နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ်တူဂီမြေမှာ ဂိုးပြတ်သွင်းပြီး ဆီမီးဖိုင်နယ် လက်မှတ် စရံသတ်သွားတဲ့ ချဲလ်ဆီး – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ပေါ်တို ၀ – ၂ ချဲလ်ဆီး

ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်းပဲ သောမက်စ်တူဟယ်ရဲ့ ချဲလ်ဆီး ကတော့ ချေးလ်ဝဲလ်၊ မေဆင်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပေါ်တိုကို အဝေးကွင်းမှာ ၂ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် တက်ရောက်ခွင့် လက်မှတ်ကိုပါ စရံသတ်သွားခဲ့ပါပြီ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ အားအနည်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တို ကတော့ ချဲလ်ဆီးကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့လို့ အိမ်ကွင်းမှာ အားမတန် မာန်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တိုကတော့ ခံစစ်မှာ ပီပီ၊ ဘမ်ဘာ အတွဲဖက်နဲ့အတူ ၄-၄-၂ ကစားကွက်ကို သုံးပြီး ချဲလ်ဆီးကို ရင်ဆိုင်ခဲ့ပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ ကိုင်ဟာဗက်ဇ်၊ တီမိုဗာနာ၊ မေဆင်မောင့် တိုက်စစ်အားသန် ကစားသမားတွေကို ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ်မှာလည်း ကိုဗာချစ်၊ ဂျော်ဂျင်ဟို၊ တောင်ပံနှစ်ဖက်မှာ ချေးလ်ဝဲလ်၊ ဂျိမ်းစ်၊ ခံစစ်မှာတော့ ရူဒီဂါ၊ ခရစ္စတင်ဆင်၊ အက်ဇ်ပီလီကျူအာတာ တို့ ၃ ယောက်ထားပြီး ဂိုးမှာ မန်ဒီကိုပဲ အသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီး အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၃၂ မိနစ်နဲ့ ၈၅ မိနစ်တို့မှာ မေဆင်မောင့်နဲ့ ဘန်ချေးလ်ဝဲလ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ အားအနည်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တို ကတော့ ချဲလ်ဆီးကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့လို့ အိမ်ကွင်းမှာ အားမတန် မာန်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။
ရတဲ့အခွင့်အရေးကို ရသလို အသုံးချခဲ့လို့ ချန်ပီယံလိဂ် နိုင်ပွဲရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးတို့ ကျေနပ်လောက်စရာ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ တီမိုဗာနာနဲ့ ကိုင်ဟာဗက်ဇ်တို့ရဲ့ ခြေစွမ်းကတော့ စုတ်ပြတ် သတ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူစားဝင်လာတဲ့ ဂျီရူး၊ ပူလီဆစ်တို့ဟာလည်း ထူးထူးခြားခြား ဘာမှလုပ်မပြနိုင်ခဲ့တာကြောင့် ထုံးစံအတိုင်း ချဲလ်ဆီး ဂိုးလိုအပ်နေချိန်တိုင်း ကယ်တင်ပေးနေတဲ့ မေဆင်မောင့်နဲ့ ချေးလ်ဝဲလ်တို့ကပဲ ဂိုးတွေ သွင်းယူပေးခဲ့ရတာ ဖြစ်ပါတယ်။  မေဆန်မောင့် ရော  ချေးလ်ဝဲလ် ပါ ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးတွေ ရရှိခဲ့တာ ဖြစ်သလို မေဆင်မောင့်ဟာ ချယ်လ်ဆီး အတွက် ရှုံးထွက်အဆင့်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီး ဂိုးသမား မန်ဒီ အနေနဲ့လည်း ၇ ပွဲဆက် ပေးဂိုးမရှိ စံချိန်တင်ခဲ့သလို Open Play ကနေ ဂိုးမပေးရတာဟာ မိနစ် ၇၀၀ အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ထပ်တစ်ချက် ကတော့ နောက်ခံလူ ခရစ်စတင်ဆင်ဟာ သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံး ၁၁ ပွဲ (ကလပ်+လက်ရွေးစင်) ပေးဂိုးမရှိတဲ့ စံချိန်တစ်ခုလည်း ရရှိခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ လန်ဒန် ဒါဘီ ကစားဖို့ ရှိပြီး ပေါ်တို ကတော့ တွန်ဒဲလ်လာနဲ့ ပရီးမီးယားလီဂါ ကစားဖို့ရှိပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်