဒိန်းမတ်ကို သရေကျ ထား တာပါ။ အိုက်စလန်ကို ပွဲပြီးလို့ နာကျင်အချိန်ပိုမှာရတဲ့ ပင်နယ်တီဂိုးကြောင့် ကပ်အနိုင်ရခဲ့ပြီး ဒိန်းမတ်ကိုတော့ ခြေစွမ်း ပိုင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် သရေရလဒ်ရအောင် ကစားထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲ မှာတော့ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ အင်္ဂလန်တို့ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ နေးရှင်းလိဂ်မှာ ခြေစွမ်းပြပြီး တတိယဆုရရှိထားပေမယ့် ဒီနှစ်မှာတော့ ခြေစွမ်းပိုင်း လုံးဝအားရစရာ မရှိပါဘူး။ လက်တလော အင်္ဂလန်အသင်းမှာ ခြေစွမ်းကောင်းတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေ တော်တော်များများ ရှိနေပေ မယ့် စည်းကမ်းလိုက်နာတဲ့နေရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် နည်းပြ ဂါရက်ဆောက်ဂိတ်အနေနဲ့ အခုထက် ပိုပြီး တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ကိုင်တွယ်သင့်ပြီလို့  မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရွိုင်းကိန်းက တောင် ဝေဖန်ထောက်ပြ ထားခဲ့ပါတယ်။

ဘယ်ဂျီယံကတော့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ရဲ့ အုပ်စု အဖွင့်ပွဲစဉ် နှစ်ပွဲစလုံး အနိုင်ရရှိထားပြီး
ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ အုပ်စု အဆင့်နဲ့ ကျေနပ်ခဲ့ရတဲ့ ဘယ်ဂျီယံ

ဘယ်ဂျီယံကတော့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ရဲ့  အုပ်စု အဖွင့်ပွဲစဉ် နှစ်ပွဲစလုံး အနိုင်ရရှိထားပြီး ပထမပွဲမှာ ဒိန်းမတ် ကို ၂-၀နဲ့ အနိုင်ရခဲ့သလို ဒုတိယပွဲမှာလည်း အိုက်စလန်ကို ၅-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ် မှာတော့ ဘယ်ဂျီယံတို့ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်မယ့် အခွင့်ရေးပိုင်ဆိုင်ခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ဆွစ်ဇာလန်ကို ၅-၂ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ ပဲကျေနပ်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ဘယ်ဂျီယံတို့ရဲ့ အကောင်းပုံစံ ကို မြင်တွေ့နေရပြီး နိုင်ပွဲတွေ ဆက်တိုက်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်က အိုင်ဗရီကိုစ့်နဲ့ ခြေစမ်းပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ၁၂ ပွဲဆက်အနိုင်ရတဲ့ စံချိန်လည်း ရပ်တန့်ခဲ့ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ ကြည့်မယ်ဆိုရင် အင်္ဂလန်နဲ့ ဘယ်ဂျီယံတို့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုအဆင့်နဲ့ တတိယနေရာလုပွဲတို့မှာ တွေ့ဆုံထားခဲ့ကြပြီး ဘယ်ဂျီယံက နှစ်ကြိမ်စလုံး အနိုင်ရရှိထားပါတယ်။ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ မြင်တွေ့ရခဲတဲ့ ပုံစံကောင်းတစ်ခု ရခဲ့ပေမယ့် အဲ့အဒီအချိန်တုန်းကတောင် ဘယ်ဂျီယံကို သရေမကစား နိုင်ခဲ့ပါဘူး။ ဆောက်ဂိတ်အတွက် အင်္ဂလန် နဲ့ကိုက်ညီမယ့် ကစားကွက်ကို အခုထိ အဖြေရှာနေရဆဲဖြစ်လို့ အသင်းကြီးတွေနဲ့ တွေ့တိုင်း ရုံးကန်နေရပါတယ်။ ၄-၃-၃၊ ၄-၄-၂ ကစားကွက်ထက် ၃-၅-၂ ကစားကွက်က အင်္ဂလန်နဲ့ပိုပြီး အဆင်ပြေတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ အသင်းမှာ လက်ရှိအသုံးပြုနေတဲ့ ပထမပွဲထွက် ကစားသမားတွေထက် ဝေးလ်စ်နဲ့ ပွဲမှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို အသုံးပြုရင်တောင် ပိုအဆင်ပြေနိုင်ပါတယ်။ တစ်ချိန်က အဲဗာတန်နည်းပြဟောင်း ရောဘတ်တို မာတီနက်ဇ် ကိုင်တွယ်နေတဲ့ ဘယ်ဂျီယံမှာ ကမ္ဘာ့အဆင့်ရှိ ကစား သမားတွေ တော်တော်များများရှိနေတာ အားလုံး အသိပါ။ ဟယ်ရီကိန်း၊ ဆန်ချို၊ ရက်ရှ်ဖိုဒ့်၊ ဟန်ဒါဆင်၊ မက်ဂွိုင်းယားတို့ အင်္ဂလန်သားအုပ်စုကို လူကာကူ၊ တိုဘီအန်ဒါဝီရယ်၊ ကတ်စတန်ဂီ၊ ဒီဘရီုင်းနားတို့ ဘယ်ဂျီယံသား တွေ ကောင်းကောင်း ကြီး ယှဉ်နိုင်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အင်္ဂလန် vs ဘယ်ဂျီယံ 1X2 သရေ @ 3.15
အောက်တိုဘာလ ၁၁ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ ဆိုရင်တော့ အိမ်ရှင်အသင်းအတွက် ၂.၇၈ဆ ကြေးဖွင့်ပြီး ဧည့်သည် အသင်း ဘက် ကတော့  ၂.၄၉ဆ ကြေးဖွင့်ထားသလို သရေရလဒ် အတွက် ကိုတော့ ၃.၁၅ဆ အထိ ကြေးဖွင့် ထားပါတယ်။ ဒီပွဲမှာ အိမ်ရှင် အင်္ဂလန်အတွက် ဝင်ဘလေမှာ ကစားရတာကလွဲရင် အားသာချက်ဆိုတာ သိပ်မရှိပါဘူး။ ကစားသမား ကောင်းတွေ ပုံ အောနေပေမယ့်  အင်္ဂလန်ရဲ့ ကစားပုံတိုးတက်လာတာ မမြင်တွေ့ရသေးသလို ကစားသမားတွေအနေနဲ့လည်း နိုင်လို စိတ် ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။ ဘယ်ဂျီယံကတော့ ဟာဇက်ညီနောင် နဲ့ ကော်တိုရစ် မပါဝင်နိုင်တာကလွဲရင် အဓိက ကစားသမားတွေ အားလုံးပါဝင်လာ နိုင်မှာဖြစ်လို့  အင်္ဂလန်တို့ ရုံးကန်ရဦးမှာပါ။ အမြင့်ဆုံးသရေလောက်နဲ့ပဲ ပွဲပြီး သွား မယ်လို့ ယူဆရပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်